Wednesday 8 August 2012

ယနေ့လွှတ်တော်တွင် မေးမြန်းဆွေးနွေးကြမည့် မေးခွန်းများ

ယနေ့ (သြဂုတ်လ ၈ ရက်နေ့) တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

(၁) နယ်စပ်ကုန်သွယ်ရေး စခန်း မူဆယ်-တာချီလိတ်-ကော့သောင်း တို့တွင် HIV/AIDS ဖြစ်ပွားမှု သုတေသနပြုချက် သို့မဟုတ် ကုသကာကွယ်တားဆီး ပညာပေးမှု အခြေအနေတို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း မေးမြန်းခြင်း။

(၂) ပုဂ္ဂလိက ဆေးဘက်ပညာ သင်တန်းကျောင်းများကို မည့်သည့် စံချိန်စံညွှန်းနှင့် အညီ ဖွင့်လှစ်ခွင့်   ပြုထားခြင်းနှင့် ပုဂ္ဂလိက ဆေးဝါး ကျွမ်းကျင်သင်တန်းဆင်း များအား မည်ကဲ့သို့ ထိန်းချုပ်သင့်သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း မေးမြန်းခြင်း။

(၃) မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ လုပ်ငန်းသုံးမီတာနှင့် အိမ်သုံးမီတာ အသုံးပြုခြင်း အပေါ် မည့်သည့် ဥပဒေဖြင့် ကောက်ခံနေသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခြင်း။

(၄) အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးက ဆွေးနွေးခြင်း။

(၅) မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု အနိမ့်ကျဆုံး ဖြစ်နေသော ချင်းပြည်နယ်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့်အတူ တိုင်းရင်းသား လုပ်ငန်းရှင်ကြီးများမှလည်း တတ်အားသမျှ စေတနာထက်သန်စွာ ၀ိုင်းဝန်းကူညီ ပံ့ပိုးပေးနိုင်ပါရန် အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း။

(၆) အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း မသမာသော နည်းလမ်းများဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်း များကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက် တစ်ရပ် ချမှတ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန် အဆိုတင်သွင်းခြင်း။

No comments:

Post a Comment