Wednesday 12 September 2012

လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး သေဆုံး

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် ဖြစ်ပွားသော သူပုန်များ၏ တိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။ ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။ 
အမေရိကန်သံအမတ် ခရစ္စတိုဖာ (ဝဲအစွန်) အား လစ်ဗျား အာဏာလွှဲပြောင်းရေးကောင်စီ ဥက္ကဋ္ဌ မူစတာဖာ အက်ဘ်ဒဲနှင့်အတူ ဇွန် ၇ ရက်က တွေ့ရစဉ်
သူပုန်များက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်နှင့် ဝန်ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း BBC World News ကဆိုသည်။ အမေရိကန်အစိုးရကမူ သံအမတ်သေဆုံးသည့် သတင်းနှင့်ပတ်သက်၍ ယခုအချိန် အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မရှိသေးသော်လည်း အယ်ဂျာဇီးယား သတင်းဌာနမူ အမေရိကန် သံအမတ် သေဆုံးမှု သတင်းအားအတည်ပြုခဲ့ပြီဖြစ်သည်။

No comments:

Post a Comment