Wednesday 3 October 2012

အားတော့နာတယ်……….ဒါပေမဲ့ ပြောပေးပါဦး ကိုသူရ(ဇာဂနာ)ရေ


ကိုသူရ ရေ ..ကိုသူရရေ..လို့ ခွန်းကြီးခွန်းငယ်အော်ပြီး တိုင်တည်လိုက်ပါ ပြီ။ ဒီနေရာမှာ ကိုသူရ (နာမည်ကျော် လူ ရွှင်တော်(ကိုဇာဂနာ)နောက်က ““ရေ”” ဆိုတဲ့စကားလုံးထည့်လိုက်တာကိုတော့ ဦး စွာတောင်း ပန်ပါရစေ။ ဒါကလည်း နာမည်ကြီးဓမ္မကထိကဆရာတော်(ကြာနီကန် ဆရာတော် )ဟောပြော ခဲ့ဖူးတာမှတ်မိနေ လို့ပါ။ကြာနီကန်ဆရာတော်က လူတွေ ကြောက်လန့်ပြီး တအံ့တသြေ ယာင်ြေ ပာ ပြော ကြတဲ့အခါ ““ဘုရားရေ..ဘုရားရေ”” လို့ တကြသတဲ့။ ဒါ အင်မတန်ရိုင်းတဲ့ကိစ်္စ ပဲတဲ့။ ““မောင်ရေ”” ““မရေ”” ““တော်ရေ”” ““မိန်းမရေ”” ““ယောက်ျားရေ”” လို့အများ ပြောကြတဲ့ ““ရေ”” စကားလုံးကို ““ဘုရား”” နောက်ကကပ်ပြီး ““ဘုရားရေ””လို့ အရပ် ပြော၊သူငယ်ချင်းပြော ပြောတာရိုင်း တယ်တဲ့။ ဒါကြောင့် မို့ ကိုသူရ ရေ ကျွန်တော်ရိုင်းသွားရင်ခွင့်လွှတ်ပေးပါဗျာ။
ကျွန်တော် (၁၇.၉.၂၀၁၂)နေ့က ရေးပြီး Vol.1,No.46, 22.9.2012 နေ့က ထုတ်တဲ့ First Weekly မှာ ကျွန်တော့် ဆောင်းပါးကို ဆောင်းပါးရှည်ကြီးအဖြစ် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

တကယ်တော့ ဒီကိစ္စဟာ ကိုသူရနဲ့ မဆိုင်ပါဘူး။ ဒါပေမဲ့ ကိုသူရနဲ့က သွေးသားရင်းချာဖြစ်နေတဲ့ ကိုသူရရဲ့ အစ်ကိုဆိုတော့လည်း ကိုသူရကိုပဲတိုင် တည်ရတော့တာပေါ့။ ခွင့်လွှတ်ပါ ကိုသူရရေ။ (ကိုသူရ အစ်ကိုဖြစ်မှန်း Hot News မှသိရပါတယ်။ကိုသူရကိုဖုန်းနဲ့ ဆက်ပြီးပြောလို့ရပေမယ့် ဂျာနယ် မှာေ ဖာ် ပြခဲ့တော့ အားလုံးသိကုန်ပြီးပြဿနာ အချို့ ဂယက်ရိုက်ခဲ့ကာ အင်တာနက်မှာ ပါတက်ခဲ့လေတော့ ပိုဆိုး ကုန် လို့ ဒီလို ပြန်ရေးရတာပါ။)
ဖြစ်ရပုံက ဒီလို ကိုသူရရေ ဒီလို။
ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါး First Weekly မှာ စပါကတည်းက ကျွန်တော့်ကလောင်အမည် ““ဗညို ထွန်း”” ကို ““ဗ””ဖြုတ်ပြီး ““ညိုထွန်း””ဆိုပြီးပါလာတဲ့ အပြင် စာမျက်နှာအခက်အခဲကြောင့်ဆို ပြီး စာကြောင်း တချို့ဖြုတ်ပစ်တယ်ဗျာ။ အယ်ဒီတာချုပ် (ကို)အောင်စိုးသူက ဖြေ ရှင်းတာ ကော င်ြး ပီးတောင်းပန်လို့ရယ်၊ သူနဲ့ကျွန်တော်က ရင်းနှီးနေတာကြောင့် ရယ်လို့ သာ ပြဿနာကပြီးသွားခဲ့တာပါ။
အဲ ဂျာနယ်ဖြန့်ပြီး ညမှာပဲ မိုးသီးဇွန် ရဲ့လူနှစ်ယောက်က ဆောင်းပါးခေါင်းစဉ် ဖတ်ပြီး ဒေါသထွက်နေကြလို့ ““မင်းတို့ ကွာ၊ ဆောင်းပါးလည်း သေချာဖတ်ကြည့် ကြပါဦး””လို့ ပြောယူခဲ့ရပါတယ်။အခု လည်း ဒီဆောင်း ပါးက ကျွန်တော်ကို ထပ် ပြီးမွှေပြန်ပြီ ကိုသူရရေ..။
ကျွန်တော်ရေးခဲ့တဲ့ဆောင်းပါးရဲ့ ခေါင်းစဉ်က ““မိုးသီးဇွန် စကားကျွံပြန်ပြီ။”” အခု (ကို)ညီညီကျော်ရေး ထားတဲ့ ခေါင်း စဉ်က““ညီလေး မိုးသီးဇွန် စကားကျွံခဲ့ပြီ လား””တဲ့။ကျွန်တော့် နိဒါန်းသုံးပိုဒ်မြောက် မှာ ကျွန်ေ တ်ာရေး ခဲ့တာက-
““စနစ်တစ်ခုမှတစ်ခု(သို့မဟုတ်) ခေတ်တစ်ခေတ်မှတစ်ခေတ်သို့ အပြောင်း အလဲစတင်ချိန်တွင် လွန်ခဲ့သော စနစ် ဟောင်း(သို့မဟုတ်)ခေတ်ဟောင်း၏ အငွေ့အသက်မျိုးစုံ ရိုက်ခတ်တတ်သည် မှာ လက်တွေ့ အရှိတရားတစ်ခုဖြစ်ပါသည်”” တဲ့။
ကိုသူရအစ်ကိုရေးထားတဲ့ Hot News မှာပါတဲ့ ဆောင်းပါးရဲ့နိဒါန်းဒုတိ ယမြောက်အပိုဒ်မှာ-
““စနစ်တစ်ခုမှ တစ်ခု(ဒါမှမဟုတ်) ခေတ်တစ်ခေတ်မှ ခေတ်တစ်ခေတ်ကို အပြောင်းအလဲ စတင်ချိန်မှာ လွန်ခဲ့တဲ့ စနစ်ဟောင်း(သို့မဟုတ်) ခေတ်ဟောင်း ရဲ့ အငွေ့အသက်မျိုးစုံရိုက်ခတ်တတ်တာ လက်တွေ့ အရှိတရားတစ်ခုဖြစ်ပါတယ်”” လို့ ရေးထားပါတယ်။မခက်လားဗျာ.. ဆက်ပြီး-
““ဒီသဘောလေးကို ညီလေးမယုံဘူး ဆိုရင် ကားတစ်စီးငှားပြီး ရန်ကုန်မြို့ကို-တစ်မနက်လောက် ပတ်ကြည့်ပါ။လူတွေ ရဲ့အနေအထား၊ကားမျိုးစုံရဲ့ အခြေအနေ၊ လမ်းတွေဖြစ်ပျက်နေပုံ၊ ၀န်ထမ်းတွေရဲ့ စိတ်နေသဘာဝတွေကို ညီလေးလက်တွေ့ မြင်ရ သိရတွေ့ရပါလိမ့်မယ်””လို့ ရေးထား ပြန်ရော..။
ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးမှာက-
““သူငယ်ချင်း ဒီသဘောလေးကို မယုံရင် ကက တစ်စီးငှားပြီး ရန်ကုန်မြို့ ကို တစ်မနက်ေ လာက် ပတ်ကြည့်ပါ။လူတွေ ရဲ့ အနေအထား၊ကားမျိုးစုံရဲ့အခြေအနေ၊ လမ်းတွေဖြစ်ပျက်နေပုံ၊ ၀န်ထမ်းတွေရဲ့ စိတ်နေ သဘာဝကို မင်းလက်တွေ့၊မြင်ရ၊ သိရ၊တွေ့ရလိမ့်မယ်””လို့ ရေးခဲ့ပါတယ်။ ဆက်ပြီး ကျွန်တော့်ဆောင်း ပါးမှာ ကျွန်တော်က-
““တို့နိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင် ဦးစကာလမှာ ပြည်မကြီးတရုတ်မှာလုပ် ခဲ့သလို ယဉ်ကျေး မှုတော်လှန်ရေးလောက် မပြင်းထန်တဲ့ လှုပ်ရှားမှုတစ်ခုလုပ်လိုက် ရင် သင့်မလားလို့တောင် ငါတွေးကြည့် ခဲ့ဖူးတယ်။ငါတို့ ကိုယ်၌ကအစ ပြည်သူ တွေအားလုံးရဲ့ စိတ်ဓာတ်နဲ့ ယဉ်ကျေးမှု တချို့ကို ဒီမိုကရေစီ ဘီးစိပ်နဲ့ တိုက်ချ သင့်တာကတော့ အမှန်ပဲသူငယ်ချင်း””လို့ ရေးခဲ့ပါတယ်။ ဒါကိုလည်း ကိုသူရရဲ့ အစ်ကိုက
““တို့နိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင် ဦးစကာလမှာ ပြည်မကြီးတရုတ် လုပ်ခဲ့ သလို ယဉ်ကျေး မှုတော်လှန်ရေးလောက် မပြင်းထန်တဲ့ လှုပ်ရှားမှုတစ်ခု လုပ်လိုက် ရင် သင့်မလားလို့ တွေးကြည့်ခဲ့ဖူးတယ်။ တို့ကိုယ်၌ကအစ ပြည်သူတွေအားလုံးရဲ့ စိတ်ဓာတ်နဲ့ယဉ်ကျေးမှု တချို့ကို ဒီမို ကရေစီဘီးစိပ်နဲ့ တိုက် ချသင့်တာ အမှန်ပဲ ညီလေး””လို့ ဆက်ပြီး ဖော်ပြရေးသားပါ လေရော။ ဒါတင် မပြီးသေးဘူး ကိုသူရ ရေ…။ ကျွန်တော်က-
““ငါငယ်ငယ်က ခဏခဏ ပြောခဲ့ပါ တယ်။ ငါ့အသိကိုပေါ့။ အဲဒါက လူဆို တာ (တို့နိုင်ငံရေးလုပ်နေဆဲလူတွေကို ပြောတာ)ရှင်းသုံးရှင်းကို သိနားလည်ရ မယ်။ ရှင်းသုံးရှင်းဆိုတာက (၁) အမြင် ရှင်းရမယ်၊ (၂) အတွေးရှင်းရမယ်၊ (၃) အလုပ်(ဆုံးဖြတ်ချက်) ရှင်းရမယ်လို့””
““ဒီလို ရှင်းသုံးရှင်းကို သိနားလည် ပြီး ဆုံးဖြတ်ဖို့ဆိုတာကလည်း လက်တွေ့ ဖြစ်နေဆဲ ပကတိအရှိ တရားကို မှန်မှန် သိမြင်ဖို့ အထူးလိုအပ်ပါတယ် သူငယ် ချင်း””လို့ ရေးခဲ့တာကို-
““တို့ခဏခဏ ပြောဖူးပါတယ်။ လူဆိုတာ (နိုင်ငံရေးလုပ်နေဆဲလူတွေကို ပြောတာ)ရှင်းသုံးရှင်းကို သိနား လည်ရ မယ်။ ရှင်းသုံးရှင်းဆိုတာ (၁) အမြင်ရှင်း ရမယ်၊ (၂) အတွေးရှင်းရမယ်၊ (၃) အလုပ်(ဆုံးဖြတ်ချက်) ရှင်းရမယ်””လို့။
““ဒီလို ရှင်းသုံးရှင်းကို သိနားလည် ပြီး ဆုံးဖြတ်ဖို့ဆိုတာကလည်း လက်တွေ့ ဖြစ်နေဆဲ ပကတိ အရှိတရားကို မှန်မှန် သိမြင်ဖို့ အထူးလိုအပ်ပါတယ် ညီလေး”” လို့ တစ်မျိုးပြင်ရေးထားသလို-
မိုးသီးဇွန်က တံတိုင်းခတ်ရမယ်လို့ ဆိုထားတဲ့ စကားတွေကို ကျွန်တော်က-
““ဒီလိုစကားမျိုးကျတော့ ငါက ကြိုက်ပြန်ရော။ ငါလည်း တံတိုင်းခတ်ဖို့ ပြောခဲ့ဖူးတာကိုး။ (ရိုးသားစွာ ၀န်ခံရလျှင် အဲဒီဒေသတွေရဲ့ ပထ၀ီအနေအထား အရ တံတိုင်းခတ်၍ ရလား၊ မရလား ကျွန်တော် မသိပါ။ ထပ်၍ ၀န်ခံရလျှင် ကျွန်တော် မရောက်ဖူးပါ။ ရောက်ဖူးချင် ပါတယ်။ ကျွန်တော့်မှာ အသိပဲ ရှိပါ တယ်)””လို့ ရေးခဲ့ပါတယ်။ ဒီအချက်ကို-
““ဒီလိုစကားမျိုးကျတော့ ငါက ကြိုက်ပြန်ရော။ တံတိုင်းခတ်ဖို့ ပြောခဲ့ဖူး ပါတယ်။ အဲဒီဒေသရဲ့ ပထ၀ီအနေ အထား အရ တံတိုင်းခတ်လို့ ရသလား၊ မရဘူးလား ငါမသိဘူး။ မရောက်ဖူးပါ။ စာသိပဲ ငါ့မှာရှိပါတယ်””လို့ တစ်ဖုံ ပြင် ရေးထားပြန်ရော…။
ဒါနဲ့တင် မပြီးသေးပါဘူး။ ဆက်ပြီး သူက ကျွန်တော့်စာတွေကို ဆက်ပြီး ကူး ချပြန်ပါတယ်။ ကျွန်တော်   ရေးခဲ့ တာတွေ က ဒီလိုပါ…။
““ဒါနဲ့ ငါဆက်ပြီး စဉ်းစားကြည့်မိ တယ်သူငယ်ချင်း…။ စကားမှားတတ် သူ၊ စကားကျွံတတ် သူတွေ အကြောင်း၊ပွင့်လင်းရိုးသားလွန်းသူတွေ တစ် နည်း ရိုးအလွန်းသူတွေ စကားမှားတတ် တယ်။
စိတ်လှုပ်ရှားလွန်းနေသူတွေ စိတ် ပိုင်းဆိုင်ရာတစ်ခုခု (ဥပမာ ဒေါသဖြစ် လွန်းနေချိန်၊ ၀မ်းနည်းလွန်းနေချိန်၊ တစ် နည်း ပုံမှန်စိတ်မဟုတ်တဲ့အချိန်) အား နည်းနေချိန်တွေမှာ စကားမှားတတ် တယ်။သတိ ဒါမှမ ဟုတ် အသိဉာဏ်အား နည်းသူတွေ စကားမှားတတ်တယ်။
(ကျွန်တော့်စာထဲက အောက်တစ် ပိုဒ်ကျော်မှာ ဆက်ပြီး)
““မင်းကို သက်သက်ညှာညှာ ကောက်ချက်ဆွဲရရင် ရိုးသားပွင့်လင်းတဲ့ အမျိုးအစားထဲမှာ ပါတယ်လို့ ပြော ရမှာ ပါပဲ””လို့ ကျွန်တော် ရေးခဲ့တာကို-
““နောက်ဆက်ပြီး ကိုယ်စဉ်းစား ကြည့်မိတယ်။ စကားမှားတတ်သူတွေ၊ စကားကျွံတတ် သူတွေ အကြောင်းပေါ့။ ပွင့်လင်းရိုးသားလွန်းသူ၊ စိတ်ပိုင်းဆိုင်ရာ တစ်ခုခု(ဥပမာ-ဒေါသဖြစ်ချိန်၊ ၀မ်းနည်း လွန်းချိန်၊ တစ်နည်း ပုံမှန်စိတ်မဟုတ်တဲ့ အချိန်) အားနည်းနေချိန်တွေမှာ စကား မှားတတ်တယ်။ အသိဉာဏ်အား နည်း သူတွေလည်း စကားမှားတတ်တယ်။ ညီလေးရယ် မင်းကို သက်သက်ညှာညှာ ကောက်ချက်ဆွဲရရင် ရိုးသားပွင့်လင်း လွန်းတဲ့ အမျိုးအစားထဲမှာ ပါတယ်လို့ ပြောရမှာပါပဲ””လို့ တစ်နည်း ကူး ချပြုပြင် ရေးပြပြန်ပါရော။ ဒီမှာထ့ပ်ပြီး မပြီးသေး ပါဘူး။ ကျွန်တော်ရေးထားတာက-
““တို့နိုင်ငံအကြောင်း ပြောတော့ မယ်ဆို မင်းသတိထားပါ။ နိုင်ငံတကာမှာ မင်းကြုံခဲ့ရ၊ တွေ့ခဲ့ရတဲ့ စံနှုန်းေ တွ၊ ပေတံ တွေနဲ့ တိုင်းထွာပြီး မပြောပါနဲ့လား။ ဘာ ဖြစ်လို့လဲဆိုတော့ တို့နိုင်ငံရဲ့အနေအထား အခြေအနေေ တွက ထူးကဲဒီမိုကရေစီ လေကွာ။ မင်းသဘောပေါက်မှာပါနော်။ စကားတစ် ခွန်း ပြောတော့မယ်ဆိုရင် မပြောမီစဉ်းစား၊ ပြောစဉ်စဉ်းစား၊ ပြော ပြီးစဉ်းစားလို့ပဲ သတိပေးလိုက်ပါရစေ။ (စာကြွင်း-မင်းရဲ့ ဂြိုဟ်တိုင်တွေကို မင်းနဲ့ လည်း သိကျွမ်းတဲ့ ဆရာစံဇာဏီဘိုဆီ သွားပြီး စစ်ဆေး တွက်ချက်ကြည့်ပါဦး လား သူငယ်ချင်း)””လို့ ကျွန်တော် နိဂုံး ချုပ်ရေးသားခဲ့တာကိုလည်း သူက-
““တို့နိုင်ငံအကြောင်း ပြောတော့ မယ်ဆို မင်းကြုံခဲ့ရ၊ တွေ့ခဲ့ရတဲ့ စံနှုန်းတွေ၊ ပေတံတွေနဲ့ တိုင်းထွာပြီး မပြောပါနဲ့ ကွာ။ ဘာဖြစ်လို့လဲဆိုတော့ တို့နိုင်ငံရဲ့ အနေ အထား အခြေအနေတွေက ထူးကဲဒီမို ကရေစီကာ လလေကွာ။ ညီလေး သဘောပေါက်မှာပါနော်။ စကားတစ် ခွန်းပြောတော့မယ်ဆိုရင် မပြောမီစဉ်း စား၊ ပြောစဉ် စဉ်းစား၊ ပြောပြီး စဉ်းစား လို့ပဲ သတိပေးလိုက်ချင်ပါတယ်ကွာ”” တဲ့ သူ့ နိဂုံးချုပ် စာ ပိုဒ်ကလည်း-
““ဂြိုဟ်တိုင်တွေကို ညီလေးနဲ့ သိကျွမ်းတဲ့ ဆရာစံဇာဏီဘိုဆီသွားပြီး စစ်ဆေးတွက်ချက်ကြည့်ပါကွာ””တဲ့။
ဒီလောက်များပြားတဲ့အကြောင်း (ကူးယူစာပိုဒ်များ)တွေက တိုက်ဆိုင်မှု မဟုတ်တော့ဘူး ကိုသူရရေ…။ ကိုသူ ရ အစ်ကိုကို ကြည့်ပြောပေးပါဦး။
ကျွန်တော်ဆိုရင် (ကျွန်တော်နဲ့ ငှက် ပျောကြော်နဲ့) ကိုသူရတို့ရဲ့အဖေ (ဆရာ နန်းညွန့်ဆွေ)နာရေးမှာ ဗီဒီယို ကူညီ စီစဉ်ရိုက်ကူးပေးခဲ့ပါတယ်။ ကျွန်တော်နဲ့ ခင်မင်သူတချို့က ““နာရေးလည်း မင်းက ဒါရိုက်တာ လုပ်တာပဲ””လို့ စကြ, နောက် ကြပါသေးတယ်။ ကိုသူရမျက်နှာကြီးကို မြင်ပြီး ကျွန်တော် တက်တက်ကြွကြွ ရိုက်ကူးတည်းဖြတ်ပေးခဲ့တာပါ။ အခု တော့ ကျွန်တော် စိတ်မကောင်းဖြစ်ရပါ ပြီ။ သူရရဲ့အစ်ကို ““ကိုညီ ညီကျော်””ရေးပြ၊ ကူးပြခဲ့တဲ့ ဆောင်းပါးရဲ့ ဂယက်တွေကို ကျွန်တော် ရေးပြပါမယ်။
အဲဒီဆောင်းပါးကို ကျွန်တော်က ကလောင်အမည်ခွဲနဲ့ ပြန်ရေးတာလားလို့ ထင်မြင်ကြပြီး ကျွန်တော့် ကို မေးကြပါ တယ်။ ကျွန်တော်က မဟုတ်ကြောင်း ပြန်ဖြေရှင်းရပါတယ်။
အဲဒီဆောင်းပါးကို ကျွန်တော်က ပြန်ရေးတယ်လို့ထင်ကြပြီး အဲဒီဆောင်း ပါးထဲက စာသားတ ချို့တွေကြောင့် ကျွန် တော်နဲ့ မိုးသီးဇွန်တို့ ဆက်ဆံရေးကို ထိခိုက်ပါတယ်။
(ကို)ညီညီကျော်ဆိုတာကို ကိုသူရ အစ်ကိုမှန်း မိုးသီးဇွန်သိသွားရင် ကိုသူရ နဲ့ မိုးသီးဇွန်တို့ရဲ့ ဆက်ဆံရေး လည်း ထိ ခိုက်သွားနိုင်ပါတယ်။
အဲဒီဆောင်းပါးက အင်တာနက် သစ်ထူးလွင် ၀က်ဘ်ဆိုက်မှာ တင်ထား လို့ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားပါပြီ။ ကိုသူရ သတိထားဖို့ ပြောတာပါ။
ပြီးတော့ ဒီလို (ကို)““ညီညီကျော်”” အမည်နဲ့ ရေးလိုက်တော့ မြောက်ပိုင်း ပါဂျောင်ကိစ္စကို ပြောနေတဲ့ မန္တလေးက (ကို)““ညီညီကျော်”” ထင်ကြပြီး ဂယက်တွေ ရိုက်နိုင်ပါတယ်။
ဒီလို (ကို)ညီညီကျော်က ကျွန်တော့် ဆောင်းပါးရဲ့ စကားလုံးများကို ကူးယူ ဖော်ပြလိုက်တော့ ကိုသူရတို့ မိဘများရဲ့ ဂုဏ်သိက္ခာနှင့် ကိုသူရရဲ့ဂုဏ်သိက္ခာကို အလွန်ထိခိုက်ပါတယ်။ ဒီတော့ ကိုသူရ ရေ…ဆွေမျိုး ဆိုတာ မတော်လို့(စကား အရ)ရပေမယ့် သွေးကမတော်လို့ မရ တာ ကိုသူရလည်း အသိပဲလေ။ ကိုသူရ အစ်ကိုကို ပြောပေးပါဦးလို့ ထပ်ကာ ထပ်ကာ ကျွန်တော် ပြောရပါလေပြီ။
အဲဒီ (ကို)ညီညီကျော်ရဲ့ ဆောင်းပါး အတွက် ဒုတိယတာဝန်ကြီးပြီး အဓိက တာဝန်ရှိသူတွေကတော့ Hot News အယ်ဒီတာတွေပါပဲ။ ဘယ့်နှယ်ဗျာ ၂၂-၉-၂၀၁၂ နေ့က First News ဂျာနယ်မှာ ကူးယူဖော်ပြတာကို မသိကြဘူးဆိုတော့ ကျွန်တော်လည်း အံ့သြမိပါရဲ့။ ““Hot News ဂျာနယ်အဖွဲ့သားတွေမှာ တခြား ထွက်ရှိတဲ့ ဂျာနယ်တွေကို ဖတ်ရှုဖို့ သုတေသနအဖွဲ့ မရှိကြဘူးလား””လို့သာ အယ်ဒီတာချုပ်(ဒေါ်)မမနှင့် အယ်ဒီတာ အဖွဲ့တွေကို အားနာပါးနာနဲ့ မေးလိုက် ချင်ပါတော့တယ်ဗျာ…။


ဗညိုထွန်း
ref: The Hot News

No comments:

Post a Comment