Wednesday 8 August 2012

ကျောက်တော် ဆူပူ အကြမ်းဖက်မှု လူ ၇ ဦး သေဆုံး


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ထပ်မံဖြစ်ပွါးသော ဆူပူ အကြမ်းဖက်မှုကြောင့် လူ ၇ ဦးသေဆုံးပြီး ကျေးရွာလေးရွာခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက ပြောကြားသည်။
"ဒဏ်ရာရတဲ့ စာရင်းကိုတော့ မရသေးဘူး။ အခု စစ်တပ်က ၀င်ထိန်းနေတယ်" ဟု ၄င်းက ရှင်းပြသည်။

ကျောက်တော် မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပှုအကြမ်းဖက်မှုများ စတင် ဖြစ်ပွါးခဲ့ပြီး ၆ရက်နေ့၊ ၇ရက် နေ့တို့တွင်လည်း ဆက်တိုက် ဖြစ်ပွါးခဲ့ကြောင်း၊ ရခိုင်တိုင်းရင်းသားများနေထိုင်သော ကျေးရွှာများနှင့် ရွှေပြည်သစ် အဝေးပြေားကားဂိတ်တို့ကို ဘင်္ဂါလီလူမျိုးများက သြဂုတ်လ ၅ရက်နေ့တွင် ၀င်ရောက်ဖျက်စီးရာမှ ဒေသနေ လူမျိုးစု နှစ်စု ဆူပှုအကြမ်းဖက်မှုများဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းထားချက်များ အရ သိရှိရသည်။

No comments:

Post a Comment