Wednesday 8 August 2012

ကမ္ဘာကျော် နိုင်ငံရေးဒဿနပညာရှင် ဖရန်စစ်ဖူကူယားမား မြန်မာနိုင်ငံလာမည်

ကမ္ဘာကျော် နိုင်ငံရေးဒဿနပညာရှင်၊ စာရေးဆရာ ပါမောက္ခ ဖရန်စစ်ဖူကူယားမားသည် မြန်မာနိုင်ငံသို့  သြဂုတ်လ တတိယအပတ်အတွင်း ရောက်ရှိမည်ဖြစ်သည်။

ဖရန်စစ်ဖူကူယားမားသည် မြန်မာနိုင်ငံသို့ လေးရက်ကြာ လာရောက်မည်ဖြစ်ပြီး ရန်ကုန်နှင့်   နေပြည်တော်တို့တွင် နှစ်ရက်စီ စီးပွားရေးစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ချဉ်းကပ်ဆောင်ရွက်ပုံ နည်းလမ်းများနှင့် ကောင်းမွန်သည့်အစိုးရတစ်ရပ် တည်ဆောက်ရေးဆိုင်ရာ စသည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သမ္မတအကြံပေးအဖွဲ့မှ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ကပြောသည်။

 ၎င်းသည် ၁၉၉၂ ခုနှစ်တွင် ထုတ်ဝေသည့် ''The End of History and the Last Man" စာအုပ်ဖြင့်   နိုင်ငံတကာ နိုင်ငံရေးနယ်ပယ်တွင် နာမည်ကျော်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ ထိုစာအုပ်ကို ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ဝေခဲ့ပြီး ရောင်းအားအကောင်းဆုံး စာအုပ်အဖြစ် ရပ်တည်ခဲ့သည်။ ထိုစာအုပ်အပါအ၀င် စာအုပ်ကိုးအုပ် ထုတ်ဝေခဲ့ပြီး၊ နောက်ဆုံးထွက်စာအုပ်မှာ ''The Origins of Political Order" ဖြစ်သည်။ ၎င်း၏စာအုပ်များကို နိုင်ငံရေးလေ့လာသူများ အထူးအလေးထား စောင့်ဖတ်လေ့ရှိသည်။

မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်သည့် Johns Hopkins တက္ကသိုလ်၊ School of Advanced International Studies (SAIS)က ဦးဆောင်ကျင်းပမည့် Leadership Academy of Development Program (LAD)တွင် ဒေါက်တာဖရန်စစ် ဖူကူယားမားနှင့်ပါမောက္ခဒေါက်တာရော်ဂျာလိစ်တို့က ပို့ချသွားမည်ဟု ပြောကြားသည်။ ယင်းသင်တန်းကို ရန်ကုန်မြို့တွင် ယခုလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ပို့ချမည်ဖြစ်ပြီး သင်တန်းပြုလုပ်မည့် နေရာကို အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။

ref:7daynews

No comments:

Post a Comment