Wednesday 3 October 2012

လစ်ဗျားတွင်သေဆုံးသွားသောအမေရိကန်သံအမတ်၏ လုံခြုံရေးတိုးမြှင့်ပေးရန်တောင်းခံမှုကို အမေရိကန်အစိုးရငြင်းပယ်ခဲ့

ဝါရှင်တန်၊အောက်တိုဘာ - ၃


လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့၌ စက်တင်ဘာလက အကြမ်းဖက်တိုက်ခိုက်ခံရပြီးသေဆုံးသွားသော အမေရိ ကန် သံအမတ်က လုံခြုံရေးတိုးမြှင့်ပေးရန် အမေရိကန်အစိုးရကို တောင်းခံခဲ့သော်လည်း အမေရိကန် အစိုးရ က ၎င်း၏တောင်းခံချက်ကို ငြင်းပယ်ခဲ့သည်ကိုတွေ့ရှိရကြောင်း အမေရိကန်ကွန်ဂရက် လွှတ်တော်ေ ခါင်းဆောင်များ၏ပြောကြားချက်ကို အယ်လ်ဂျာဇီးယားသတင်းတွင်ဖော်ပြထားသည်။
စက်တင်ဘာ ၁၁ ရက်နေ့က လစ်ဗျားနိုင်ငံဘန်ဂါဇီမြို့တွင် ဖြစ်ပွားခဲ့သည်အခြေအနေများအကြောင်းကို တိုက်ရိုက် သိရှိသော ပုဂ္ဂိုလ်များထံမှ သတင်းအချက်အလက်များရရှိထားကြောင်းကိုလည်း အမေရိ ကန်အောက် လွှတ်တော် အစိုးရပြုပြင်ပြောင်းလဲမှုများနှင့်အစိုးရအပေါ်စောင့်ကြည်လေ့လာရေးကော်မတီ (House Oversight and Government Reform Committee)တာဝန်ရှိသူများကပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန်အစိုးရက ရေငုံနှုတ်ပိတ်လျက်ရှိကြောင်းကိုလည်း ဝါရှင်တန်ရှိ အယ်လ် ဂျာဇီးယားသတင်းထောက် ကင်ဘာလီ ဟဲကတ်ကပြောကြားသည်။

လစ်ဗျားတွင်အသတ်ခံခဲ့ရသော အမေရိကန်သံအမတ် ကိစ္စနှင့်ပတ်သက်၍မေမြန်းသည့်အခါတိုင်း လစ်ဗျား သံအမတ်ထံမှ လုံခြုံရေးတိုးမြှင့်ပေးရန်တောင်းခံခဲ့ခြင်းမျိုးမရှိပါဟုသာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကဖြေကြားခဲ့ကြောင်း၊ အယ်လ်ဂျာဇီးယား သတင်းထောက် ဟဲကတ်ကပြောကြားသည်။

သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ ရီဘတ်ပလီကန်အများစုလွှမ်းမိုးထားသော အမေရိကန်အောက် လွှတ်တော် အစိုးရပြုပြင်ပြောင်းလဲမှုများနှင့်အစိုးရအပေါ်စောင့်ကြည်လေ့လာရေးကော်မတီ (House Oversight and Government Reform Committee)အနေဖြင့် ဝန်ထမ်းအချို့က ၎င်းးတို့ကို သီးသန့် သတင်းပေးပြောကြားချက်များလက်ခံရရှိထားသည်ကိုသိရှိရကြောင်းအဆိုပါသတင်းထောက် ကပြောကြား သည်။

လစ်ဗျားတွင် စက်တင်ဘာ ၁၁ ရက်နေ့တိုက်ခိုက်မှုမတိုင်ခင် ၆ လအတွင်း လစ်ဗျားသံတမန်ထံသို့ ခြိမ်းခြောက်မှု ၁၃ ခုထိရှိခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းထောက် ဟဲကတ်ကပြောကြားသည်။

လစ်ဗျားရှိအမေရိကန်သံရုံးမှ လုံခြုံရေးထပ်မံတိုးမြှင့်ပေးရန်တောင်းခံမှုနှင့်ပတ်သက်၍ အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အသေးစိတ်အချက်အလက်များဖြေကြားပေးရန် အမေရန်ကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်ကို အထက်ပါကော်မတီ ဥက္ကဋ္ဌ ဒါရဲလ် အီဆာ ကစာဖြင့်ရေးသားပေး ပို့ထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်အနေဖြင့်အထက်ပါလွှတ်တော်ကော်မတီ ကို အောက် တို ဘာလ ၁၀ရက်နေ့ ပြန်လည်ဖြေကြားမည်ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဗစ်တိုးရီး ယားနျူ လန်ကပြောကြားသည်။

REF: The Voice Weekly

No comments:

Post a Comment