Tuesday 31 July 2012

i Phone အသစ် လာမည့် စက်တင်ဘာတွင် လာတော့မည်

နာမည်ကျော် အမေရိကန် ကုမ္ပဏီကြီး ဖြစ်သည့် Apple ကုမ္ပဏီမှာ ၎င်းတို့၏ နာမည်ကျော် ထုတ်ကုန်ဖြစ်သော iPhone ၏ နောက်ဆုံး version ကိုထုတ်လုပ်ရန် ကြိုးစားနေကာ The New York Times 
သတင်းတွင် ဖော်ပြချက် အရ လာမည့် စက်တင်ဘာလ ၁၂ ရက်တွင်  စတင် ထုတ်ပြတော့မည်
 ဖြစ်ကြောင်း ရေး သားလိုက်ကာ ယင်းအစီအစဉ်နှင့် နီးစပ်သူ တစ်ဦး၏ အပြောကို ကိုးကားပြီး
 ရေးသားလိုက်ခြင်း ဖြစ်သည်။ ယခု သတင်းကို  iMore မဂ္ဂဇင်းတွင် ဖော်ပြရာ၌မူ  စက်တင်ဘာလ ၂၁ ရက်တွင် စတင် ထုတ်လုပ်မည် ဖြစ်ကာ  iPad mini နှင့်  iPod nano  အသစ်များကိုလည်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။



သို့ရာတွင် တရားဝင် ထုတ်ပြမည့် ရက်ကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။ လွန်ခဲ့သည့် နှစ်ကလည်း iPhone 4s ကို အောက်တိုဘာလ ၄ ရက်တွင် စတင် ရောင်းချ မည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်တွင် စတိုးဆိုင်များ၌ စတင် ရောင်းချပေးခဲ့သည်။ အားလုံးသော iOS ပစ္စည်းများတွင် ပိုမို သေးငယ်သည့် ဆက်သွယ်ရေး ပစ္စည်းများ ပါဝင်မည် ဖြစ်ကာ LTE ရေဒီယိုများနှင့် ပိုမို ကြီးမားသည့် ဘက်ထရီများ ပါဝင်လာမည် ဖြစ်သည်။

No comments:

Post a Comment