ထို့အပြင် မိမိနှင့် ဘရောင်းမှာ အခင်မင်ဆုံး မိတ်ဆွေ သူငယ်ချင်း အဆင့်ထက် မပိုဟု လည်း ပြောကြားခဲ့သည်။ သို့သော်လည်း ဗြိတိသျှ ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသမား ဟယ်လ်မီတန်က အဆိုပါ ဖြေရှင်းချက်ကို လက်မခံနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။ မက္ကလာရင်အသင်း ကားမောင်းသမား သည် ယခုကိစ္စအတွက် နစ်ကိုးလ်ကို လမ်းခွဲသည်အထိ ဖြစ်လာနိုင်ကြောင်း အတွင်းသိများက The Sunသို့ ပြောကြားခဲ့သည်။ နစ်ကိုးလ်၏ မိတ်ဆွေ တစ်ဦးက "လမ်းခွဲမယ်ဆိုရင်တော့ ဒါဟာ သူ့တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပါပဲ။ လောလောဆယ်မှာတော့ နစ်ကိုးလ်က ရှင်းပြစရာ ရှိတာကို အကုန်ရှင်းပြထားပြီး X-Factor အစီအစဉ်အတွက်ပဲ အာရုံစိုက်ထားပါတယ်"ဟု ဆိုသည်။
(ရှာဇင်ဂါနှင့် ခရစ်ဘရောင်း)
ဟယ်လ်မီတန်သည် ဂျပန်ဂရင်းပရီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေရင်း နားရက်ကာလတွင် အမေရိ ကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။ ဟယ်လ်မီတန်သည် ယခုကိစ္စအ တွက် အမှန်ပင် စိတ်ပူပင်နေပြီး နစ်ကိုးလ်ကိုယ်တိုင် ပြောဆိုသော စကားကို ကြားသိရန် လိုလားခဲ့ကြောင်း သိရှိရသည်။
Source: TheSun
No comments:
Post a Comment