Wednesday 8 August 2012

"အစိုးရ အဖွဲ့ဝင်များပိုင်ဆိုင်မှု ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် အဆိုဆွေးနွေးနေ"

ပုသိမ်မဲဆန္ဒနယ် မှဦးဝင်းမြင့်တင်သွင်းထားသော ကောင်းမွန်သော အုပ်ချုပ်ရေး(Good governnce)၊ သန့်ရှင်းသော အစိုးရ (Cleangovernment) ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊     တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ်တာဝန်ပေးအပ်ခံ ရသူများသည် ၄င်းတို့၏ပြောင်းရွေ့ နိုင်သော ပစ္စည်း၊မပြောင်းရွေ့နိုင်သော ပစ္စည်းနှင့် ၄င်းတို့၏ အကျိုးစီးပွားများကို
ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် အဆိုကို NLD ပါတီ ကိုယ်စားလှယ် ၄ ဦး နှင့် ကျန်ပါတီမှ ကိုယ်စားလှယ် ၄ ဦးတို့ က ဆွေးနွေးမည်ရန် တင်သွင်းထားသော်လည်း ယခုအခါ ၅ ဦး ကပါ 
ဝင်ရောက်ဆွေးနွေးလိုသောကြောင့် စုစုပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဆွေးနွေး မည်ဖြစ်သည်။

ဆွေးနွေးသူများသည် လက်ရှိ အချိန်အထိ ထောက်ခံဆွေးနွေးမှုများသာ ရှိနေပြီးယင်းအဆို အတည် ဖြစ်ရန် အဆိုရှင် ဦးဝင်းမြင့်က အောင်မြင်မည် ဟု မျှော် လင့်ထားကြောင်းပြောကြားထားသည်။

ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က " အန်တီအနေနဲ့ သဘောကြ တယ်။ဖြစ်သင့်တယ်လို့ထင်တယ် တကယ် ဒီမိုကရေစီ ကျင့်သုံးနေ တဲ့နိုင်ငံတွေမှာဒီလိုပဲ လုပ်ကျတာပဲ၊အစိုးရ အနေနဲ့ သန့်သန့် ရှင်းဖြစ်ရ မှာပေါ့၊ ဥပမာဆိုလို့ရှိရင် ၀န်ကြီးမဖြစ်ခင် အိမ်တစ်လုံးနဲ့ ၀န်ကြီးလည်းဖြစ်ပြီးရော အိမ် ၁၀ လုံးဆိုရင် နဲနဲတော့ မေးစရာတွေ ဖြစ် လာတာပေါ့၊အဲလိုဟာတွေကာကွယ်ဖို့ ဒီဥပဒေကို ကျင့်သုံးဖို့ လိုတာပေါ့၊အဆို အပေါ်မှာ အားရပါတယ်" ဟု ပြောသည်။
 
ref:popular

No comments:

Post a Comment