Tuesday 31 July 2012

နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသောမြန်မာ နိုင်ငံပြောင်းရွေ့လုပ်သားများအတွက် ဘ၀အာမခံချက် လုံခြုံမှုရှိစေ ရေး Migratoin Policy ချမှတ်ဆောင်ရွက်နိုင်ရန် " အဆိုတင်သွင်း



နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသောမြန်မာ နိုင်ငံပြောင်းရွေ့လုပ်သားများအတွက် ဘ၀အာမခံချက် လုံခြုံမှုရှိစေရေး Migratoin Policy ချမှတ်ဆောင်ရွက်နိုင်ရန် "  အဆိုကို 
ဟင်္သတ မဲဆန္ဒနယ်မှ ဦးဌေးဦး က ယနေ့တွင်' သွားရောက်လုပ် ကိုင်လျက်ရှိ သူတွေဟာ 3.D အလုပ်တွေလုပ်နေကြရတာပါ။ 3.D ဆိုတာ Dangerous အန္တရာယ်များသော၊ Difficult ခက်ခဲကြမ်းတမ်းသော၊ Dirty ညစ်ပတ်သော အလုပ်တွေဖြစ်ပါတယ်။ သွားရောက်တဲ့လူဦးရေဟာ ထိုင်းမှာ ၂ သန်းခွဲလောက်နဲ့ မလေးရှားမှာ၅ သိန်းခန့်လောက်ရှိ ပါတယ်။" ဟု ၄င်းကအဆိုတင်သွင်းချက်တွင် 
ပြောကြားသည်။
ယင်းအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စား လှယ်တစ်ဦးက ထောက်ခံခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာအောင်မိုးညို (ပွင့်ဖြူမဲဆန္ဒနယ်)က ' ပြည်တွင်းက ဘွဲ့ရပညာတတ်တွေတောင် ဘ၀အာမခံချက်တွေ မရသေးတာကြောင့် ပြည်ပက ကိစ္စကို
လွယ်ကူပါ့မလား စဉ်းစားရပါကြောင်း" ပြောကြားသောကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဌ က အလုပ်သမားဝန်ကြီး ဦးအောင်ကြည် ကို ၀င်ရောက် ဆွေးနွေး ထောက် ခံခဲ့ရသည်။ ထို့နောက်
 ပြည်သူ့လွှတ်တော် က လက်ခံဆွေးနွေးရန် အတည်ပြုလိုက်သည်။

2 comments:

  1. တစ်ခုပီးမှ တစ်ခုလုပ်နေရင်တော့ ကြာပီး ပြည်ပက တို့သားသမီး ရွှေပြောင်းလုပ်သားတွေဘ၀ ရေစုန်မှာမျောတော့မှာပေါ့။ ဒီလောက်လေးတောင် မသိရကောင်းလား အမတ်မင်းရယ်။ တို့ ပွင့်ဖြူက ရွာသူရွာသားတွေလည်း မလေးနဲ့ ထိုင်းမှာ အလုပ်လုပ်နေကြရတာဟဲ့ ပွင့်ဖြူက ကိုအာင်မိုးညိုရဲ့။ အမြန်ဆုံး အကောင်အထည်ဖော်အောင် ဆက်လက်ဆောင်ရွက်ဖို့ ထောက်ခံပါတယ်ရှင်။
    ဒေါက်တာခင်ချိုစု (ပွင့်ဖြူ)

    ReplyDelete
  2. မိသားစုတွေ တပေါင်းတစည်းတည်း မြန်မြန်ပြန်လည် နေထိုင်နိုင်ပါစေလို့...ဆုတောင်းရင်း...

    ReplyDelete