Wednesday 3 October 2012

လက်ပန်းတောင်းတောင်ကိစ္စ တွေးဆနိုင်ဖို.

မုံရွာတစ်ဖက်ကမ်း လက်ပန်းတောင်း တောင်ကိစ္စ နဲ.ပတ်သက်ပြီး သူများတွေ ပြောနေဆိုနေကြတာတွေကို ဖတ်နေတွေ.နေရပေမယ့်အကြောင်းအမျိုးမျိုးကြောင့် ဘာတစ်ခုမှ ၀င်မပြောဖြစ်ခဲ့ပါဘူး…။ ခုတော့ လယ်တွေ ပျက်စီးကုန်ပြီ…အက်စစ်တွေကြောင့် ကန်တွေ ပျက်စီးပြီး အဆိပ်သင့်ကုန်ပြီ…ဘာညာဆိုပြီး ဓါတ်ပုံေ တွ နဲ. တက်လာလို. မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကျနော်သိထားတာလေး ကို ရေးပြ မှ ဖြစ်တော့မယ်လို. စဉ်းစားမိလို. ဒီစာစုကိုရေးဖြစ်တာပါ…။ဒါကလဲ အခု လက် ပန်းတောင်းေ တာင် ကိစ္စ လှုပ်ရှားနေကြတဲ့ အဖွဲ.အစည်း တွေကို ကန်.ကွက်ပိတ်ပင်တဲ့ သဘောမဟုတ် ပဲ….တွေးဆ ဆင်ခြင်နိုင် ဖို.ရာအတွက် အခြားတဖက်က အကြောင်းအရာကို တင်ပြခြင်းသက်သက်ပဲဖြစ်ပါတယ်…။

၁၉၉၅-ခုနှစ်အတွင်းက ကျနော်ဟာ ရန်ကုန်စက်မှုတက္ကသိုလ် ပဉ္စမနှစ်ကျောင်းသား တစ်ဦးအနေနဲ. အခု ပြောနေတဲ့ လက်ပန်းတောင်းတောင်…အရင်တုန်းကတော့ ကြေးစင်တောင်…ဒေသခံတွေ ရဲ.အခေါ် ကတော့ မိုင်းမြို. လေးမှာ လုပ်ငန်းခွင်လက်တွေ.သင်တန်းတစ်လ ဆင်းခဲ့ရပါတယ်…..မိုင်းကျင်းတွေထဲ….
သတ္တုရိုင်းသန်.စင်တဲ့ စက်ရုံတွေထဲ အရောက်ဝင်ပြီးလေ့လာခွင့်ရခဲ့ပါတယ်….အဲဒီ မိုင်းမြို. ( သတ္တုသန်. စင်စက်ရုံဝင်း)ထဲမှာပဲ စက်ရုံက စီစဉ်ပေးတဲ့ အိမ်မှာနေခဲ့တာပါ….။

အရင်ဆုံး သတ္တုမိုင်းအကြောင်းအရင်ရှင်းပြပါ့မယ်….

သတ္တုသိုက်လို.ပြောလိုက်ရင် လူတော်တော်များများက မြေကြီးထဲကနေ သတ္တုတွေ အတုံးလိုက် အခဲလိုက်ကြီး ထွက်လာတယ်လို.ထင်မြင်တတ်ကြပါတယ်….မြေကြီးတွေ ကို ဖယ်လိုက် ရင် ကျောက်စိမ်း တုံးကြီးတွေ လို သတ္တု တုံးကြီးတွေ ထွက်လာလိမ့်မယ် လို. ယူဆကြတာပေါ့ ဗျာ…ကျောက်မျက်တွေ အနေနဲ.တော့ ဟုတ်တာပေါ့…ဒါပေမယ့်…သတ္တုသိုက်တွေအနေနဲ.ကတော့ အဲလို မဟုတ်ဘူးခင် ဗျ ….တကယ်တော့ Ore လို.ခေါ်တဲ့သတ္တုသိုက်ဆိုတာ အဲဒီဓါတ်သတ္တုပါဝင်မှုရာခိုင်နှုန်းများပြားတဲ့ မြေကြီး ကိုခေါ်တာပါ….ဥပမာ…မေမြို.နားက ၀က်ဝံ..တို. ၊ပင်းပက် တို.ဆိုရင် သံဓါတ်များတဲ့မြေကြီး( Iron Ore ) တွေရှိတဲ့နေ ရာပေါ့ဗျာ…အခုပြောတဲ့ မုံရွာတဖက်ကမ်း ဆားလင်းကြီးမြို.နယ်ထဲက အဲဒီ ကြေးစင်တောင် ၊စပယ်တောင်၊ လက်ပန်းတောင်းတောင်တွေ ရှိတဲ့ နေရာတ၀ိုက်ကမြေကြီးတွေကတော့ ကြေးနီ ပါဝင် မှုနှုန်းမြင့်မား တဲ့ ကြေးနီသတ္တုသိုက် ( Copper Ore )နေရာတွေပေါ့…..တကယ်တော့ အဲဒီသတ္တုမိုင်းဟာ ဟိုးအရင် အနှစ်သုံးလေးဆယ်..မဆလ လက်ထက်ကတည်းက ရှိခဲ့တာပါ…အဲဒီတုန်းကတော့ အစိုးရ ပိုင်ပေါ့ဗျာ….ဒါပေမယ့်အဲဒီတုန်းက ကြေးနီသတ္တုအနေနဲ.မထုတ်နိုင်သေးဘူး…..ခုနကပြောတဲ့ ကြေးနီပါဝင်မှုများတဲ့ မြေကြီးကို ထုတ်ယူ ခွဲချေ..ကျောက်တုံးတွေ မြေကြီးတုံးတွေ ရလာ…အဲဒါကိုမှ Ball Mail လို.ခေါ်တဲ့ ကြိတ်ချေစက်ကြီးတွေထဲထည့်၊ရေနဲ.ရောဖျော်ပြီးမြေကြီးအနှစ်ဖြစ်အောင်လုပ်…အဆင့်ဆင့်အနည်ထိုင်သန်.စင်…ပြီးတော့မှ သတ္တုပါဝင်မှု ၈၀%လောက်ရှိတဲ့မြေကြီး ( Concentrate Ore လို.ခေါ်သဗျ )…အဲဒါကို မှ သဘောင်္ကြီးတွေနဲ.တင်ပြီး နိုင်ငံခြားကိုပို.ရောင်းတာပါ…။သတ္တုပါဝင်မှုနှုန်း ၈၀% ထက်နည်း တဲ့မြေကြီးဆိုရင် Concentrate Ore လို.မသတ်မှတ်ပါဘူး…ရောင်းလို.လဲ မရပါဘူး..။အဲဒီတုန်းက သန်.စင်ပြီးကြေးပြားအနေနဲ. မရောင်းနိုင်ခဲ့ပါဘူး….။၁၉၉၀ နောက်ပိုင်း စီးပွားရေးတံခါးတစ်ချို. ဖွင့်လိုက်တဲ့ အချိန် မှာ ကနေဒါ နိုင်ငံက အိုင်ဗင်ဟိုး ဆိုတဲ့ကုမ္ပဏီက အစိုးရနဲ့ဖက်စပ် လုပ်ပြီး ကြေးနီ သတ္တုပြား တွေထုတ်နိုင်တဲ့ SXEW လို.ခေါ်တဲ့ နည်းစဉ် နဲ.လာရောက်ထုတ်လုပ်ခဲ့ပါတယ်….ဒါပေမယ့် အိုင်ဗင်ဟိုး အနေနဲ. စီးပွားဖြစ် Commercial Plant အနေနဲ. ထုတ်တာမ ဟုတ်ပဲ …ရှေ.ပြေး စမ်းသပ်ထုတ်လုပ်မှု ( Pilot Plant ) အနေနဲ.ပဲ လုပ်ခဲ့တာပါ…သူတို.က အဲဒီရှေ.ပြေး ထုတ်လုပ်မှုက ရတဲ့ Result တွေ Data တွေကိုပြပြီး တစ်ခြား စီးပွားဖြစ်ထုတ်လုပ်မယ့် ကုမ္ပဏီကြီးကို ပြန်ရောင်းဖို. လုပ်တာပါ…ကျနော်တို. လေ့လာရေးရောက်တဲ့အချိန်မှာ အိုင်ဗင်ဟိုးရဲ. Pilot Plant စနေပြီဖြစ်လို. ..အစိုးရ ပိုင်းရဲ.ထုတ်လုပ်မှုနည်းစဉ် ရော…အိုင်ဗင်ဟိုးရဲ. SXEW နည်းစဉ်ကိုရော လေ့လာခွင့်ရခဲ့ပါတယ်….. အစိုးရစက်ရုံရဲ.ထုတ်လုပ်ပုံကတော့ အပေါ်မှာ အကြမ်းပြောပြပြီးပြီ မို.လို. အိုင်ဗင်ဟိုးရဲ. SXEW နည်း ကိုပဲ ပြောပြပါ့မယ်….SXEW ဆိုတာ.. Solvent Extraction Electro Wining process ကို အတိုကောက်ခေါ် တာပါ…ခုနကပြောတဲ့ Concentrate မြေကြီးကို Solvent သုံးပြီး ထုတ်နှုတ်ယူမယ် ( Extraction )၊ ပြီးမှ Electro Winning  ( Cathode-Anode )နည်းနဲ. ကြေးပြားတွေ ရအောင်လုပ် တဲ့စနစ်ပါ….အဲဒီနည်းရဲ.အစမှာ Solvent ကိုမသုံးခင် Concentrate မြေကြီးကို အက်စစ်နဲ.ဖျော်ရ ပါတယ်….အက်စစ်နဲ.ဖျော်ထားတဲ့ အနှစ်ကိုမှ Solvent နဲ.ဓါတ်ပြုစေပြီး impurities တွေ ဖယ်ထုတ်တာ ပါ….ထားတော့ …အက်စစ် နဲ.ဖျော်တဲ့ပုံစံကို အဓိကပြောချင်ပါတယ်…အရင်ဆုံး အက်စစ်မစားနိုင်တဲ့ Ground Sheet ကြီးတွေကိုဖြန်.ခင်းရပါတယ်..ပြီးမှ Concentrate မြေကြီးတွေကို အဲဒီ Ground Sheet ကြီးတွေပေါ်မှာ ပုံရပါတယ်..အဲဒီ Ground Sheet ကြီးတွေ ရဲ.ဘေးပတ်လည်မှာ ဘောင်တွေရှိပြီး အနိမ့် တစ်ဖက်ထောင့် ကို အနှစ်တွေစီးဆင်းနိုင်ဖို.လုပ်ထားပါတယ်….Ground Sheet ကြီးတွေပေါ်မှာပုံထားတဲ့ Concentrate မြေကြီးပုံတွေပေါ်မှာ Spinkler တွေတပ်ပြီး မြက်ခင်းရေဖြန်းသလိုမျိုး ဆာလဖျူရစ် အက် စစ်ဖြန်းပေး ပါတယ်…အက်စစ်နဲ.မြေကြီး ရောပြီး အနှစ်တွေဖြစ်မှ စုစည်းပြီး Solvent နဲ.ဓါတ်ပြုဖို.ပို. ရပါတယ်….ဆိုလိုတာကအက်စစ်ဒဏ်ခံ Ground Sheet တွေခံထားလို. အက်စစ်ကမြေကြီးထဲကို စိမ့်ဝင် သွားခြင်းမရှိပါဘူးလို.ပြောချင်တာပါ……ပြီးတော့ အဲဒီအက်စစ်ကို ထပ်ခါထပ်ခါ Recycle ပြန်လုပ်တာ ပါ……. ကဲ..ဒါက အက်စစ်အပိုင်း….ဒေသခံတွေရဲ.အပိုင်းဆက်ကြည့်ရအောင်ဗျာ….

အရှေ.မှာပြောခဲ့သလိုပါပဲ..အဲဒီဒေသတ၀ိုက်က မြေကြီးတွေဟာ တခြားဒေသက မြေကြီးတွေထက် ကြေးနီ ပါဝင်မှုနှုန်းများပါတယ်……ဒါကြောင့်လဲ အဲဒီမှာ ကြေးနီသွားထုတ်တာပေါ့…မဟုတ်ရင် ဘယ်နေရာ ထုတ်ထုတ်ရနေမှာပေါ့…ရှင်းပါတယ်….ဘယ်လောက် ကြေးနီပါဝင်မှုများသလဲဆိုရင်…မိုးရွာပြီးသွားတဲ့အခါ..မြေကြီး ကျင်းချိုင့်လေးတွေထဲမှာ ကျနေတဲ့ရေလေးတွေဟာ အစိမ်းရောင်သန်းနေပါတယ်…ကျနော်တို.တွေ.စက တအံ့တသြ ကြည့်ခဲ့ရတာပါ…ကြေးရုပ်ထုတွေ ကြေးညှိတက်ရင်လဲ အစိမ်းရောင်ဖြစ်ပါတယ်…ဒါက Copper Oxide ဖြစ်လို.ပါ….ခုနက ကျနော်ပြောပြီးပါပြီ….ကြေးနီပါဝင်မှု ၈၀% အထက်ရှိမှ ရောင်းလို. ရပါတယ်..အဲဒီတော့..အစိုးရစက်ရုံက ကြေးနီပါဝင်မှု ၈၀% ဖြစ်အောင်သန်.စင်တဲ့နေရာ မှာ ၈၀% ထက်နည်းတဲ့ မြေကြီးတွေကို စက်ရုံဘေးကွက်လပ်မှာ စွန်.ပစ်ပါတယ်…ဒီနေရာမှာ သတိထားရမှာက အစိုးရစက်ရုံနည်းမှာ အက်စစ်မသုံးပါဘူး..ရေနဲ.ပဲဖျော်တာပါ…ဒါကြောင့် ဒီအတိုင်းမြေကြီးပေါ်စွန်.ပစ်တာ ဘာမှ မဖြစ်ပါဘူး…အဲဒီစွန်.ပစ်မြေကြီးတွေမှာလဲ တကယ်တော့ ကြေးနီဓါတ်တွေပါဝင်နေပါတယ်…၈၀% မပြည့်လို.သာ စွန်.ပစ်ခံရတာပါ…အဲဒီတော့ မိုးရွာပြီး နေပြန်ပွင့်လာရင်…အဲဒီစွန်.ပစ်မြေကြီး ကွင်းတစ် ကွင်းလုံး ဆားပွင့်ပါတယ်……လွယ်လွယ်ပြောရရင်မိုးရေနဲ.ဓါတ်ပြုတာပေါ့လေ..အရင်တုန်းကတော့ အဲဒီ စွန်. ပစ်မြေကြီးတွေ ဆားပွင့်ရင် အနီးအနားရွာတွေက လာပြီး ခြစ်ယူ…ဆာလာအိပ်တွေနဲ.သယ်… ဒုတ္ထာချက်ေ ရာင်းကြသတဲ့….အဲဒီနားက ရွာတွေဟာ ဒုတ္ထာရောင်းရုံနဲ. ရွှေတွဲ လဲ ငွေတွဲ လဲ နေနိုင်ခဲ့ ပါတယ်….

နောက်တော့ စက်ရုံထဲက အင်ဂျင်နီယာတစ်ယောက် က အဲဒီ စွန်.ပစ်မြေကြီးတွေ ကို ရေနဲ .ဖျော်..စဉ်. အိုးကြီးတွေထဲကိုထည့်….ပြီးရင်အဲဒီစဉ်.အိုးထဲက မြေကြီးအနှစ်တွေထဲ နို.ဆီခွက်အဟောင်းတွေ ထည်. ထား … သုံးလေးရက်နေရင်မွှေကြည့် ဘာနို.ဆီခွက်မှမရှိတော့ဘူး…. Sedimentation နည်းလို.ခေါ်ပါ တယ်..ရလာတဲ့အနှစ်ကို လောက်စလုံးလုံးသလိုလုံးပြီးအခြောက်ခံ..ပြီးရင် ရွာတွေထဲပို. ဖိုထိုးလိုက်ရင် …ကြေးအရိုင်း တုံးတွေ ရပါတယ်…အဲဒါတွေကိုလဲ တရုတ်ပြည် ကပြန်ဝယ်ပါတယ်….ရုပ်ထု…ဇွန်းခွက် နဲ. တူရိယာတွေ လုပ်တဲ့နေရာမှာ သုံးလို.ရပါတယ်…စက်မှုသုံးဖို.တော့ အဆင့်မမှီပါ ဘူး…..အဲဒီလိုလုပ် လို.ရမှန်းလဲ သိရော …အနီးအနားရွာတွေက လာပြီး စွန်.ပစ်ကွင်းထဲမှာ ဆားခြစ်ကြတာ အလုအယက်ေ ပါ့..နောက်တော့ ပြသနာတွေ ဖြစ်လာတာနဲ. စက်ရုံအုပ်ချုပ်သူတွေကစွန်.ပစ်ကွင်းကိုခြံခတ် စက်ရုံဝန်ထမ်း မိသားစုဝင်တွေ ကိုပဲ ဆားခြစ်ခွင့်ပေးပါတော့တယ်…ကျနော်တို.ရောက်တဲ့အချိန်တုံးက ၀န်ထမ်းတွေရဲ. အိမ်ရှေ. တိုင်းမှာ စဉ်.အိုးသုံးလေးအိုးတော့ အနည်းဆုံးရှိပါတယ်…မိသားစုများရင်များသလို ၀င်ငွေရကြပါ တယ်… Sedimentation မလုပ်နိုင်ရင်တောင် ဆားခြစ်ပြီးပြန်ရောင်း ရင်ရွာတွေက ၀ယ်ပါတယ်…အဲဒီလို ဆားခြစ်ခွင့်ကန်.သတ်လိုက်တော့ အနီးအနားရွာက လူတွေဟာ စက်ရုံတွေမှာ နေ.စားပဲရရ ၀င်လုပ်ကြပါ တယ်….ကျနော်တို.ရောက်တဲ့အချိန်မှာ ရွာသူလေးတွေ ဟာ နေ.စားနဲ.မြက်လာရှင်း ပါတယ်…အဲဒီလောက် ဆင်း ရဲသလား လို.ထင်ပြီးမေးမြန်းကြည့်မှ အဖြစ်မှန်သိရတာပါ…

အခုလောက်ဆိုရင် အခြေအနေတွေကိုနားလည်လောက်ပြီလို.ထင်ပါတယ်….ကျနော် အဓိကပြောချင် တာက   အဲဒီဒေသမှာ ရှိတဲ့ မြေကြီးရဲ.နဂိုမူလ အနေအထား ပါ…တခြားဒေသကြေ မကြီးတွေနဲ.မ တူပါ ဘူး….. သူ.မြေအခံမှာကိုက သတ္တုဓါတ်က ရှိနေပြီးသားပါ…နောက်တစ်ခု က..ဟိုးနှစ်ပေါင်းများစွာ ကတည်းက ရှိလာခဲ့တဲ့ စက်ရုံကို ဘာလို. အခုမှ မလိုလားတော့တာ လဲ…စဉ်းစားရမှာ ပါ….အခုလက်ရှိ အခြေ အေ နက လဲ ကျနော် ရောက်ခဲ့တုန်းကနဲ. တူချင်မှတူတော့မှာပါ.. အပြောင်းအလဲတွေ အများကြီးဖြစ်နိုင် ပါတယ်…ဒါပေမယ့်..တကယ့်လက်တွေ.နဲ. နီးစပ်အောင်စဉ်းစားနိုင်ဖို. အခြေခံ အကြောင်းတ ရားတွေ စုံနိုင်သမျှစုံအောင်သိထားဖို. ထည့်တွက်ဖို. လိုပါတယ်….ဒါမှ လဲ ပြသနာ ရဲ. အဖြေမှန်ကိုရှာနိုင်မှာမဟုတ်ပါလားဗျာ……ဒါကြောင့်သိထားသလောက် တင်ပြလိုက်တာပါ… အစမှာပြောခဲ့ သလို …ဆင်ခြင်တွေးဆနိုင်ဖို.ပါပဲ….

ဘေးကင်း၊ပျော်ရွှင်၊အောင်မြင်ကြပါစေ..
ညလယ်မိုး

2 comments:

  1. သတ္တုသိုက်ဆိုရာမှာ ကျောက်ကတ်ုရတဲ့ အငုတ်သိုက်၊ တစ်ခါ အဲဒီကျောက်တွေရာသီဒါဏ်ခံရလို့ တဖြည်းဖြည်း မြေသား တက်လာတာကြောင့် သတ္တုများပါ မြေသားမှာ ရောနေတဲ့ ကြွင်းစုသိုက်နဲ့ ချောင်းမြောင်းအနည်တွေက အဝေးကနေ သယ်လာပြီး ပို့ချတဲ့ ပို့ချသိုက်ဆိုပြီး ရှိပါတယ်။ လက်ပန်းတောင်းတို့၊ စပါယ်တို့၊ ကြေးစင်တို့ ဆိုတာ ပထမမျိုးပါ။ ဒါကြောင့် တရုတ်တွေ မိုင်းခွဲထုတ်နေကြတာပါ။ ဆောင်းပါးထဲမှာ ပြထားတာက စက်ရုံထဲမှာပဲ ဆားခြစ်ကြတယ်ဆိုတော့ အပြင်မှာ ခြစ်လို့မရဘူးပေါ့။ ဒါကရှင်းပါတယ်။ စက်ရုံက စွန့်လိုက်လို့ အတော်အသင့် ကြေးဓါတ်စုနေတဲ့ မြေရတာပါ။ ဝင်ငွေ သုညဖက်ကတွက်လျှင် သူဌေး ဖြစ်တာပေါ့။ အခြားမြေကြီးက ကြေးမထွက်ပါဘူး။
    အခုသိရသလောက်တော့ စက်ရုံကြောင့် မဟုတ်ဘဲ မတရားမြေသိမ်းတဲ့ ကိစ္စက အဓီက ဖြစ်မယ်ထင်ပါတယ်။

    ReplyDelete
  2. ပိုစ့် အတွက် ကျေးဇူးတင်ပါတယ်။
    ညလယ်မိုးတို့ ကျောင်းသား ကွင်းဆင်းတဲ့ အဖွဲ့ ကို ပြတဲ့ အချိန် မှာ Pilot Plant စတဲ့ အချိန် တုန်းက( ပြီးတော့ အိုင်ဗင်ဟို က ကနေဒါ ကုမ္ပဏီ .. ခုလုပ်နေတာ က တရုပ် .. ကွာမှာပါ )
    Ground sheet တွေ ခင်းမှာပါ ( Sheet ဆိုတာ့ဘေး ကို စီးမကျဘူးလား)။ ခုဟာ က Mass Production လုပ်နေပြီ ... ဆိုတော့ ခင်းပါတော့မလား လို့ တွေးမိပါတယ်။

    စစခြင်း ကတော့ ပါတ်ဝန်းကျင်ကို ထိခိုက်မူ့ မသိသာသေးဘဲ အချိန်ကြာ လာတာနဲ့ သိသိသာသာ ဖြစ်လာ တာပေါ့ ကြာလေ ဆိုးလေ ဖြစ်မှာပါ။
    ( ဆွေမျိုးပေါက်ဖော်တွေ ရဲ့  နည်းနာ တွေ ကို တကမ္ဘာ လုံး သိပြီးသားမို့ လေ။)

    <> ဆိုတာ ဖတ်ရတာ ထောက်နေသလို ဘဲ ... သံသတ္တုရိုင်း လို့ မသုံးဘူးလား၊

    Copper ore ကိုလည်း ကြေးနီ သတ္တုရိုင်း လို့ ခေါ်မယ် လို့ထင်တယ်

    Refinery - tailing pond တွေ ဟာ ( အခုပြသနာ တက်နေတဲ့ နေရာ က အပုံကြီး) ကြာလေလေ အပုံကြီး လာလေလေ ပတ်ဝန်းကျင် ယိုယွင်းလေလေ ဘဲ။
    ( Sulfide ore) ကနေ ကြေးနီ ထုတ်ရင် ထွက်လာတဲ့ ဆာလဖာဒိုင် အောက်ဆိုဒ် ကို ဆာလဖြူရစ်အက်စစ် အဖြစ် ပြောင်းလည်း လိုက်ပြီး အဲဒီ အက်ဆစ် ကိုဘဲ Copper Refining Process မှာ ပြန်သုံးတယ် လို့ ဖတ်ဖူးပါတယ်။
    သုံးမကုန်အောင် များနေလို့လား မသိပါ။ မည်သူမဆို လိုသလောက် ခပ်ယူ နိုင်သည် ဆိုပြီး အက်စစ်ကန်ကြီး ဓါတ်ပုံ ရိုတ် တင်ထားတာ လည်း FB ပေါ်မှာ တွေ့ခဲ့ရ တယ်။

    Sai Mawkham

    ReplyDelete