Wednesday 12 September 2012

၂၀၁၃ ဆီးဂိမ်းအားကစားပြိုင်ပွဲအတွက် Wifi Hotspot သုံးရာခန့်တည်ဆောက်သွားမည်

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းအားကစားပြိုင်ပွဲတွင် Wifi Hotspot သုံးရာခန့်တည်ဆောက်သွားမည်ဟုသိရသည်။ Wifi Hotspot သုံးရာခန့်ကို နေပြည်တော်ရှိ အားကစား သမားများ နေထိုင်ရာနေရာများနှင့် အားကစားပွဲများကျင်းပရာနေရာများတွင် တည်ဆောက် သွားမည်ဖြစ်ကြောင်းသိရသည်။ 
 
အဆိုပါ Wifi Hotspot များအတွက် ဒီဇိုင်းရေးဆွဲပြီး တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိသည်ဟုလည်း   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။ အဆိုပါအင်တာနက်စနစ်ကို ပိုမိုကောင်း မွန်စေရန် အတွက် စောင့်ကြည့်စစ်ဆေးမှုများကိုလည်း ကျွမ်းကျင်သူများနှင့် လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ဆက်သွယ်ရေးဝန်ဆောင်မှုအပိုင်းကပြောသည်။ အားကစားပြိုင်ပွဲများ၏ အချို့သောနေရာများတွင် ကြည့်ရှုသူ ပရိတ်သတ်ပေါင်း ၃ သောင်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး အားကစားသမား များနေထိုင်ရာနေရာများတွင်လည်း အားကစားသမားပေါင်း ၃ သောင်း ၈ ထောင်ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါအားကစားပွဲကြည့်ရှုသူများနှင့် အားကစားသမားများအတွက် Wifi အင်တာနက်စနစ်နှင့် မိုဘိုင်းဖုန်းလိုင်းစနစ်များ ကောင်းမွန်စွာ အသုံးပြုနိုင်စေရေးအတွက်
 နေပြည်တော်၌ ဖိုက်ဘာကွန်ရက်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။

No comments:

Post a Comment