Wednesday 8 August 2012

ပြည်နယ်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အနုသုခုမပြိုင်ပွဲများကို သက်ဆိုင်ရာပြည်နယ်အလိုက် တိုးချဲ့ထည့်သွင်း ယှဉ်ပြိုင်သွားမည်


တပ်မတော်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်ကပင် စတင်ကျင်းပခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယခုနှစ်မှစ၍ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအဖြစ် ကျင်းပတော့မည်ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။


ယခုနှစ်တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် မြန်မာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှစ၍ ပြည်နယ်အသီးသီးတွင် ရှိကြသော ပြည်နယ်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အနုသုခုမပြိုင်ပွဲများကို သက်ဆိုင်ရာပြည်နယ်အလိုက် တိုးချဲ့ထည့်သွင်း ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယမန်နေ့က ပြုလုပ်သော ပြိုင်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အနုသုခုမ ပြိုင်ပွဲများကို ယခုလို ပေါင်းစည်းထည့်သွင်းခြင်း
အားဖြင့် နိုင်ငံတော်က ဖော်ဆောင်လျက်ရှိသည့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ရေး လုပ်ငန်းစဉ်များသည်လည်း ပိုမိုပီပြင်ထင်ရှား
လာမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
 
ref:7daynews 

No comments:

Post a Comment