Wednesday 8 August 2012

ဆက်သွယ်ရေး ဂြိုဟ်တု နှစ်လုံးကို Ariane 5 ဒုံးပျံဖြင့် ပြင်သစ် လွှတ်တင်

ပြင်သစ် နိုင်ငံသည် ဆက်သွယ်ရေး ဂြိုဟ်တု နှစ်လုံးကို သယ်ဆောင် သွားသည့် Ariane 5 ဒုံးပျံကို ၎င်းပိုင် ဂီယန်း ဒေသရှိ ကူရို အာကာသ စခန်းမှ ဒေသ စံတော်ချိန် ညနေ ၅ နာရီ ၅၄ မိနစ်တွင် စတင် လွှတ်တင် ခဲ့ ကြောင်း သိရသည်။
အဆိုပါ ဒုံးပျံသည် အပြည်ပြည် ဆိုင်ရာ ဂြိုဟ်တု ကုမ္ပဏီ Intelsat ၏ဆက်သွယ် ရေးဂြိုဟ်တု Intelsat-20 နှင့် ဥရောပ ဆက်သွယ်ရေး ကုမ္ပဏီ Avanti အတွက် ဆက်သွယ်ရေး ဂြိုဟ်တု Avanti2 တို့ကို ကမ္ဘာပတ် လမ်းကြောင်း အတွင်း ပို့ဆောင် ပေးသွားမည် ဖြစ်သည်။

Intelsat-20 ဂြိုဟ်တုသည် ခြောက်တန်ကျော် အလေးချိန် ရှိပြီး ဥရောပ၊အရှေ့ အလယ်ပိုင်း၊ ရုရှားနှင့် အာရှ နိုင်ငံများတွင် ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သလို Intelsat-7 နှင့် Intelsat-10 ဂြိုဟ်တု နေရာတွင် အစားထိုး သွားမည် ဖြစ်ပြီး အချိန်ကာလ အားဖြင့် ၂၄ နှစ်ကြာ ထားရှိ သွားမည်ဟု ခန့်မှန်း ရကြောင်း သိရသည်။

HYLAS 2 ဂြိုဟ်တုသည် ဥရောပ ဆက်သွယ်ရေး ကုမ္ပဏီ Avanti ၏ ဒုတိယမြောက် ဆက်သွယ်ရေး ဂြိုဟ်တု တစ်စင်း ဖြစ်ကာ တန်ချိန် ၃ ဒသမ ၃ တန်ရှိပြီး ဥရောပ အရှေ့ပိုင်း၊ အာဖရိကနှင့် အရှေ့ အလယ်ပိုင်း   ဒေသ နိုင်ငံများ အတွက် ၁၅ နှစ်ကျော်ကြာ ဆက်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုကို လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 

No comments:

Post a Comment