Wednesday 8 August 2012

မောင်တောမြို့တွင် ဗုံးကောလာဟလကြောင့် နယ်မြေလုံခြုံရေးများ ယခင်ထက် များစွာချထား

မောင်တောမြို့တွင် ဗုံးကောလာဟလကြောင့် နယ်မြေလုံခြုံရေးများ ယခင်ထက် များစွာချထားပြီး မြို့ပေါ်တွင် အသွားအလာနည်း၍ တိတ်ဆိတ်နေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

ကောလာဟလထွက်နေသည်မှာ မှန်ကန်ပြီး ယင်းသတင်းကြောင့် လုံခြုံရေး တိုးချထားသည်မှာလည်း မှန်ကန်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တယ်လီဖုန်းမှတဆင့် အတည်ပြုပြောကြားသည်။
"ဈေးဆိုင်ခန်းတွေ လုံခြုံရေးကြောင့် ပိတ်ထားတယ်။ ပုံမှန်လမ်းသွားလမ်းလာနည်းတယ်။ လုံခြုံရေးကတော့   ဈေးဆိုင်ခန်းတွေ လမ်းဆုံ၊ လမ်းခွတွေမှာ ခါတိုင်းနေ့ထက် ပိုများတယ်။ တစ်မြို့လုံးကတော့ အခုထိ တိတ်ဆိတ်နေပါတယ်"ဟု အလိုတော်ပြည့်ကျောင်း ကယ်ဆယ်ရေးစခန်း ကျောင်းထိုင်ဘုန်းဘုန်းက မိန့်သည်။

မောင်းတောမြို့ ထမင်းဆိုင်တစ်ဆိုင်မှ ဒေါ်ခင်အေးဝင်းက "ဒီနေ့ လုံခြုံရေးကားတွေ တစ်စီးပြီးတစ်စီး လာကြတယ်။ နေ့တိုင်းထက် များတယ်"ဟု ပြောကြားသည်။
 
ref:7daynews

No comments:

Post a Comment