Wednesday 12 September 2012

အမေရိကန်တွေ ရဲ့ အားမာန် သို့မဟုတ် One World Trade Center

လွန်ခဲ့သည့် ၁၁ နှစ် ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် အယ်လ်ကေဒါအကြမ်းဖက်သမား ၁၉ ဦးက ခရီးသည်တင်လေယာဉ် ၄ စင်းအား အပိုင်စီး၍ အမေရိကန်ပြည်ထောင်စုအား အကြမ်းဖက် တိုက်ခိုက်ခဲ့ကြသည်။ အကြမ်းဖက်တိုက်ခိုက်မှုများအနက် နယူးယောက်ခ်မြို့ရှိ World Trade Center အဆောက်အအုံ ၂ ခုကိုလည်း ခရီးသည်တင်လေယာဉ် ၂ စင်းကို အပိုင်းစီး၍ ဝင်တိုက်ခဲ့ကြသဖြင့် ပြိုကျပျက်စီးခဲ့ရသည်။

9/11 အကြမ်းဖက်တိုက်ခိုက်မှုဟု အမည်တွင်ခဲ့သော အယ်လ်ကေဒါတို့၏ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် World Trade Center အဆောက်အအုံ ၂ ခုတွင်ရှိနေသူများ၊ လေယာဉ် ၄ စင်းပေါ်တွင် ပါရှိသော ခရီးသည် ၂၄၆ ဦး၊ အကြမ်းဖက်သမား ၁၉ ဦး အပါအဝင် စုစုပေါင်း လူ ၃,၀၀၀ နီးပါးခန့် သေဆုံးခဲ့သည်။

ယခုအခါ World Trade Center အဆောက်အအုံနေရာအား အထိမ်းအမှတ်ဖြစ် သတ်မှတ်ထားရှိပြီး ထိုနေရာအနီးတွင် One World Trade Center ဟု အမည်ပေးထားသော အဆောက်အအုံသစ် ကို ပြန်လည် တည်ဆောက်ခဲ့သည်။ 9/11 ဖြစ်ရပ်ဖြစ်ပွားအပြီး ၁၁ နှစ်ကြာ ကာလအတွင်း World Trade Center အဆောက်အအုံများ တည်ရှိခဲ့ရာနှင့် One World Trade Center အသစ်တည်ဆောက်ထားရှိရာ နယူးယောက်ခ်မြို့ မြင်ကွင်းဓာတ်ပုံများကို ABC News က ပေါင်းစပ်ဖော်ပြခဲ့သည်။

No comments:

Post a Comment