Wednesday 12 September 2012

နေပြည်တော်၌ ကျင်းပနေသော Myanmar Global Investment ဖိုရမ်သို့ နိုင်ငံတော် သမ္မတ တက်ရောက်

ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ MICC ၌ ကျင်းပခဲ့ သော Myanmar Global Investment ဖိုရမ် ဖွင့်ပွဲသို့ နိုင်ငံတော် သမ္မတဦးသိန်းစိန် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဖိုရမ်ကို Euro Money အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ပညာရှင်များက   မြန်မာ့စီးပွားရေး အနာဂတ်၊ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက် ဖွင့်ခြင်း၊ မြန်မာနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ မြေယာနှင့် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း၊ အခြေခံ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၌ ရင်းနှီးမြုပ်နှံရေး အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပခဲ့သော Myanmar Global Investment ဖိုရမ်သည် ၄၂ နှစ်တာကာလ အတွင်း Euro Money အဖွဲ့ပြုလုပ်ခဲ့သော ဖိုရမ်များ အနက် လူဦးရေ အများဆုံး တက်ရောက်သော ပွဲဖြစ်ခဲ့သည်ဟု Euro Money အဖွဲ့၏ CEO Tony Shale က ယနေ့ နံနက်ပိုင်းတွင် ထုတ်ဖော်   ပြောကြားခဲ့ ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၁၃ ခုနှစ်တွင် World Economic Forum(WEF) ကို မြန်မာနိုင်ငံ၌ ကျင်းပမည် ဖြစ်ပြီး ထိုဖိုရမ်အတွက် ပြည်တွင်း လုပ်ငန်းရှင်များ အလေ့အကျင့် ရစေရန် အကြောင်းအချက် တစ်ခုအနေဖြင့် Myanmar Global Investment ဖိုရမ်ကို ကျင်းပရခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန (၃) ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။

World Economic Forum(WEF) ကို ၂၀၁၃ ခုနှစ် ဇွန်၊ ဇူလိုင်လအတွင်း၌ ကျင်းပရန် စီစဉ်ထားပြီး WEF သို့ တက်ရောက်ရန် ပြည်ပမှ လုပ်ငန်းရှင်နှင့် ပညာရှင် ၂၀၀၀ ကျော်ကို ဖိတ်ကြားသွားမည်ဟု သိရသည်။

Myanmar Global Investment ဖိုရမ်ကို စက်တင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့အထိ နှစ်ရက်   ပြုလုပ်မည် ဖြစ်ပြီး ဆွေးနွေးပွဲ ပထမနေ့ အစပိုင်းတွင် မြန်မာနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဓိက အနေဖြင့် အများဆုံး ဆွေးနွေးမှု ပြုလုပ်နေကြောင်း သိရပါသည်။
 
ref:EMG

No comments:

Post a Comment