Wednesday 8 August 2012

တူရကီဝန်ကြီးချုပ်ဇနီးနှင့် သမီး မည်သူတွေကို လှူဒန်းမည်နည်း

ဥပုလ်လမို့  အလှူအန်းတွေ ကို တူရကီဝန်ကြီးချုပ်၏ဇနီးနှင့် သမီးဖြစ်သူက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မွတ်ဆလင်ဘာသာဝင်လူမျိုးတွေအတွက် လာကြမည်ဟု အကြမ်းဖျင်းသိရသည် ။ သို့ သော် သူတို့ လာသောအခါကား ယင်းသို့ လာခြင်းမဟုတ် ။ သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးထဲမှာ မရှိသော လူမျိုးကို အလှူအန်းပေးရန် လာမည်ဟု -RFA- မှ လွှင့်ထုတ်နေသော သတင်းကို ကြားလိုက်ရသည် ။
တူရကီနိုင်ငံရှိ မြန်မာသံရုံးတွင် အီးမေး မဖေါ်ပြထား၍ ဆက်သွယ်မေးမြန်းရန် မဖြစ်တော့ ။ သို့ သော် မြန်မာနိုင်ငံသို့  ဗီဇါယူရသည့်အခါ အကြောင်းအရာများကို ဖေါ်ပြရသည် ။ ထို့ ကြောင့် မြန်မာနိုင်ငံရှိ မွတ်ဆလင် ဘာသာဝင်လူမျိုးတို့ အား အလှူအဒန်း ပေးရန် သွားပါမည်ဟု ဖေါ်ပြခဲ့ ပါက ယင်းသို့ သတင်းရရှိသည့်အတိုင်း လွှင့်ထုတ်ကြေညာပေးသင့်သည် ။ ယခုအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို တိကျစွာ ဆောင်ရွက်သင့်ပြီဟု မြင်သည် ။ နိုင်ငံတနိုင်ငံနှင့် ပဋိပက္ခဖြစ်စေမည့် အသုံးအနုံးမျိုးများကို ရှောင်ရှားနိုင်ရန်နှင့် နိုင်ငံတနိုင်ငံ၏ ဥပဒေကို နိုင်ငံတနိုင်ငံက လေးစားလိုက်နာရန် လိုကြောင်းကိုလည်း သတိပေးစာ ထုတ်ရမည်ဖြစ်သည် ။

မြန်မာနိုင်ငံအစိုးရကလည်း မည်သည့်နိုင်ငံမှ သမ္မတဖြစ်စေ သံတမန်အဆင့်ဖြစ်စေ ဇနီးသားသမီးများဖြစ်စေ အဖွဲ့ အစည်းများဖြစ်စေ ရခိုင်ပြည်နယ်မှ ဒုက္ခသည်များကို ကူညီလှူဒန်းမည်ဆိုပါက မည်သည့်ဘာသာဝင်လူမျိုးကို ကူညီလှူဒါန်းရန် လာရောက်သည်ဖြစ်ကြောင်း ကမ္ဘာအရပ်ရပ်သို့  ထုတ်ပြန်ကြေညာပေးရန် လိုသည် ။ ရခိုင်ပြည်နယ်မှ ဘင်္ဂလီမွတ်ဆလင်ဘာသာဝင်လူမျိုးတို့ ကို လှူဒါန်းခြင်းကို ကန့် ကွက်စရာ အကြောင်းမရှိ ။ စိန်စီလို့  ရွှေအိမ်တော်ပင် ဆောက်လုပ်လှူဒါန်းသော်လည်း မနာလို စိတ်ထားစရာ အကြောင်းမမြင် ။ သို့ သော် ယင်းသို့  ဒုက္ခသည်များကို အကြောင်းပြုပြီး မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး မဟုတ်သော ယင်းဘင်္ဂလီလူမျိုးကို နာမည်တပ် ၀ါဒဖြန့် ကာ လာပြီး လူလည်လုပ်ခြင်းကိုတော့ လက်သင့်ခံစရာ မဖြစ်နိုင် ။

သို့ ဖြစ်၍ ၀ါဒဖြန့်  လာရောက်မည့် သမ္မတဖြစ်စေ သံတမန်များဖြစ်စေ ဇနီးသားသမီးများဖြစ်စေ အဖွဲ့ အစည်းများဖြစ်စေ မည်သူ့ ကို မဆို ဗီဇါပိတ်ပေးရမည်ဖြစ်သည် ။ ဗီဇါလျှောက်လွှာ ဥပဒေပါအချက်အလက်အရ ပိတ်နိုင်ခြင်းရှိသည် ။ သွေးတိုးစမ်းသလိုနှင့် တူရကီဝန်ကြီးချုပ်၏ ဇနီး သားသမီးတို့ က ရှေးဦးစွာ လာကြပြီးနောက် မကြာခင် မွတ်ဆလင်ဘာသာ ကိုးကွယ်သော နိုင့်ငံများမှ ယခုလို ထပ်မံပြီး လာရောက်ကြမည်ဆိုလျှင် သမ္မတဦးသိန်းစိန်၏ စကားကို နိုင်ငံရေး ပါးလှည့် နားလှည့် လုပ်ခြင်းဖြစ်သွားလိမ့်မည် ။ ယင်းသို့  ၀ါဒဖြန့် ခဲ့ သည်ကို ပြည်ပမီဒီယာများက သတင်းတွေ ထုတ်လွှင့်နေ၍ ယခုတားမရ ဆီးမရ လူမျိုလို့  လူမျိုးပျောက် လူမျိုလို့ နိုင်ငံပျောက်ဘ၀ ဖြစ်လာခဲ့ ရမည်ကို ကြုံနေရပြီတည်း။

No comments:

Post a Comment