Wednesday 8 August 2012

ရှစ်လေးလုံး အခမ်းအနားတွင် နိုင်ငံရေးပါတီဝင်များ၊ ၈၈ကျောင်းသားရဲဘော်ဟောင်းများ၊ မြို့ခံစာရေးဆရာများနှင့် လူအင်အားထောင်ဂဏန်းကျော်

ရှစ်လေးလုံးငွေရတုအကြို အခမ်းအနားကို မန္တလေးမြို့ မဟာမုနိဘုရားကြီးတောင်ဘက်မုခ်ရှိ ဒက္ခိဏာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည်။နိုင်ငံရေးပါတီဝင်များ၊ ၈၈ကျောင်းသားရဲဘော်ဟောင်းများ၊ မြို့ခံစာရေးဆရာများနှင့် မြို့ ခံများလူအင်အားထောင်ဂဏန်းကျော်တက်ရောက်ခဲ့ကြသည်။


နံနက်(၆)နာရီခွဲတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီအစရှိသော ၈၈ကျောင်းသားဟောင်းများနှင့် တက်ရောက်လာသော၈၈မျိုးဆက်ကျောင်းသားဟောင်းများက ၀ါဆိုသကန်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
နံနက်(၇)နာရီတွင် အခမ်းအနားစတင်ခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံအတွင်းကျဆုံးသွားသော ရဟန်းရှင်လူ၊
 ကျောင်းသားပြည်သူအပေါင်းအားဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် တစ်မိနစ်ကြာ ငြိမ်သက်ခဲ့သည်။

ကိုမင်းကိုနိုင်ကသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပရခြင်းအကြောင်း ဆရာတော်သံဃာတော်များထံ
လျှောက်ထားခဲ့ပြီး၊  မန္တလေးသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဦးဇောတိကာဘိဝံသမှ သြ၀ါဒစကားမိန့်ကြားခဲ့သည်။ကြွရောက်လာသောဆရာတော်များကလည်း တရားတော်များ ချီးမြှင့်ပေးခဲ့ကာလှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှဝေခဲ့သည်။

စစ်အစိုးရလက်ထက်တွင်  သတ်ဖြတ်ခံခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများအတွက်လည်း
အမျှအတန်းဝေခဲ့သည်။ ကိုဂျင်မီက သဘောထားကြေညာချက်ကို ဖတ်ကြားခဲ့သည်။

အခမ်းအနားဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး နံနက် ၈ နာရီ ၂၃မိနစ်တွင် အခမ်းအနားပြီးဆုံးခဲ့သည်။ဆရာတော်သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများဆက်လက်ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment