Wednesday 3 October 2012

တောင်ကြီးတွင် ဆောက်လက်စ အဆောက်အဦး ငြမ်းပြိုကျ၊ လူ ၁၁ ဦးသေဆုံး




ယနေ့(၃.၁၀.၂၀၁၂) ညနေ (၃)နာရီဝန်းကျင် ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ပြည်တော်သာ ရပ်ကွက်၊ကြံ့ခိုင်ရေးလမ်းတွင် ဆောက်လုပ်လျှက်ရှိသော မန္တလေးဆေးရုံတွင် ငြမ်းပြိုကျကာ လူ(၁၁)ဦးခန့် on the spot သေဆုံးသွားကြောင်းသိရပါသည်။
သေဆုံးသွားသူများထဲတွင် ရွှေတောင်ရပ်ကွက်နဲ့ ချမ်းမြသာစည်ရပ်ကွက်တွင် နေထိုင်သူများ အများဆုံး ပါဝ င်ကြောင်းသိရသည်။

တည်ဆောက်လက်စ မန္တလာဆေးရုံ သည် (၇)ထပ် မြင့်သော အဆောက်အဦးဖြစ်ကြောင်းသိရသည်။
ငြမ်းပြိုကျကာ ဒဏ်ရာရရှိသူများကို အရေးပေါ် ကုသရန် ဗိုလ်ချုပ်လမ်း(မိန်းလမ်း)တွင် ရှိသော မႏၱလာေ ဆးရုံေ ဟာင်း က လက်မခံကြောင်းနှင့် မန္တလာဆေးရုံဟောင်းသို့ သယ်သွားသောလူနာတစ်ဦး လမ်းမှာ ပဲသေ ဆုံးသွားကြောင်းသိရသည်။
ref: News of Myanmar

No comments:

Post a Comment