Tuesday 31 July 2012

နည်းပညာ တက္ကသိုလ် နှစ်ခုမှ ဘွဲ့ကြို သင်တန်းများ ပြန်လည် ဖွင့်လှစ်မည်

သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ ရန်ကုန် နည်းပညာ တက္ကသိုလ်နဲ့ မန္တလေး နည်းပညာ တက္ကသိုလ် တို့မှာ လာမယ့် ပညာသင်နှစ်က စတင်ပြီးဘွဲ့ကြို သင်တန်းတွေကို ပြန်လည် ဖွင့်လှစ်
သင်ကြား တော့မှာ ဖြစ်တယ်လို့ တက္ကသိုလ် တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ တက္ကသိုလ် တွေမှာ ယခင်က ဖွင့်လှစ် သင်ကြား ပေးခဲ့တဲ့ အင်ဂျင်နီယာ ဘွဲ့ကြို သင်တန်းတွေကို ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အချိန်လောက်က စတင်ကာ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုရပ်နား ထားရတာ အဲ့ဒီ တက္ကသိုလ် တွေမှာ ဘွဲ့ကြိုသင်တန်း မရှိပေမယ့် ဘွဲ့လွန် သင်တန်းနဲ့ အခြား ဒီပလိုမာတန်း တွေကို ဖွင့်လှစ် သင်ကြား ပေးလျက် ရှိတာ ဖြစ်ပါတယ်။ အခုအခါ မှာတော့ ဘွဲ့ကြို သင်တန်းတွေ ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းပြီး သင်ရိုးညွှန်းတမ်း၊ သင်ရိုး မာတိကာသစ်တွေ ညှိနှိုင်း ရေးဆွဲမှု ပြုလုပ် နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အင်ဂျင်နီယာ ပညာရေး အဆင့်ကို နိုင်ငံတကာ အဆင့် ရောက်ရှိစေဖို့ အတွက်လည်း လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။

အဲ့ဒီ အတွက် လက်ရှိမှာ နည်းပညာ တက္ကသိုလ် နှစ်ခုအတွက် ဘွဲ့ကြို သင်တန်း ဆိုင်ရာ သင်ရိုး ညွှန်းတမ်းတွေ ပြန်လည် ရေးဆွဲမှု အပြင် အခြားသော နည်းပညာ တက္ကသိုလ်၊ ကောလိပ်တွေ အတွက်လည်း နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင် ရေးဆွဲဖို့၊ သင်ထောက်ကူ ပစ္စည်းနဲ့ သင်ကြားရေးကို ဖြည့်ဆည်းဖို့ အတွက် စီမံချက်တွေ ချမှတ် စီစဉ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment