Wednesday 8 August 2012

မြန်မာဆန်စပါး အများပိုင် ကုမ္ပဏီမှ အစုရှယ်ယာ တစ်စောင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချသွားမည်

မြန်မာ ဆန်စပါး အများပိုင် ကုမ္ပဏီမှ အစုရှယ်ယာ တစ်စောင်လျှင် ကျပ်တစ်သောင်း နှုန်းဖြင့် သတ်မှတ် ရောင်းချ သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး ၏ ပြောကြား ချက်အရ သိရှိ ရသည်။
သြဂုတ် ၁၈ ရက် မှ စ၍ လူ တစ်ဦးလျှင် အများဆုံး ရှယ်ယာ တန်ဖိုး ကျပ် တစ်ဘီလီယံ အထိ ဝယ်ယူ နိုင်ပြီး ကုမ္ပဏီ မှ ပျမ်းမျှ ရှယ်ယာ တန်ဖိုး စုစုပေါင်း ကျပ် ဘီလီယံ တစ်ထောင် အထိ ထုတ်ရောင်း သွားမည် ဖြစ်သည်။ ရှယ်ယာရှင် များ၏ အစု ရှယ်ယာ အကျိုးအမြတ် ရှင်းတမ်းအား တစ်နှစ် တစ်ခါ ဆောင်ရွက် ပေးသွားမည်   ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment