Tuesday 31 July 2012

စက်စွမ်းအား ၁၁ဝ စီစီနှင့်အောက် မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့်အတွက် အသက် ကန့်သတ်ချက် လျှော့ပေါ့သတ်မှတ်ပေးခြင်း

ယာဉ်မောင်းလိုင်စင်တစ်ခုခုရရှိရန်အတွက် စတင်သင်ကြားမောင်းနှင်နိုင်ရန် ကနဦးရယူရသည့် အမောင်းသင် လိုင်စင်အား အသက် ၁၇ နှစ်ပြည့်ပြီးမှ ရယူရမည်ဟု သတ်မှတ်ထားရှိခဲ့ပါသည်။ ယခုအခါ နိုင်ငံတော်၌ မော်တော်ဆိုင်ကယ်ကို မြို့ပြနှင့် ကျေးရွာအနှံ့အပြား တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။

အထူးသဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းတက်၊ ကျောင်းဆင်းအတွက်
မော်တော်ဆိုင်ကယ်ကို အဓိကစီးနင်းသွားလာလျက်ရှိကြသည်။ မော်တော်ဆိုင်ကယ်စီးနင်းသည့် ကျောင်း သား၊ ကျောင်းသူများမှာ အသက် ၁၇ နှစ် မပြည့် သေးသူများဖြစ်နေပြီး ယာဉ်မောင်းလိုင်စင် မရှိဘဲမောင်းနှင်သွားလာနေကြကြောင်း စိစစ်တွေ့ရှိရသည်။ 

ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ သွားလာမှုအဆင်ပြေ ချောမွေ့စေရေး၊ ဥပဒေနှင့်အညီဖြစ်စေရေး၊ စိတ်အနှောင့်အယှက်မဖြစ်စေရေးအတွက် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ၏ ကန့်သတ်ချက်များကို ကိုးကား၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် အတွက် အမောင်းသင်လိုင်စင် လျှောက်ထားခွင့်နှင့် မော်တော်ဆိုင်ကယ်မောင်း နှင်ခွင့်ကိုအောက်ပါအတိုင်း လျှော့ပေါ့သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
- အသက် (၁၆)နှစ်ပြည့်လျှင် အမောင်းသင် ယာဉ်မောင်းလိုင်စင် လျှောက်ထားခွင့်ပြုရန်၊
- အမောင်းသင်လိုင်စင်ရယူပြီး သတ်မှတ် ယာဉ်မောင်းသင်တန်း တက်ရောက်၍ စစ်ဆေးမှုအား

   ဖြေဆိုအောင်မြင်ပါက စက်စွမ်းအား ၁၁ဝ စီစီနှင့်အောက် မော်တော်ဆိုင်ကယ်အား
   မောင်းနှင်ခွင့်လိုင်စင်ထုတ် ပေးရန်၊
- အသက် (၁၈)နှစ် ကျော်မှသာ စက်စွမ်း အား ၁၁ဝ စီစီအထက် မော်တော်ဆိုင်ကယ်အား

   မောင်းနှင်ခွင့်ပြုရန်နှင့် လိုင်စင်ပြန်လဲ ထုတ်ပေးရန်၊
 

အထက်ပါပြင်ဆင်သတ်မှတ်ချက်အား ၂ဝ၁၂ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်ဆောင်ရွက်သွားမည်
  ဖြစ်ပါသည်။

No comments:

Post a Comment