Wednesday 12 September 2012

ဘာရတ် အိုဘားမားနှင့် ဇနီး မစ်ချယ်အိုဘားမားတို့ 9/11 ဝမ်းနည်းခြင်း အထိမ်းအမှတ် ခေတ္တငြိမ်သက်ခြင်း အခမ်းအနား ပြုလုပ်

အမေရိကန်သမ္မတ ဘာရတ် အိုဘားမားနှင့် ဇနီး မစ်ချယ်အိုဘားမားတို့သည် 9/11 ဝမ်းနည်းခြင်း အထိမ်းအမှတ် ခေတ္တငြိမ်သက်ခြင်း အခမ်းအနားကို အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သည်။ 

လွန်ခဲ့သည့် ၁၁ နှစ် ၂၀၀၁ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် အယ်လ်ကေဒါအကြမ်းဖက်သမား ၁၉ ဦးက ခရီးသည်တင်လေယာဉ် ၄ စင်းအား အပိုင်စီး၍ အမေရိကန်ပြည်ထောင်စုရှိ World Trade Center အဆောက်အအုံ ၂ ခု၊ ပင်တဂွန်စစ်ဌာနချုပ်နှင့် လွှတ်တော်အဆောက်အအုံတို့ကို ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၃,၀၀၀ နီးပါးခန့် သေဆုံးခဲ့ရသည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများအနက် လွှတ်တော်အဆောက်အအုံအား ပစ်မှတ်ထားတိုက်ခိုက်ရန် အပိုင်းစီးလာသည့် ခရီးသည်တင်လေယာဉ်မှာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် ပျက်ကျခဲ့သည်။   သေဆုံးသူများတွင် World Trade Center အဆောက်အအုံ ၂ ခုတွင် ရှိနေသူများ၊ လေယာဉ်စီးခရီးသည် ၂၄၆ ဦးနှင့် အကြမ်းဖက်သမား ၁၉ ဦးတို့ ပါဝင်သည်။

No comments:

Post a Comment