Tuesday 31 July 2012

ပဋိပက္ခအတွင်းသေဆုံးသူများအတွက် ထိုင်းအခြေစိုက်ရခိုင်လူမှုအဖွဲ့စည်းများက ထောက်ပံ့ငွေပေးအပ်

နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုပဋိပက္ခများကြောင့် အသက်ဆုံးပါးသွားရသည့် ရခိုင်တိုင်းရင်းသားများ အတွက် ၄င်းတို့၏မိသားစုဝင်များအား ရခိုင်လူမှုအဖွဲ့စည်းများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


အသက်ဆုံးပါးသွားသူနှင့် ဒဏ်ရာရသူများအပြင် ပဋိပက္ခဖြစ်စဉ်ကာလဖမ်းဆီးခံထားရသည့် ရခိုင်တိုင်းရင်းသားများအတွက်ပါ
ထောင်ဝင်စာနှင့်မိသားစုစားဝတ်နေရေးအတွက်ပါ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဗဟိုရုံးတွင်ဇူလိုင်လ နောက်ဆုံးအပတ်အတွင်းက ပေးအပ်ခဲ့ခြင်းဖြစ်ပြီးမိသားစုဝင်များ
အတွက် ထိုင်းနိုင်ငံမှ ရခိုင်လူမှုအဖွဲ့စည်းဖြစ်သည့် ရခိုင်ပြည်ဘေးရန်သင့်ကူညီထောက်ပံ့မှု ကော်မတီ(ထိုင်းနိုင်ငံ)မှ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။


“ရခိုင်ပြည်ဘေးရန်သင့်ကူညီထောက်ပံ့ရေးကော်မတီ(ထိုင်းနိုင်ငံ)ကကူညီဖို့အတွက် တစ်ရာ့ရှစ်သိန်းကို ပို့ပေးဖို့ ရှိပါတယ်။ တစ်ပတ်အတွင်း အဲဒီအဖွဲ့စည်းရဲ့ဆန္ဒအတိုင်း သူတို့မှာကြားတဲ့အတိုင်း ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ပေးတဲ့အခါမှ စစ်တွေကလူပါပါတယ်။ မောင်တော ၊ ရမ်းဗြဲမှသေဆုံးသွားတဲ့ မသီတာထွေးလည်း ပါပါတယ်”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ဦးစံကျော်လှက ပြောသည်။

အသက်ဆုံးပါးသွားသူများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေတစ်သိန်းစီ၎င်းတို့၏မိသားစုများကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။ထိုအပြင် သေဆုံးသွားသူများအတွက်အမှတ်တရကျောက်တိုင်များကိုစစ်တွေမြို့ ရွာမသာယာရွက် ပဏ္ဍိတာရာမ ကျောင်းဝင်းတွင် စိုက်ထူထားကြောင်းသိရသည်။

“အခုမင်းဂံကကျဆုံးသွားတဲ့ဦးလှဌေးအတွက်ကျောက်တိုင်စိုက်ထားပါတယ်။နောက်ပဋိပက္ခမှာကျဆုံးသွားတဲ့သူတွေအတွက် လဲကျောက်တိုင်စိုက်ဖို့အစီစဉ်ရှိပါတယ်’’ဟုပဏ္ဍိတာရာမကျောင်းမှကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တ ပဏ္ဍိတက မိန့်ကြားပါသည်။

ရခိုင်ပြည်နယ် ဖြစ်စဉ်များတွင် ရခိုင်နှင့်ဘင်္ဂလီစုစုပေါင်း (၇၇) ဦးအသက်ဆုံးပါးခဲ့ရပြီး(၁၁၁) ဦးဒဏ်ရာ ရရှိခဲ့သည်။

No comments:

Post a Comment