Wednesday 12 September 2012

MAI လေကြောင်းလိုင်း မန္တလေး-ဘန်ကောက် တိုက်ရိုက်ပြေးဆွဲ



မြန်နိုင်ငံသို့ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေဟာ အခုဆို မန္တလေးမြို့ကို တိုက်ရိုက် လာနိုင်ဘို့အတွက် ပြည်တွင်း လေကြောင်းလိုင်း တခုဖြစ်တဲ့ မြန်မာ့လေကြောင်းလိုင်း MAI က ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ပြည်တွင်း၊ ပြည်ပ လေကြောင်း ကုမ္ပဏီတွေ လွယ်ကူအဆင်ပြေစေရေး မြန်မာနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင် မှုတွေရှိသလို MAI ကလည်း အခုဆို ဘူဂေးရီးယားနိုင်ငံက မှာယူတင်သွင်းထားတဲ့ A_320 Air Bus လေယာဉ်သစ် ၂ စင်း ထပ်မံ ရောက်နေပြီဖြစ်သည်။

ဒါဟာ မန္တလေးကို တိုက်ရိုက် လည်ပတ်နိုင်ဖို့ မန္တလေး- ဘန်ကောက် ခရီးစဉ်အပြင် မန္တလေးကနေ ဗုဒ္ဓဂယာ ဘုရားဖူး သွားချင်သူတွေအတွက်လည်း အဆင်ပြေအောင် ခရီးစဉ်တွေ ပြေးဆွဲပေးဖို့လည်း ရှိကြောင်း သိရသည်။

အခု အသစ်ရောက်လာတဲ့ လေယာဉ် ၂ စီးဟာ အဆိုပါ ခရီးစဉ်တွေကို ပြေးဆွဲဖို့ ဖြစ်ပါကြောင်း သိရပါတယ်။


ref:ဧရာဝတီ

No comments:

Post a Comment