Tuesday 31 July 2012

မောင်တောတွင် လူ ၅၀၀ခန့် ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်



ရန်ကုန်၊ ဇူလိုင် ၃၁

ရခိုင်ပြည်နယ် မောင်တော်မြို့နယ်သို့ ယနေ့ နံနက်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားကို တိုင်းရင်းသားများ၏ အခွင့်အရေးကို
 လေးစားရန်၊ နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို လေးစားရန် အပါအ၀င် အချက်လေးချက်ပါ
ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဒေသခံတိုင်းရင်းသား ၅၀၀ခန့် ယနေ့ နံနက် ၁၁နာရီခန့်မှ စတင်ကာ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်လျက် ရှိကြောင်း မောင်တောမြို့ ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။
ဒေသခံများသည် နိုင်ငံတော်သမ္မတကြီး၏ ဆုံးဖြတ်ချက်ကိုလေးစားရန်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန်၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို လေးစားရန်၊ မျှမျှတတဆက်ဆံရန် ဟူသော တောင်းဆိုချက်များ ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ မောင်တောမြို့ပေါ်သို့ လာရောက်သောလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား၏ မော်တော်ယာဉ်တန်း
တစ်လျှောက်တွင် ငြိမ်းချမ်းစွာ စုဝေးတောင်းဆိုနေကြကြောင်း မောင်တောမြို့ အောင်မြေဗောဓိ သာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းမှ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေနမ်ဗီးယားသည် ရခိုင်ပြည်နယ်သို့ ဒေသတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားချိန် ဇွန်လ ၁၃ရက်နေ့နှင့် ၁၄ရက်နေ့တို့တွင် သွားရောက်ခဲ့ကာ ၄င်းသည် ယင်းဒေသရှိ အစ္စလာမ် ဘာသာဝင်များဖြင့်သာ တွေ့ဆုံခဲ့ပြီး ရခိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်
 တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း ရခိုင်ဒေသခံများထံမှ သိရှိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး ခေါင်းဆောင် သောမတ်စ် အိုဟေးကင်တားနားသည် 
ဇူလိုင်လ ၃၁ရက်နေ့နှင့် သြဂုတ်လ ၁ရက်နေ့တို့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့များကို သွားရောက်မည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ဆေးရန်သွားရောက်ခြင်းဖြစ်ကြောင်း 
သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ref: thevoice

No comments:

Post a Comment