Wednesday 8 August 2012

အင်းစိန်တွင် ဆီဘောက်စာ ကား ဘရိတ်ပေါက်ပြီး ဂုံးတံတား ပလက်ဖောင်းကို ကျော်တက်

ဆီဘောက်စာကား ဘရိတ်ပေါက်ရာမှတစ်ဆင့် အင်းစိန် မြို့နယ်ရှိ၊ ဂုံးတံတားပလက်ဖောင်းအား   ကျော်တက်မှုဖြစ်စဉ်တစ်ခု သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီဝန်ကျင် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း   ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။ အဆိုပါ ဆီဘောက်စာကားမှာ လှိုင်သာယာမြို့နယ်မှ ခရမ်း၊ သုံးခွသို့ထွက်ခွာလာသော အဏ္ဍာဝါလွှမ်း ကုမ္ပဏီပိုင်ယာဉ်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း သိရှိရသည်။






 ref:EMG

No comments:

Post a Comment