Wednesday 12 September 2012

မန္တလေးလေဆိပ်အားလေကြောင်းလိုင်းထောက်ပံ့ပို့ဆောင်ရေးဆုံမှတ်အဖြစ်သတ်မှတ်ဆောင်ရွက်မည်

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်အားလေကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ်တစ်ခုအဖြစ်အပိုင်း ၆ပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဟု သိရသည်။



အဆိုပါအပိုင်း ၆ ပိုင်းတွင်နိုင်ငံတော်သမ္မတ ထံလမ်းညွှန်မှုတောင်းခံခြင်း၊Conceptual Master Plan ရေးဆွဲခြင်း၊ပြည်တွင်းပြည်ပရင်းနှီးမြှပ်နှံမှုဖိတ်ခေါ်ခြင်း၊ရွေးချယ်ခြင်းနှင့်တင်ပြခြင်း၊ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူခွင့်ပြုချက်တောင်းခံခြင်း၊ဖက်စပ်ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း၊ဆောင်ရွက်မည့်လုပ်ငန်းအဆင့်များ အကောင်အထည်ဖော်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

ထိုသို့အကောင်အထည်ဖော်ရန်အတွက် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လက်ရှိကာလ တန်းဖိုးသတ်မှတ်ခြင်းအား ဆောင်ရွက်လျက်ရှိပြီး လေဆိပ်အားပုဂ္ဂလိက ကဏ္ဍ ပါဝင်နိုင်စေရေးအတွက် Pregualification ပြုလုပ်ရန်အတွက် ယခုနှစ် စက်တင်ဘာ ၁၂ ရက် သတင်းစာတွင် ထည့်သွင်းဖေါ်ပြ ထားပြီးဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ကျန်နယ်လေဆိပ်များကိုလည်း ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်နိုင်စေရေး အတွက် လုပ်ငန်းစဉ်များသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
 
ref:popular

No comments:

Post a Comment