Tuesday 31 July 2012

ရဲတပ်ဖွဲ့ဝင်များပြည်သူလူထုအပေါ်အမှီအခိုကင်း၍ ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရန်အတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ဟု ကိုယ်စားလှယ်တစ်ဦးဆို



ရဲတပ်ဖွဲ့ဝင်များ ပြည်သူလူထုအပေါ် အမှီအခိုကင်း၍ ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရန်အတွက် အစိုးရအနေဖြင့် စဉ်းစားသင့်ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်အတွင်း
 ပြည်ထဲရေးဝန်ကြီးအား လုပ်ဆောင်ပေးရန်အစီအစဉ်ရှိမရှိမေးမြန်းခဲ့သည်။

“မိဘပြည်သူတွေအပေါ်မှီခိုရတယ် ဆိုတာမလွှဲသာလို့ပါ ကိုယ်ဘာသာရပ်တည်နိုင်ရန် မမှီခိုကြပါဘူး ဒါပေမယ့် ဌာနရဲ့အသုံးစာရိတ်က ဘယ်လိုမှမလောက်ပါဘူး သွားလာစရိတ်တွေရှိတယ် အမှုတစ်ခုဖြစ်ရင် ခရီးစရိတ်၊ သယ်ယူစာရိတ် အမှုရင်ဆိုင်ရရင်လည်း အဲဒါနဲ့ပတ်သက်တဲစာရွက်စာတမ်း
ကုန်ကျစရိတ်က နိုင်ငံတော်ဘတ်ဂျက်ကနေမရပါဘူး ဒီတော့ ရဲတပ်ဖွဲ့ဟာတဖြည်းဖြည်းနဲ့
 ပြည်သူတွေရဲ့ငြိုငြင်မှုကိုခံရတာပေါ့ သမ္မတကြီးပြောတဲ့ သန့်ရှင်းသောအစိုးရ ကောင်းမွန်သော
အုပ်ချု့ပ်ရေးဆိုတာ ဒိကိစ္စတွေကြောင့် ပြည်သူတွေကြားမှာပြောစရာဖြစ်နိုင်ပါတယ် ” ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ ကပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အားဒေသပြည်သူအပေါ် အမှီအခိုကင်းပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်တာဝန်
ထမ်းဆောင်နိုင်ရေးအတွက် လုံလောက်သော ခရီးစရိတ် ရုံးအသုံးအဆောင် ပစ္စည်းနှင့် ရုံးသုံးစက်ပစ္စည်း စသည်တို့ကို ငွေစာရင်းခေါင်းစဉ် အလိုက် ရန်ပုံငွေခွဲဝေချထားရန် အစီအစဉ်ရှိမရှိမေးမြန်းရာ တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က ယခှုနှစ်အတွင်း
လုပ်ဆောင်ပေးရန်အတွက်၂၀၁၃တွင် ဘတ်ဂျကတောင်းခံထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

”ကျွန်တော်တို့ကိုယ်စားလှယ်တွေဟာ ဌာနဆိုင်ရာတွေရဲ့အာနည်းချက်တွေကိုပဲ အပြစ်
တင်ပြောဆိုနေတယ်လို့ထင်စရာရှိပါတယ် ဒါပေမယ့်ကျွန်တော်တို့ဟာပြည်သူ့ကိုယ်စားပြော
နေကြရတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တာကြောင့် အခုလိုထောက်ပြ ပြောဆိုရတာပါ။ ရဲတပ်ဖွဲ့ဆိုတာ ပြည်သူကိုအကာအကွယ်ပေးနေတဲ့အဖွဲ့အစည်းပါ ဒါပေမယ့်  ရဲတပ်ဖွဲ့တွေ အနေနဲ့ကလည်း နိုင်ငံတော်ကချပေးတဲ့ ဘတ်ဂျက်ကလုံလောက်မှုမရှိတဲ့အတွက် ဥပမာ ပစ္စည်းတစ်ခုအခိုးခံရရင် ရဲတပ်ဖွဲ့ရဲ့ရန်ပုံငွေနဲ့မလုံလောက်လို့ အမှုသည်ဆီက အလှုခံတာမျိုးမေတ္တာခံ ရတာမျိုး ရှိပါတယ် ဒီတော့ ကြာရင် ပြည်သူတွေ က အထင်သေးလာနိုင်ပါတယ်”ဟုအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ ကထပ်လောင်းပြောကြားသည်။

No comments:

Post a Comment