Wednesday 12 September 2012

ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ဘက်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်း SANBA

 ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၏ အရှေ့တောင်ဘက် မိုင် ၇၄၀ ခန့်သို့ ရောက်ရှိလာပြီး၊ အနောက်ဘက်သို့ ဆက်လက် ရွေ့လျားနေသည့် အပူပိုင်းမုန်တိုင်း SANBA(17W) သည် လာမည့် ၉၆ နာရီအတွင်း( မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၆ ရက် နံနက် ၀၆၃၀ နာရီအချိန်)တွင် အလွန်အားကောင်းသည့် အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာနိုင်ဘွယ်ရှိကြောင်း TSR မှ ခန့်မှန်း ထုတ်ပြန်ထားပါသည်။

အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်ပေါ်လာမည့် အချိန်တွင် မုန်တိုင်း SANBA သည် အိုကီနာဝါကျွန်းကို ကျော်ဖြတ်ပြီး ကိုရီးယားကျွန်းဆွယ်သို့ ဆက်လက်ဦးတည်ရွေ့လျားမည့် လမ်းကြောင်းပေါ်တွင် ရှိနေနိုင်ကြောင်း ခန့်မှန်းထားပါသည်။

17W SANBA
12 Sep 2012 0000Z
Location: 12.5 131.8
Winds: 55 knots
Central Pressure: 982 hPa

No comments:

Post a Comment