Wednesday 3 October 2012

အပြီးသတ် လူစာရင်းတွင် ကျော်ကိုကို၊ ရန်ပိုင်၊ ရာဇာဝင်းသိန်း၊ မင်းမင်းသူတို့ ပါဝင်နိုင်ဖွယ် မရှိကြောင်း သတင်းများ ထွက်ပေါ်

ဆူဇူကီး ဖလား ခြေစစ်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေး အသင်း၏ အပြီးသတ် လူစာရင်းကို ထုတ်ပြန်နိုင်ခြင်း မရှိသေး သော်လည်း ထွက်ပေါ်နေသည့် သတင်းများ အရ ၀ါရင့် ကစားသမား များ ဖြစ် သည့် ကွင်းလယ်လူ ရာဇာဝင်းသိန်းနှင့် မင်းမင်းသူတို့မှာ အပြီးသတ် လူစာရင်းတွင် ပါဝင်နိုင်ဖွယ် မရှိကြောင်း သိရသည်။ အဆိုပါ ကစားသမား နှစ်ဦးအပြင် အသင်းအတွက် အရေးပါသည့် တိုက်စစ် မှူး နှစ်ဦးဖြစ်သည့် ရန်ပိုင်နှင့် ကျော်ကိုကို တို့မှာလည်း ရရှိထားသည့် ဒဏ်ရာများမှ အသီးသီး သက် သာ လာခြင်း မရှိသေး သောကြောင့် အပြီးသတ် လူစာရင်းတွင် ပါဝင်လာနိုင်ခြေ မရှိတော့ကြောင်း သိရသည်။ ထို့အပြင်ဂိုးသမား (၃)ဦးအနက်မှ တတိယ ဂိုးသမား မျိုးမင်းလတ်မှာလည်း အသင်းသို့ ပြန်ရဖွယ် ရှိနေကြောင်း သိရသည်။
ဝါရင့်ကွင်းလယ် ကစားသမားများ ဖြစ်သည့် ရန်ကုန် ယူနိုက်တက် ကွင်းလယ်လူ ရာဇာဝင်းသိန်းနှင့် ဧရာဝတီ ယူနိုက်တက် ကွင်းလယ်လူ မင်းမင်းသူတို့မှာ နည်းပြချုပ် ပတ်ဆောင်ဟွာ ၏ ကျေနပ် နှစ်သက် မှုကို မရရှိသောကြောင့် အပြီးသတ် လူစာရင်းတွင် ပါဝင် လာနိုင်ဖွယ် မရှိခြင်း ဖြစ်ကြောင်း သိရသည်။ ရာဇာဝင်းသိန်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ တစ်လျှောက်လုံး ကလပ်အသင်းနှင့် အတူခြေစွမ်း ပြသနိုင်ခဲ့သော်လည်း လက်ရွေးစင် အသင်းနှင့် ၀င်ရောက် ကစားခဲ့သည့် ခြေစမ်းပွဲများ တွင် ခြေစွမ်း မပြနိုင်ခဲ့ကြောင်း သိရသည်။ မင်းမင်းသူမှာလည်း တစ်ရာသီလုံး နီးပါး ဒဏ်ရာပြဿနာနှင့် ရုန်းကန်နေရသောကြောင့် လက်ရွေးစင် အသင်း၏ ခြေစမ်း ပွဲများတွင် ပုံမှန်ခြေစွမ်း မရခဲ့ကြပေ။ အဆိုပါ အခြေအနေများကြောင့် ၎င်းတို့(၂)ဦးမှာ အပြီးသတ် လူစာရင်းတွင် ပါဝင်နိုင်ဖွယ် မရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့အတူ လက်ရွေးစင် အသင်းနှင့် အတူ ဂျပန်နိုင်ငံသို့ လိုက်ပါ သွားခဲ့သည့် တိုက်စစ် မှူး ကျော်ကိုကိုမှာလည်း ဒဏ်ရာ သက်သာခြင်း မရှိသောကြောင့် အပြီးသတ် လူစာရင်းတွင် ပါဝင် လာနိုင်ခြေ မရှိကြောင်း သိရသည်။ ကျော်ကိုကိုသည် နည်းပြချုပ် ပတ်ဆောင်ဟွာ၏ အနှစ်သက်ဆုံး ကစားသ မား ဖြစ်ပြီးယူ-၂၂ အသင်း၏ အာရှဖလား ခြေစစ်ပွဲစဉ်များ အတွင်း ဒဏ်ရာ ရရှိခဲ့ပြီး နောက် ပိုင်း တောက်လျှောက် အနား ယူနေရ သူလည်း ဖြစ်သည်။ အခြား တိုက်စစ်မှူး တစ်ဦးဖြစ် သူ ရန်ပိုင်မှာ လည်း ဧရာဝတီ ယူနိုက်တက်နှင့် ပွဲစဉ်တွင် ရရှိခဲ့သည့် ဒဏ်ရာမှ သက်သာလာခြင်း မရှိေ သာကြောင့် ခြေစစ် ပွဲစဉ်များကို ၀င်ရောက် ကစားရန် မလွယ်ကူသည့် အနေအထားတွင် ရှိနေကြောင်း သိရ သည်။ ထိုကဲ့သို့ ကျော်ကိုကိုနှင့် ရန်ပိုင်တို့ ပါဝင်နိုင်ရန် မသေချာသည့် အနေအထားတွင် လက်ရွေး စင် အသင်း၏ တိုက်စစ်ပိုင်း၌ ကောင်းစည်သူ တစ်ဦးသာ ကျန်ရှိနေရာ နည်းပြချုပ် ပတ်ဆောင်ဟွာမှာ အဆိုပါ ပြဿနာ ကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းလျှက် ရှိကြောင်းသိရသည်။

မြန်မာ အသင်းသည် အောက်တိုဘာ (၅)ရက်တွင် ဘရူနိုင်း အသင်းနှင့် စတင် ရင်ဆိုင်ရ မည် ဖြစ်ပြီး အောက်တိုဘာ(၇)ရက်တွင် အရှေ့တီမော၊ အောက်တိုဘာ (၁၁)ရက်တွင် ကမ္ဘောဒီး ယား၊ အောက်တိုဘာ(၁၃)တွင် လာအိုတို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ref:SM

No comments:

Post a Comment