Wednesday, 3 October 2012

မြန်မာနှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့တို့ နယ်စပ်တွင် တွေ့ဆုံ -

နှစ်နိုင်ငံ အလံတင် တပ်မှူး အဆင့် ဆွေးနွေးပွဲကို မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ အကြား ယမန်နေ့က ဘင်္ဂလားဒေခ်ျ့ အပိုင် နယ်စပ် ကျေးရွာ တစ်ခု ဖြစ်သော ခေါင်းတုံး တွင် ပြုလုပ်ခဲ့ သည်။
နစကနှင့် ဘီဂျီဘီ တပ်မှူးများ ယခုလို မကြာခဏ တွေ့ဆုံကြသည်။

ကော့စ်ဘဇားတောင်ပိုင်းတွင် တည်ရှိသော အိုကီးယားမြို့နယ် ခေါင်တုံးရွာ အစိုးရ မူလတန်းကျောင်းတွင် ၎င်းတပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် ပုံမှန် ဆွေးနွေးနေကျ ဖြစ်သည့် မြန်မာနိုင်ငံဘက်မှ မွတ်လင်များ ဘင်္ဂလာသို့ ၀င်ေ ရာက်နေ သည့် ကိစ္စ၊ ယာဘားဆေးများ ၀င်ရောက်နေသည့် ကိစ္စနှင့် မှောင်ခို တားဆီးရေး ကိစ္စများ ကို ဆွေးနွေးခဲ့ကြ သည်ဟု ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ နယ်ခြားစောင့် (ဘီဂျီဘီ) တပ်ဖွဲ့နှင့် နီးစပ်သူ က ပြော သည်။

စစ်တွေထောင်မှ များမကြာခင် လွှတ်ပေးလိုက်သည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂၃၈ ယောက်ကို လွှဲပြောင်း ပေးအပ်ရန် မြန်မာဘက်က ပြောဆိုခဲ့ကြောင်း ဘင်္ဂလာအရာရှိများက ထုတ်ဖေါ်ပြောခဲ့သည်ဟု ဘင်္ဂလာ ဘီဂျီဘီ နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိများက ပြောဆိုသည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်က နယ်စပ်ဒေသ လူဝင်မူ ကွပ်ကဲရေး ဌာနချုပ် (နစက) နယ်မြေ (၃) တပ်မှူး ဦးဆောင်သော ကိုယ်စားလှယ် ၁၁ ဦး တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘီဂျီဘီ အမှတ် (၁၇) နယ်ခြားစောင့်တပ်မှူး ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်ခဲ့သည်။
 
ref:narinjara

No comments:

Post a Comment