Wednesday 12 September 2012

လစ်ဗျားနှင့် အီဂျစ်ရှိ အမေရိကန် သံရုံးများအား ဆန္ဒပြသူများက အကြမ်းဖက်တိုက်ခိုက်


အစ္စလာမ်ဘာသာ၏ တမန်တော်ဖြစ်သူ မိုဟာမက်အား နောက်ပြောင်ကျီစယ်ထားသည် အမေရိကန် ရုပ်ရှင်ဇာတ်ကားအား မကြေ နပ်၍ အီဂျစ်နိုင်ငံနှင့် လစ်ဗျားနိုင်ငံများတွင် အစ္စလာမ် ဘာသာဝင်များက အမေရိကန် သံရုံးများရှေ့၌ ဆန့်ကျင်ဆန္ဒပြခဲ့ ကြသည်။

ယင်းသို့ ဆန္ဒပြနေရာမှ အစွန်းရောက်များ၏ လှုံ့ဆော်မှုဖြင့် လူထုကြီးမှာ ထိန်းသိမ်းမရဖြစ်ကာ အကြမ်းဖက်တိုက်ခိုက်မှု အဖြစ် သို့ရောက်ရှိသွားပြီး သံရုံးတွင်းကျော်ဖြတ်ပီး အမေရိကန်အလံအား မီးရှို့ဖျက်ဆီးခြင်း၊ သေနတ်များ ပစ်ဖောက်ခြင်းတို့ ပြုလုပ်ခဲ့ ကြသည်။

ယင်းအတွက်ကြောင့် လစ်ဗျားနိုင်ငံမှ သံရုံးဝန်ထမ်းတစ်ဦး အသက်ဆုံးခဲ့ရပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကာ အီဂျစ်နိုင်ငံရှိ အမေရိကန် သံရုံးတွင်မူ အမေရိကန်အလံအား မီးရှို့ခြင်းခံခဲ့ရကာ အစ္စလာမ်ဘာသာရေး အလံဖြင့် အစားထိုးခြင်း ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

3234 Libya Egypt US Embassy Protests1
ယခုကဲ့သို့ အမေရိကန် သံရုံးဝင်းအား တိုက်ခိုက်မှုသည် အဆိုနိုင်ငံများတွင် ပထမဦးဆုံး အကြိမ်ပင်ဖြစ်ပြီး အီဂျစ်နှင့် လစ်ဗျားနိုင်ငံ များသည် ယင်းတို့၏ အာဏာရှင် ခေါင်းဆောင်များဖြစ်သည့် မူဘာရက်နှင့် ကဒါဖီတို့၏ လောင်းရိပ်အောက်မှ လွတ်မြောက်ခဲ့သည် မှာလည်း တစ်နှစ်ခန့်သာ ကြာမြင့်သေးသည်။
ယခု အကြမ်းဖက် ဆန္ဒပြမှုများ၏ အကြောင်းရင်းမှာ ကယ်လီဖိုးနီးယားမှ အမေရိကန်တစ်ဦး စီစဉ်ထုတ်လုပ်ထားသည့် တမန်တော် မိုဟာမက်အား နောက်ပြောင်ကျီစယ်ထာသည့် ရုပ်ရှင်အား မကြေနပ်သဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ရုပ်ရှင်၏ တစ်စိတ်တစ်ပိုင်းအား အာရေးဗစ်ဘာသာဖြင့် စာတမ်းထိုးကာ YouTube ပေါ်သို့ တင်ခဲ့ရာမှ အခြေအနေ တင်းမာလာခြင်းဖြစ် သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်က သံရုံးဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်ကို အတည်ပြုပေးခဲ့ပြီး အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး၊ သက်ဆိုင်ရာ နိုင်ငံများမှ နိုင်ငံအကြီးအကဲများအား အမေရိကန် သံရုံး များနှင့် သံရုံးဝန်ထမ်းများအား လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်သွားရန် တိုက်တွန်းခဲ့သည်။
3234 Libya Egypt US Embassy Protests3
လစ်ဗျားနိုင်ငံရှိ အမေရိကန်သံရုံး၌ ဆန္ဒပြသူများက သံရုံးဝင်းတွင်းသို့ သေနတ်များ၊ လောင်ချာများဖြင့် ပစ်ခတ်ခဲ့ပြီး သံရုံး လုံခြုံရေးများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။
သံရုံးအား စောင့်ကြပ်ပေးနေသည့် လစ်ဗျားလုံခြုံရေး တပ်သားများသည်လည်း လူအင်အား မမျှသဖြင့် အကြမ်းဖက် ဆန္ဒပြသူများ အား တာဆီးခဲ့ခြင်း မရှိပေ။ ယင်းနောက် သံရုံးအဆောက်အဦးအား မီးရှို့ခဲ့ပြီး လုယက်ဖျက်ဆီးမှုများလည်း ၃ နာရီကြာ ပြုလုပ်ခဲ့ ကြသည်။
အီဂျစ်နိုင်ငံတွင်လည်း ဆန္ဒပြသူများက သံရုံးအုတ်တံတိုင်းအား ကျော်ဖြတ်တက်ပြီး ဝင်းအတွင်းသို့ ဝင်ရောက်ကာ လွှင့်ထူထား သည့် အမေရိကန်အလံအား ဖြုတ်ချပြီး၊ အပြင်သို့ ပြန်လည်ယူဆောင်လာကာ မီးရှို့ဖျက်ဆီးခဲ့သည်။
ယင်းနောက် မွတ်စလင် ဘာသာရေး ခံယူချက် စာတမ်းဖြစ်သည့် “ဘုရားမှလွဲ၍ အခြားဘုရားမရှိ၊ မိုဟာမက်သည် တမန်တော်ဖြစ် သည်” အား ရေးသားထားသည့် အနက်ရောင် အလံတစ်ခုအား ပြန်လည်လွှင့်ထူခဲ့သည်။ အဆိုပါအလံသည် အယ်လ်ကာယီးဒါး အဖွဲ့မှ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုလေ့ရှိသည့် အလံလည်းဖြစ်သည်။
3234 Libya Egypt US Embassy Protests2
သံရုံးဝင်းရှေ့သို့ ဒါဇင်ပေါင်းများစွာသော လုံထိန်းများ ရောက်ရှိလာခဲ့သော်လည်း ဆန္ဒပြသူများအား တားဆီးခဲ့ခြင်း မရှိပေ။
လူအုပ်ကြီးက “အစ္စလာမ်မစ်၊ အစ္စလာမ်မစ်။ ငါတို့ တမန်တော်ရဲ့ အခွင့်အရေးသည် သေဆုံးသွားမည်မဟုတ်။” ဟူ၍လည်းကောင်း အချို့သော သူများက “ငါတို့အားလုံးသည် အိုစမာ ဖြစ်သည်။” ဟူ၍လည်းကောင်း ကြွေးကြော်ခဲ့ကြသည်။
အနက်ရောက် ဝတ်စုံများ ဝတ်ဆင်ထားပြီး မျက်လုံးနေရာ၌သာ ဖော်ထားသည့် အမျိုးသမီးများကလည်း “လက်ဝါးကပ်တိုင် ကိုး ကွယ်သူတွေ၊ ငါတို့တမန်တော်ကို မစော်ကားနဲ့။” ဟု ကြွေးကြော်ခဲ့ကြသည်။
ဆန္ဒပြသူတစ်ဦးက “ကျွန်တော်တို့ရဲ့ တမန်တော်ကို စော်ကားလို့ လုပ်ဆောင်ခဲ့ရတဲ့ ရိုးရှင်းတဲ့ တုံ့ပြန်မှုပါပဲ။” ဟု မှတ်ချက်ပြု ခဲ့သည်။
ယခု အကြမ်းဖက် ဆန္ဒပြမှုများသည် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုများ၏ ၁၂ နှစ်ပြည့် နှစ်ပတ် လည်နှင့်လည်း တိုက်ဆိုင်နေခဲ့သည်။
3234 Libya Egypt US Embassy Protests5
3234 Libya Egypt US Embassy Protests4
---

ref:shwelone

No comments:

Post a Comment