Tuesday 31 July 2012

ဖိလစ်ပိုင်တွင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ(၇)ဦးမျှ သေဆုံးသွားကြောင်း သိရှိရသည်။ အင်္ဂါနေ့က သတင်းများတွင် ဖော်ပြထားချက်အရ လူပေါင်း (၂၀၀၀၀)ကျော်သည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရပြီး ဖြစ်သည်။ မနီလာမြို့တော်တွင် အဓိက အခြေအနေ ဆိုးရွားနေသလို အနီးအနားရှိ ဒေသများသည်လည်း ပြင်းထန်သော ရာသီဥတု၏ ဆိုးဆိုးရွားရွား သက်ရောက်မှုကို ခံစားနေကြရသည်။ 



မနီလာမြို့ နေရာအတော်များများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေသလို လျှပ်စစ်ဓာတ်အားလိုင်းများလည်း
 ပြတ်တောက်ကုန်ကြောင်း သိရှိရသည်။ ယခုရာသီဥတု ဆိုးရွားမှုသည် တိုင်ဖွန်းဆာအိုလာနှင့် ဆက်စပ်နေပြီး သမုဒ္ဒရာထဲတွင်လည်း သီးခြား လေဖိအားနည်း ရပ်ဝန်းတစ်ခု တည်ရှိနေသည်။
မနီလာတွင် လေဆင်နှာမောင်းဆန်ဆန် လေပွေရိုင်းများ ဝင်ရောက်တိုက်ခတ်လျှက် ရှိနေပြီး တနင်္လာနေ့တွင် အင်အားပြင်းထန်သော မိုးကြိုးမုန်တိုင်းများပါ ဖြစ်ပေါ်လာခဲ့သည်။ အစောပိုင်းက အပူပိုင်း မုန်တိုင်းအဆင့်သာ ရှိနေသော ဆာအိုလာသည် တနင်္လာနေ့ ညနေပိုင်းတွင် တစ်နာရီ ကီလိုမီတာ (၁၅၀)နှုန်း တိုက်ခတ်သည့် တိုင်ဖွန်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။ မနီလာတွင် ခိုင်မာမှု အားနည်းသော တဲအိမ် အမြောက်အမြား ပျက်စီးခဲ့သော်လည်း အသေအပျောက် သတင်း မရှိသေးချေ။ ကမ်းခြေဒေသများတွင် နေထိုင်သူများသည် မုန်တိုင်းအားကောင်းလာချိန်တွင် ကုန်းတွင်းပိုင်းသို့
 ပြောင်းရွှေ့ခဲ့ကြသည်။


 ဖိလစ်ပိုင်တွင် ဒေသကြီး (၇)ခုထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အစိုးရက ဒေသအလိုက် အရေးပေါ် အခြေအနေ တုံ့ပြန် စီမံရေး အဖွဲ့များ စေလွှတ်ပေးထားကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။ ဆာအိုလာ မုန်တိုင်းသည် ယခုနှစ် မုန်တိုင်းရာသီတွင် ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည့် တိုင်ဖွန်းမုန်တိုင်း အခု(၂၀)အနက် သတ္တမမြောက်ဖြစ်သည်။ ဆာအိုလာ ဆိုသည်မှာ ဗီယက်နမ်နှင့်လာအိုတို့ တွင် 
တွေ့ရှိရသည့် ရှားပါးသော နို့တိုက်သတ္တဝါ တစ်မျိုး၏ အမည်ကို အစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။ 

ref:planet 

No comments:

Post a Comment