မြန်မာပြည်ကိုပြန်လာ
လို့ရှိရင် အသက်အန္တရာယ်လုံခြုံဖို့အတွက် စိတ်ချယုံ ကြည်နိုင်ရတဲ့
အခက်အခဲရှိတယ်ဆိုတဲ့လူမျိုးတွေက အဲ ဒီနိုင်ငံကို ပြန်လာလို့မရတဲ့အခါကတော့
နိုင်ငံရေးဒုက္ခ သည်လို့ခေါ်တယ်။ စီးပွားရေးဒုက္ခသည်ဆိုတဲ့ ကိစ္စရှိ တယ်။ အခု
ကျွန်တော်ပြောတဲ့ လူဦးရေပေါက် ကွဲနေတဲ့
ကိစ္စမျိုးဖြစ်လာနိုင်တယ်ဆိုတဲ့အခါကျတော့ နိုင်ငံရေး
ဒုက္ခသည်လိုဟာမျိုး ကိုတော့ တော်တော်များများနိုင်ငံ တွေမှာ
လက်မှတ်ထိုးထားတဲ့အပေါ်မှာ ကန့်ကွက်ဖို့ ခက် တယ်။ စီးပွားရေးဒုက္ခကျတော့
နိုင်ငံတိုင်း ခေါင်းဝင် နေရတဲ့ ကိစ္စ၊ အဲဒီတော့ ကျွန်တော်ပြောချင်တာက အရေ
အတွက်ပေါ်မူတည်တယ်။ စီးပွားရေးဒုက္ခသည် လူတစ် သန်းလောက်ရှိနေတယ်ဆိုပါစို့ဗျာ။
အဲဒါကျတော့ လူသား ချင်းစာနာမှုဆိုတဲ့ ကိစ္စပါလာတယ်။ အဲဒီကိစ္စကြီးကို
ကျွန်တော်က ကျွန်တော့်အနေနဲ့ နိုင်ငံတကာကမင်းတို့ မြန်မာပြည်က
အတင်းလက်ခံရမယ်ဆိုလည်း လက်ခံစရာ မလိုဘူး။ အဲဒီလိုလည်းပြောလို့မရဘူး။
အဲဒီဥစ္စာက အမှန် တကယ်ပဲ နိုင်ငံတကာက ခင်ဗျားတို့လာကြည့်ပြီး ဒီလူ တွေကို
ခဏယာယီနေထိုင်ခွင့်ပေးထားမယ်။
ဒီလူတွေကို နိုင်ငံတစ်ခုကိုပို့ဖို့သင့်တယ်။ ဘင်္ဂလားဒေ့ရှ်က လက်မခံဘူး ဆိုရင် ခင်ဗျားတို့တာဝန်ပဲဆိုတော့ စီးပွားရေးဒုက္ခသည်ဖြစ် ဖြစ် နိုင်ငံရေးဒုက္ခသည်ပဲတစ်ခုက အဲဒီနိုင်ငံကနေပဲ တာ ဝန်ယူပါဆိုတဲ့ ဥစ္စာမျိုး နိုင်ငံတကာက လုပ်လို့မရဘူး။ ဒါကြောင့် မို့လို့ တတိယနိုင်ငံမှာ ခိုလုံခွင့်အခြေချခွင့်ဆိုတဲ့ ကိစ္စဖြစ်လာတယ်။ ဒုတိယနိုင်ငံမှာ အခြေချ ခိုလှုံခွင့်ဆိုတဲ့ ကိစ္စက နိုင်ငံတကာက အများစု လက်ခံထားတာ မဟုတ် ဘူး။ ဥပမာဆိုပါစို့ ကျွန်တော်တို့ နယ်စပ်မှာ လုပ်တာ က လူတွေရှိတယ်။ သူတို့တွေက ထိုင်းနိုင်ငံမှာ ခိုလှုံခွင့် မရဘူး။ ထိုင်းနိုင်ငံသားတွေဖြစ်အောင် လုပ်လို့မရဘူး။ တတိယနိုင်ငံမှာ ထွက်ခွာခွင့်ဆိုတာ ထိုင်းနိုင်ငံတို့က ဒုတိယနိုင်ငံကို အခြေပြုပြီးတော့မှ တတိယနိုင်ငံ နော် ဝေလား၊ အမေရိကန်လား၊ ကနေဒါလား၊ သြစတြေးလျ လားဖြစ်တာ။ ဒါကို နိုင်ငံတကာနဲ့ ဖြေရှင်းလို့မရဘူး။ ဒီလူတွေ ကျွန်တော်တို့ ဘယ်လိုအဆင့်သတ်မှတ်မှာလဲ။ သူတို့လာပြော၊ သူတို့လဲမပြောဘူး။ အဲဒါဆိုရင် ဒီလူတွေ အဆင်သင့်ဖြစ်ပြီဆိုရင် တတိယနိုင်ငံကို သွားရတော့မယ် ဆိုရင် ဗမာပြည်မှာ ဘယ်လောက်အခြေချမလဲ။ ဘယ်လို အစီအစဉ်ဆွဲမလဲ။ သွားမယ့်နိုင်ငံတွေက ဘယ်သူက လက်ခံမှာလဲ။ မသွားခင်မှာ ကိုယ်သွားမယ့်နိုင်ငံက လက်မခံဘူးဆိုရင် မြန်မာနိုင်ငံက တာဝန်ယူ။ ကျွန်တော် တို့နိုင်ငံက ဆင်းရဲတယ်။ အဲဒီခွဲတမ်းထဲမှာက ကျွန်တော် တို့ ငါးထောင်တတ်နိုင်တယ်ဆိုလို့ရှိရင် ငါးထောင်ယူမှာ ပေါ့။ နိုင်ငံတကာမိသားစုအနေနဲ့ အဲဒီလိုမျိုးစဉ်းစားပြီး တော့ ထည့်တယ်။
ပြည်ပမှာ ၂၄ နှစ်ကြာပြီလို့ထင်တယ်။ အခုပြန်ဝင်လာ ခဲ့ပြီပေါ့နော်။ ပြည်ပရောက်တော်တော်များများက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်းပြင်းထန်ထန်ကန့်ကွက် ကြတယ်လို့ အသံလည်းကြားတယ်။ ဒေါက်တာရဲ့ သဘောထားကို မသိရဘူး။ သို့သော်လည်း ဒေါ်အောင် ဆန်းစုကြည်တို့ ကြားဖြတ်ရွေးကောက်ပွဲဝင်တာကို အစ က တော်တော်ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်လို့ ကြားတယ်။ ဒေါက်တာတို့ ကိုယ်တိုင်ရော ကန့်ကွက်တဲ့ အထဲမှာပါလား။ NLD ကြားဖြတ်ရွေးကောက်ပွဲဝင်လာ တဲ့အပေါ်မှာရော ဒေါက်တာ့အနေနဲ့ ဘယ်လိုသဘော ထားလဲ။ ဒီအချိန်ကျမှ ဒေါက်တာတို့ မြန်မာပြည်ပြန်ဝင် လာပြီးတော့ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖြစ်တယ်ဆိုတော့ ဒေါက်တာတို့ကို ဘယ်လိုဆွဲဆောင်မှုတွေက ဒီလိုအ ခြေအနေကိုပို့ပေးတာလဲဆိုတာ သိချင်ပါတယ်။
ရိုးရိုးလေးပါပဲ။ ၂ဝဝ၈ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံပေါ့။ ဒါက ရှင်းရှင်း ပြောရရင်တော့ လူထုအသံ၊ လူထုကိုယ်စားပြုအတိုင်း မဟုတ်လို့ပဲပေါ့။ ကျွန်တော်တို့ တစ်သက်လုံးပြင်နေတာ။ နောက်လည်းပြင်သွားမှာ။ ဆက်ပြီး ယုံကြည်သွားမှာ။ ပြည်သူလူထုအသံမဟုတ်ရင် မခိုင်မြဲဘူး။ ၂ဝ၁ဝ ရွေး ကောက်ပွဲကို ဆန့်ကျင်တာက လူထုကိုကိုယ်စားပြုပြီး ရေးဆွဲထားတဲ့ဟာမျိုးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လုပ်တဲ့ ရွေးကောက်ပွဲဖြစ်လို့ပဲ။ နောက်တစ်ခုက အကာအကွယ် လိုမယ်ဆိုတာ သိလို့ပဲ။ အခုလည်း ကျွန်တော်တို့ပြောမှာ ပဲ။ ၂ဝ၁ဝ ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်စုနဲ့ NLD ပါတီဝင်တဲ့အခါမှာ မဆန့်ကျင်တော့ဘူးလားဆိုတော့ အဲ ဒီအချိန်မှာ ကိုယ့်ရဲ့ခေါင်းဆောင် ကိုယ့်ပြည်တွင်းထဲက နေပဲ ဦးဆောင်မှုရှိတယ်ဆိုတဲ့ ပါတီက ဒီကြားဖြတ် ရွေးကောက်ပွဲဝင်ပြီးတော့ အပြောင်းအလဲတွေအောက်မှာ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတဲ့အခါ မျိုးကျတော့ ကျွန်တော်တို့က မကန့်ကွက်တော့ပါဘူး။ ဒါပေမဲ့ အပြည့်အဝကြီးတော့ ကြိုက်နှစ်သက်နေလား ဆိုတာလည်း မဟုတ်ဘူး။ ပြောချင်တာက ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘဲနဲ့တော့ ကျွန်တော်တို့ ဒီအခြေ အနေအောက်ထဲမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ခက်ပါတယ်။ ဒါကလည်း ထွေထွေထူးထူး အရာတော့ မဟုတ်ပါဘူး။ ဒါကတော့ ခင်ဗျားတို့လွှတ်တော် အခြေအနေထဲမှာ လည်း မြင်နေရတာပဲ။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန် တော်တို့က ဘာလို့ပြန်လာသလဲ။ ဘာလို့ တွေ့ဆုံဆွေးနွေးသလဲဆို တော့ အခု ကျွန်တော်ပြောတဲ့ ရည်ရွယ်ချက်ထဲမှာလည်း ရှင်းရှင်းလေးပါ။ ၂ဝ၁၅ မတိုင်ခင်မှာ လွှတ်တော်ပြင်ပမှာ ရှိတဲ့ လွှတ်တော်ဆွေးနွေးပွဲကိုဖြစ်အောင် လုပ်သင့်တယ် ဆိုတဲ့စကားကို ကျွန်တော်တို့ပြောလို့ရနေလို့ သူတို့က လည်း လက်ခံဆွေးနွေးနေလို့ သူတို့လည်းလုပ်မယ်လို့ ပြောနေလို့ အရင်တုန်းက တင်းမာနေတဲ့သဘောဆိုရင် ဖွဲ့စည်းပုံကြီးကို အစကနေပြန်ရေးပြ၊ အခုဟာက ဖွဲ့စည်းပုံ ပြင်မယ်ဆိုရင် အိုကေ။ ဖွဲ့စည်းပုံမှာ ကောင်းတာတွေလည်း ပါတာပဲ။ ပြင်ဖို့သဘောတူတယ်ဆိုရင် အနှစ်သာရရှိတဲ့ ကိစ္စတွေ ပြင်ဖို့အဓိကပါပဲ။ ဘယ်သူက ဘယ်တုန်းက စရေးခဲ့တဲ့ကိစ္စမို့လို့ ဘာကျန်တယ်ဆိုတဲ့ ကိစ္စကို ကျွန်တော် တို့လည်းမထားဘူး။ သူတို့လည်း ပြင်မယ်ဆိုရင်တော့ အစအဆုံးပြင်မှာထက် ပြုပြင်ပြောင်းလဲရေးက ရှိနေတဲ့အ ထဲက မကောင်းတာတွေကို ကျွန်တော်တို့က ပြင်တာကိုး။ တစ်စုံလုံးပြောင်းတာမဟုတ်ဘူး။
အဲဒီနေရာမှပြောတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအ ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျွန်တော်တို့အနေနဲ့ လက်မခံခဲ့ဘူး။ ဆန့်ကျင်ခဲ့တယ် ဆိုတဲ့ဟာကို သူတို့က ပြောတဲ့အခါမှာ ဟသွားတယ်။ အဲဒီတော့ ၂ဝဝ၈ အခြေခံ ပြင်ဆင်သင့်တယ်ဆိုပြီးတော့ အခုပြောတာကိုပါ ထည့် ပြောသွားတယ်။ အဲဒီတော့ ၂ဝ၁ဝ ကို မထောက်ခံခဲ့ တုန်းက NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲကို ဝင် မယ်လို့ဆိုတဲ့ အချိန်တုန်းက ပြင်ပအဖွဲ့အစည်းတွေမှာ ဒေါက်တာတို့ ပါလားမသိဘူး။ အဲဒီတုန်းက လက်မခံ ခဲ့ဘူးဆိုတာ ဒီအခြေခံဥပဒေတွေကို ရွေးကောက်ပွဲမဝင် ခင်က ဒေါက်တာတို့အနေနဲ့ ယူဆထားခဲ့တာ ရှိလား။ အဲဒီလို နည်းလမ်းမျိုးကို စဉ်းစားခဲ့ဖူးတာရှိလား။ ဒါလေး နည်းနည်းလေးလောက် ရှင်းပေးပါဦး။
ကျွန်တော်တို့ တောက်လျှောက် ၁၉၉၆ လောက် ကတည်းက ပြောခဲ့တာကတော့ ဒီတွေ့ဆုံဆွေးနွေးရေးနဲ့ ဖြေကြားရေးပဲ။ အခုလည်း အဲဒါပဲ ထပ်ပြီး ပြောတာပဲ။ အခုလည်း ဒါပဲ ထပ်ပြီး တောင်းဆိုမှာပဲ။ အဲဒီတော့ အခုလည်းပြောနေတဲ့ ကိစ္စက ၂ဝ၁၅ မတိုင်ခင်မှာ ဒါမျိုး လုပ်မယ်ဆိုတဲ့ ကိစ္စကလည်း အစိုးရပြောထားတာ ရှိတာ ပဲ။ အဲဒီအခါကျတော့ ကျွန်တော်တို့ပြောလို့ လက်ခံတယ် လို့ ကျွန်တော်တို့ အတင်းမပြောပါဘူး။ ဒါပေမဲ့ ဆွေးနွေး မယ်ဆိုတဲ့ ကိစ္စ ဖြစ်လာတယ်။ ဒီအစိုးရဘက်က အကြိမ် ကြိမ်ပြောနေတာကလည်း နေပြည်တော်ရှေ့မှာ တစ်ပြည် လုံးကဲ့သို့သော အာဏာအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဆွေး နွေးကြမယ်။ ဆွေးနွေးလို့ တစ်ခါတည်း သဘောတူရမယ့် ကိစ္စတွေ သဘောတူမယ်။ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ ပြင်ရမယ့်ကိစ္စကိုလည်း ကျွန်တော်ပြောချင်တာက ပြင်ဖို့ အခွင့်အလမ်း ရှိလာတယ်။ ဒါက အဓိကပဲ။ ဒါမျိုးမှ မရဘူးဆိုရင် ကျွန်တော်တို့ အရင်ကလုပ်နေသလို ဆက် တိုက်မှာပဲ။
ကျွန်တော်ဆိုလိုချင်တာကလေ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်တုန်းမှာ ပြင်တဲ့နည်းလမ်းကို ရှိနိုင် တာကို ဒေါက်တာပြောသလို တွေ့ဆုံဆွေးနွေးပြီးမှ အ ဖြေရှာလို့ရလား။ ဒီအခြေခံ ဥပဒေတစ်ခုကို ပြင်တဲ့ကိစ္စကို လွှတ်တော်ထဲ မရောက်ဘဲ အဲဒီအချိန်က ပြင်မယ့်ကိစ္စကို စဉ်းစားခဲ့တာရှိလား။
ကျွန်တော်တို့ အခုပြောနေတဲ့ နည်းပဲလေ။ အခု တွေ့ဆုံဆွေးနွေးပွဲဆိုတာလည်း လွှတ်တော်ထဲမှာ တွေ့ ဆုံဆွေးနွေးမှာ မဟုတ်ဘူး။ လွှတ်တော်ပြင်ပမှာ တွေ့ဆုံ ဆွေးနွေးမှာ။ ကျွန်တော်တို့ရဲ့ အစိုးရနဲ့ သဘောတူထား တဲ့ကိစ္စက ကျွန်တော်တို့ အပြင်မှာဆွေးနွေးတဲ့ကိစ္စတစ်ခု ကို လွှတ်တော်ထဲမှာ သူတို့က လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ သွားပြောကြတယ်။ အဲဒီတော့ ပြင်ပမှာရှိတဲ့ သ ဘောတူညီချက်ကို ဖွဲ့စည်းပုံက ဒီအခန်းထဲမှာ ဒါတွေက ပြင်ပေးဖို့ လိုနေပါတယ်ဗျာ၊ ဥပမာ အနည်းဆုံးဗျာ NLD ဝင်ဖို့အတွက်ကို သူတို့ သုံးချက်လားမသိဘူး ပြင်လိုက် တာရှိတယ်။ အဲဒီသဘောပေါ့။ ဒါကို ကျွန်တော်တို့က အပေးအယူ လိုက်လျောမှုတစ်ခုအနေနဲ့ပြောရမယ်။ အဲလို ပြောတဲ့အခါမှာ ခင်ဗျားတို့က ၂ဝ၁ဝ ရွေးကောက်ပွဲလည်း လက်မခံဘူးပြောတယ်။ လွှတ်တော်ထဲက ပြင်တာကို လက်ခံရတယ်ဆိုရင် ကျွန်တော်တို့က ၂ဝ၁ဝ ရွေးကောက် ပွဲရလဒ်ဖြစ်တဲ့ လွှတ်တော်ကို အသိအမှတ်ပြုရလိမ့်မယ် ဖြစ်မယ်။ ဒါအပေးအယူပဲ။ ကျွန်တော်တို့က ပြင်လို့ရဖို့ အတွက်ပဲ။ အနှစ်သာရအတွက်ပဲ အဓိကထားတယ်။ အဲဒီအတွက်ကို ဒီမှာ ပြင်ပေးမယ်ဆိုရင် ပြင်ပေးမယ့်သူ တွေကို ၂ဝ၁ဝ တုန်းက အသိအမှတ်မပြုခဲ့ပေမယ့် လက်ခံ လိုက်ရတဲ့ သဘောပဲဖြစ်သွားတယ်။ ဒါအပေးအယူပဲ။ နောက်တစ်ခုက ကျွန်တော်တို့က ဘာလို့လွှတ်တော်ပြင်ပ မှာလို့ ပြောနေလဲဆိုတော့ အထူးသဖြင့် လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေက အဲဒီနိုင်ငံရေး သဘောတူ ညီချက်မရဘဲနဲ့ ဘယ်တော့မှ လက်နက်ဖြုတ်ပြီးတော့ ပါတီထောင်မှာ မဟုတ်ဘူး။ အဲဒါဆိုရင် ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် သင့်တော် တဲ့ စစ်ရေး ပြန်လည်ခန့်ခွဲမှုကို လုပ်နိုင်ဖို့အတွက် နိုင်ငံ ရေးသဘောတူညီချက်လိုတယ်။ အဲဒီသဘောတူညီချက် ကို ခင်ဗျားတို့လွှတ်တော်ထဲမှာ သွားဆွေးနွေးပါ။ ဒါမှ မဟုတ် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးပါဆို လည်း ဖြစ်မှာမဟုတ်ဘူး။ အဲဒီတော့ အပြင်မှာ ဆွေးနွေး ပြီးတော့ သဘောတူညီချက်ရမှပဲ ညှိရမယ့်သဘောရှိ တယ်။
ဒေါက်တာအနေနဲ့ သမ္မတကြီးနဲ့ တွေ့ဖို့ကော အစီအစဉ် ရှိလား။
ကျွန်တော်တို့ အခုလောလောဆယ် တွေ့ထားတဲ့ ဝန်ကြီးတွေ ပြောပြချက်အရတော့ သူတို့ ကြိုးစားမယ်။ ကတိတော့ မပေးသေးဘူးလို့ ပြောတယ်။
ဒေါက်တာတို့ပြန်ဝင်လာတဲ့နေ့မှာပဲ တိုက်တိုက်ဆိုင် ဆိုင်ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်သွား တယ်။ အဲဒီအပေါ် ဒေါက်တာဘယ်လို သုံးသပ်မလဲ။ အဓိကကတော့ ABSDF မြောက်ပိုင်းမှာဖြစ်ပွားတဲ့ ကိစ္စ သတင်းစာရှင်းလင်းပွဲပေါ့။ အဲဒီအပေါ်ရော ဘယ်လို ရှုမြင်သုံးသပ်သလဲ မသိဘူး။
ကျွန်တော်တို့ မြောက်ပိုင်းကရဲဘော်တွေပေါ့။ ဖေဖော်ဝါရီလလောက်တုန်းက ဒီကိစ္စ စပြောကြတဲ့အချိန် ဒါလဲသူတို့ နှစ် ၂ဝ ပြည့်လို့ပြောကြတာပေါ့။ ဒါလည်း တစ်ဖက်ကလည်း သူတို့အခွင့်အရေးပါပဲ။ သူတို့မှာ ပြောခွင့်ရှိတာပါဘဲ။ တစ်ပြိုင်နက်ထဲမှာပဲ နယ်စပ်မှာလဲ ကျွန်တော်တို့အစိုးရပိုင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဖြစ်နေ တာကလည်းသွားတိုက်ဆိုင်တာပေါ့။ အဲဒီသတင်းက လည်းထွက်နေတာပေါ့။ ဟင်္သာကိုးသောင်းဆိုတဲ့ စာအုပ် လေးထွက်နေတာရှိတယ်။ သူများတွေပြောတော့ အဲဒီစာ အုပ်ဖတ်ကြည့်တဲ့အခါကျတော့ ကိုနိုင်အောင်တို့ မဥမ္မာ တို့ ပြန်လာမှာဖြစ်တဲ့အတွက်ကြောင့် ဒီစာအုပ်ကို အမှီ ထုတ်လိုက်ရတာပါဆိုတဲ့အခါကျတော့ အဖြစ်မှန်ကိုပြော ချင်တာတစ်ပိုင်း။ ဒါပေမဲ့ အဖြစ်မှန်ကိုရေးသားထားတဲ့ အထဲမှာ ကျွန်တော်တို့ပါဝင်မှုက ရှိလှတယ်တော့ မဟုတ် ဘူး။ ဒါပေမယ့် စာအုပ်မှာရေးထားတယ်ဆိုတော့ ဒီစာ အုပ်ကိုထုတ်တဲ့စေတနာ ကျွန်တော်တို့ပြန်လာမှာဆိုတဲ့ စေတနာမျိုးကြောင့် တိတိကျကျရေးသားထားတာကိုး။ အဲဒီကိစ္စကလည်းတိုက်ဆိုင်မှုပေါ့၊ ကျွန်တော်တို့ပြန်လာ မယ့်ကိစ္စကလည်း သူတို့တွေအနေနဲ့ရည်ရွယ်ပြီးလုပ်တာ ဖြစ်ချင်မှဟုတ်မှာပေါ့။ ကျွန်တော်ပြန်လာမယ်ဆိုတာ ကြားတဲ့အပေါ်မှာ ကျွန်တော်တို့ပြန်လာတော့မှ ဒီလူတွေ က ဒီလိုဖြစ်နေတဲ့ကိစ္စကို သူတို့ဘက်က ပြောချင်မှာ ပေါ့။ ဒါပေမဲ့ တိုက်ဆိုင်မှုလေးတွေရှိနေဆိုတာကတော့ ကျွန်တော်တို့ လာမယ်ဆိုတဲ့ကိစ္စနဲ့ ကိစ္စလေးတွေပြောတဲ့ ကိစ္စကတော့ တိုက်ဆိုင်မှုရှိတာပေါ့။
နောက်တစ်ချက်က တာဝန်ရှိသူများ စာရင်းထဲမှာ ဒေါက် တာပါနေတယ်။ ဒေါက်တာက အဲဒီဖြစ်ရပ်မှာ ဘယ်လို ပါဝင်ပတ်သက်တာလဲ။ ဘယ်လို တာဝန်ရှိနေတာလဲ။ အဲဒီအပေါ်မှာဘယ်လိုရှုမြင်မလဲ။ ဥပမာ ကျောင်းသား ခေါင်းဆောင်ကိုထွန်းအောင်ကျော်အပါအဝင် ကျောင်း သားအတော်များများအသတ်ခံရ၊ ထောက်လှမ်းရေး စွပ် စွဲခံရတဲ့ကိစ္စ ဘယ်လိုကြောင့်ဖြစ်သွားတာလဲ၊ ဘယ်သူ ကစွပ်စွဲတာလဲ။ ဒေါက်တာက တာဝန်အရှိဆုံးဆိုရင် ဘယ်သူကစွပ်စွဲတာလဲ၊ ဘယ်သူ့စွပ်စွဲမှုနဲ့ ဒီလိုဆုံးဖြတ် ချက်ကို ချခဲ့တာလဲဆိုတာကို သိချင်ပါတယ်။
ref:messenger

No comments:
Post a Comment