Wednesday 8 August 2012

အစ္စလာမ် ကြီးစိုးတဲ့ နိုင်ငံတချို့ မှာ မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက်မှုတွေအပေါ် မြန်မာအစိုးရဘက်မှ သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်သင့်တဲ့ အရာတွေ ပြင်ဆင်ထား

ကာခင် သတင်းပတ်တွေအတွင်း အစ္စလာမ် ကြီးစိုးတဲ့ နိုင်ငံတချို့ မှာ မြန်မာအစိုးရကို ဆန္ဒပြ   ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း သိရှိထားပြီး သံတမန်ရေးအရ၊
လုံခြံရးအရ လုပ်ဆောင်သင့်တဲ့ အရာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့     နိုင်ငံတော် သမ္မတရုံးဘက်က ပြောပါတယ်။
ကမ်းဖက်မှုနဲဆက်စပ်ပြီး ထောင်ချ ခံထားရတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်တဲ့ အဘူ ဘာကာ ဘာရှားက မွတ်ဆလင်တွေ ဆက်ပြီး ဖိနှိပ် သတ်ဖြတ် ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်ွှဲမယ်လို့ သောကာနေက ခြိမ်းခြောက်ခဲ့ပါတယ်။

ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲသိရှိထားကောင်း၊ ရခိုင်ကိစ္စမှာ   မြန်မာအစိုးရအနေနဲ့ ဘင်္ဂလီရယ်၊ ရခိုင်ရယ်လို့ဘက်မလိုက်ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေ အတိုင်း ဥပဒေတွေအတိုင်း ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

အစိုးရရဲ့ ဆောင်ရွက် နေမှုတွေအပေါ် မကာခင် ရက်ပိုင်းကလည်း ပြည်ထောင်စု ဝန်ကြီးတချို့ က နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့ကို ရှင်းပြခဲ့ တဲ့အပြင် အဖြစ်မှန်တွေကို   လေ့လာနိုင်အောင် ရခိုင်ပြည်နယ်ကို ပို့ဆောင် ပြသခဲ့ကောင်းလည်း သူက ပြောပါတယ်။

'သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ နည်းဗျဟာ ဒါတွေကိုလည်း ခေတ်နဲ့အညီ ဆောင်ရွက်လျှက် ရှိပါတယ်'' လို့ သမ္မတရုံး ညွှန်ကားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

No comments:

Post a Comment