Tuesday 31 July 2012

တက္ကသိုလ်ပညာရေး ဥပဒေကြမ်းပြင်ဆင်ရေးဆွဲရေးဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

နေပြည်တော်၊ ဇူလိုင် - ၃၁

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက ရေးဆွဲသည့် ၂၀၁၂ ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းတစ်ခုလုံး ပြန်လည် ပြင်ဆင်ရေးဆွဲရေးကို တောင်ဒဂုံ မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက တင်သွင်းရာ ပြည်သူ့လွှတ်တော် ၁၈ ရက်မြောက်နေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ထောက်ခံခဲ့ကြ ကြောင်းသတင်းရရှိသည်။


ပညာရေးမြှင့်တင်မှုကော်မတီက ရေးဆွဲသည့် အဆိုပါဥပဒေကြမ်းအား ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်က အပိုဒ်လိုက် ပြင်ဆင်ရန် ပြင်ဆင်ထားသော်လည်း ဒေါ်တင်နွယ်ဦး၏ ဥပဒေတစ်ခုလုံး ပြင်ဆင် ရေးတင်သွင်းမှုအား ထောက်ခံခဲ့ ခြင်းဖြစ်သည်ဟုသိရသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်တွင်းရှိ ပညာရေး နယ်ပယ်မှ ပညာရှင်များနှင့် အခြားစိတ်ဝင်စားသူများ ပါဝင်၍ ခေတ်နှင့်လျော်ညီသည့် တက္ကသိုလ်ပညာရေးဥပဒေတစ်ခု ထပ်မံရေးဆွဲပေးရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။

“ဒီနေ့ အခင်းအကျင်းက ခေတ်နောက်ပြန်ဆွဲနေတဲ့ နဂို ဘောင်ထဲက မထွက်နိုင်တဲ့သူတွေ နဲ့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ဒီမို ကရေစီခေတ်သစ်ကို သွားကြတဲ့ သူတွေရဲ့ လွန်ဆွဲပွဲမှာ ဒီမိုကရေစီ ခေတ်သစ်ကို သွားတဲ့သူတွေရဲ့ အောင်ပွဲပါပဲ”ဟု သီပေါမဲဆန္ဒနယ်မှ ဦးရဲထွန်းကပြောသည်။ ထပ်မံရေးဆွဲမည့် တက္ကသိုလ်ပညာရေး ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေးဆွဲနိုင်ဖွယ်ရှိ ကြောင်းလည်းသတင်းရရှိသည်။

ref:7daynews

No comments:

Post a Comment