Wednesday 8 August 2012

အင်္ဂလန်နှင့် လီဗာပူးလ် ဂန္ထ၀င် ဂျွန်ဘန်းစ် မြန်မာနိုင်ငံသို့ လာရောက်မည်

အင်္ဂလန်နှင့် လီဗာပူးလ် တို့၏ ဂန္ထ၀င် အကျော်အမော်ဟောင်း ဂျွန်ဘန်းစ်သည် မြန်မာနိုင်ငံသို့ သြဂုတ်လ အတွင်း ရောက်ရှိလာမည် ဖြစ်ကာ ယူ-၁၂ ဘောလုံး ပြိုင်ပွဲမှ ကျောင်းသားငယ်များ အတွက် ဘောလုံး နည်းစနစ်များ သင်ကြား ပြသပေးမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် စပွန်ဆာ စာချုပ် ချုပ်ဆိုထားသည့် Digicel ကုမ္ပဏီ၏ Digicel Kick Start Clinics နည်းပြချုပ် အဖြစ် တာဝန်ယူနေသူ ဂျွန်ဘန်းစ်သည် ပြီးခဲ့သည့် အာရှ ယူ-၂၂ ဘောလုံးပြိုင်ပွဲ မတိုင်မီက မြန်မာယူ-၂၂ အသင်းအတွက် ဆုမွန်ကောင်း တောင်းပေး ခဲ့ဖူးကာ ယခုအခါ မြန်မာနိုင်ငံ အထိ ၄ရက်ကြာခန့် လာရောက်ကာ ဘောလုံးဖွံ့ဖြိုး တိုးတက်ရေး အတွက် ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ref:SM

No comments:

Post a Comment