Tuesday 31 July 2012

Microsoft Office 2013 အကြောင်း သိထားသင့်သမျှ

Windows 8 အတွက် အဆင့်မြှင့်တင်မှုပြုလုပ်ထားပြီး tablet တွေပေါ်မှာအသုံးပြုနိုင်မယ့် နောက်ဆုံးပေါ် Office ဗားရှင်းဖြစ်တဲ့ Microsoft Office 2013 ကို မကြာသေးမီ Microsoft ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပါ တယ်။ လုပ်ငန်းသုံးဆော့ဖ်ဝဲပရိုဂရမ်တွေ စုပေါင်းပါဝင်တဲ့ Microsoft Office 2013 ကို ARM ပရိုဆက်ဆာ တွေပေါ်မှာ သုံးနိုင်တဲ့ Windows RT အတွက်အပြင် x86-32 နဲ့ x86-64 Windows ဗားရှင်းများအနေနဲ့ပါ သီးခြားဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Office 2013 နဲ့ ပတ်သက်ပြီး သိထားသင့်သမျှကို
 ဖော်ပြလိုက်ပါတယ်။

Steve Ballmer Office 2013 Steve Ballmer Office 2013


Office 2013 ဗားရှင်း ဘယ်နှစ်မျိုး ရှိသလဲ။
Office 2013 အတွက် မတူညီတဲ့ ဗားရှင်းတွေကို အိမ်သုံးနဲ့ လုပ်ငန်းသုံး user တွေအတွက်
 ဖြန့်ချိပေးမှာဖြစ် ပေမယ့် package အပြည့်အစုံနဲ့ တန်ဖိုးကိုတော့ ကုမ္ပဏီက ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ အခကြေး ပေးသွင်းကာအသုံးပြုနိုင်တဲ့ Office 365 ရဲ့ cloud ဝန်ဆောင်မှုများအနေနဲ့ကတော့ Home Premium (20GB SkyDrive သိုလှောင်မှုနဲ့ တစ်လလျှင် Skype အသုံးပြုခွင့် မိနစ် ၆၀ ပါဝင်)၊ Small Business Premium (calendar များဝေမျှခြင်း၊ business-class မေးလ်အသုံးပြုခြင်း၊ HD conference ပြုလုပ်ခြင်း)နဲ့ ProPlus တို့ဖြစ်ပါတယ်။ Office 2013 ကို ဝယ်ယူသူများဟာ maintenance update များကိုသာ ရရှိမှာဖြစ်ပေ မယ့် Office 365 ကို အခကြေးငွေပေးသွင်းပြီးအသုံးပြုသူများကတော့ အရေးပါတဲ့ update တွေကို ရရှိမှာဖြစ် ပါတယ်။ARM အခြေခံ tablet များအတွက် Microsoft RT Office ဗားရှင်းကိုလည်း
 ဖြန့်ချိပေးမှာဖြစ်ပြီး Home နဲ့ Student 2013 RT ဗားရှင်းမှာ Word, Excel, PowerPoint နဲ့ OneNote တို့ ပါဝင်မှာဖြစ်ပါတယ်။

Office 2013 ကို ဘယ်လိုထုတ်ကုန်တွေမှာ သုံးနိုင်သလဲ။
Office 2013 ကို ဝယ်ယူသူများဟာ PC ငါးလုံးအထိ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အခြားထုတ်ကုန်များ ပေါ်မှာ ထည့်သွင်းအသုံးပြုလိုတဲ့အခါမှာလည်း ဗားရှင်းတွေကို deactivate လုပ်နိုင်ပါတယ်။ SkyDrive ကနေတစ်ဆင့် cloud အခြေခံ document ဝေမျှမှုများအတွက်တော့ အခမဲ့ Windows Live Microsoft account တစ်ခုလိုပါတယ်။

Office 2013 ကို ဘယ်အချိန် ဖြန့်ချိမလဲ။
ဖြန့်ချိမယ့်အချိန်နဲ့ပတ်သက်ပြီး Microsoft ကုမ္ပဏီက ကြေညာထားခြင်းမရှိပေမယ့် အဆိုပါ Office ဗားရှင်းသစ် ကို Windows 8 ဖြန့်ချိချိန်နဲ့ တစ်ပြိုင်နက် ဖြန့်ချိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။



Office 2013 မှာ ဘာတွေ ပြောင်းလဲထားသလဲ။
Office ဗားရှင်းသစ်မှာ Windows 8 tablet များအတွက် touch, stylus တို့နဲ့အသုံးပြုနိုင်အောင် ပြုလုပ်ထားပြီး social feature သစ်များနဲ့ Skype တို့ကိုလည်း ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။ OneNote နဲ့ Lync ဟာ note-taking ချိတ်ဆက်ခြင်းနဲ့ ဗီဒီယိုချိတ်ဆက်ထားတဲ့ ဆက်သွယ်မှုများကို Office suite မှာ အထောက်အပံ့ ပေးထားပါတယ်။

Google Docs လိုမျိုး အခမဲ့အွန်လိုင်းအသုံးပြုမှုတွေ ပါဝင်သလား။
မပါဝင်ပါ။ ဒါပေမဲ့ ဆော့ဖ်ဝဲကို ဝယ်ယူရာမှာ cloud ချိတ်ဆက်မှုများကို အထောက်အပံ့ပေးထားတဲ့အတွက် လစဉ်ကြေးပေးသွင်းရန် မလိုပေ။ နောက်ပြီး Microsoft Office မှာ Office 365 လို့ခေါ်တဲ့ cloud အခြေခံ ဝန်ဆောင်မှုပါဝင်ပေမယ့် Google Docs လိုမျိုး အခမဲ့အသုံးပြုနိုင်ခြင်းမရှိဘဲ တစ်လကို ၄ ဒေါ်လာကနေ ၂၀ ဒေါ်လာ ကျသင့်မယ့် လစဉ်ကြေးပေးသွင်းခြင်းဖြင့်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Microsoft Office 2013 မှာ SkyDrive ကနေတစ်ဆင့် document တွေကို cloud မှာ သိမ်းဆည်းနိုင်ရန် အတွက် default အနေနဲ့ပြုလုပ်ပေးထားတဲ့အတွက် setting များ၊ dictionary များနဲ့ template များကို မည် သည့်ထုတ်ကုန်ပေါ်မှမဆို cloud ပေါ်မှာ သိမ်းဆည်းနိုင်ပါတယ်။

iOS နဲ့အသုံးပြုနိုင်သလား။
Office 365 ကို Web browser အချို့နဲ့အသုံးပြုနိုင်ဖို့အတွက် အထာက်အပံ့ပေးထားတဲ့အတွက် iPad နဲ့ iPhone ပေါ်မှာ အသုံးပြုနိုင်ပါတယ်။ iOS အတွက် Office ဗားရှင်းကို Microsoft ကုမ္ပဏီက ကြေညာ ထားခြင်းမရှိပါဘူး။ ဒါပေမဲ့ OneNote app များကို iOS သာမကဘဲ Android နဲ့ Symbian ဖုန်းတွေအတွက် အထောက်အပံ့ပေးဖွယ်ရှိပါတယ်။

Mac ဗားရှင်းအနေနဲ့ရော ဖြန့်ချိသလား။
Microsoft ကုမ္ပဏီက Mac အတွက် Office 2013 ကို မိတ်ဆက်ကြေညာခဲ့ခြင်းမရှိပေမယ့် Office 365 ကိုတော့ Office for Mac နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

System လိုအပ်ချက်က ဘာတွေလဲ။
Office 2013 ကို အသုံးပြုဖို့အတွက် Windows 7 ဒါမှမဟုတ် Windows 8 PC နဲ့ Windows RT tablet တို့ ရှိဖို့လိုပါတယ်။



Tablet တွေမှာ ဘယ်လိုအလုပ်လုပ်သလဲ။
Office ဗားရှင်းသစ်ကို tablet နဲ့ စမတ်ဖုန်းပေါ်မှာ အသုံးပြုနိုင်ဖို့အတွက် အဆင့်မြှင့်တင်ထားပါတယ်။ Layout အပြင်အဆင်ဟာ ရှင်းလင်းပြီး touch နဲ့အဆင်ပြေစွာသုံးနိုင်မယ့် button-icon တွေကို ထည့်သွင်းပေးထားပါ တယ်။ Word မှာ Ribbon ကို ဆက်လက်အသုံးပြုထားပေမယ့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်းအသုံးပြုလိုတဲ့ အခါမှာ Ribbon ဖယ်ရှားနိုင်ပါတယ်။ အခြားပါဝင်လာတာတွေကတော့ tablet ပေါ်မှာ စာဖတ်တဲ့အခါ စာအုပ်ဖတ်သလိုမျိုး စာရွက်တွေကိုလှန်လှောကြည့်ရှုနိုင်မယ့် Read mode အဆင့်မြှင့်တင်ခြင်းနဲ့ document များအတွင်း ဗီဒီယိုများကိုကြည့်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို Tablet ရဲ့onboard ကင်မရာနဲ့ ရိုက်ကူးနိုင်ပြီး document အတွင်းမှာ အရွယ်အစား ပြင်ဆင်နိုင်ပါတယ်။ ဒါ့အပြင် layout ပြောင်းလဲမှုကိုလည်း finger gesture များနဲ့ ပြုလုပ်နိုင်ပါတယ်။

Office 2013 ကို ဖုန်းတွေမှာ သုံးနိုင်သလား။
သုံးနိုင်ပါတယ်။ Windows ဖုန်းတွေမှာ SkyDrive ကနေတစ်ဆင့် Office ကို အထောက်အပံ့ပေးထားတဲ့အ တွက် ပြောင်းလဲထားတဲ့ update များကို ချောမွေ့စွာနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းတွေပေါ်မှာ Office ကို ဘယ်လောက်အတိုင်းအတာအထိ သုံးနိုင်မယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Skype အထောက်အပံ့ ပါဝင်သလား။
Video chat ပြုလုပ်ခြင်းနဲ့ document များပေါ်မှာ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် Skype ကို Microsoft Lyn နဲ့ Office မှာအထောက်အပံ့ပေးထားပါတယ်။ ဒါကြောင့် ၈၀ လက်မအရွယ် Perceptive Pixel screen ပေါ်မှာ သရုပ်ပြတင်ဆင်မှုများလိုမျိုး တင်ဆက်ပြသမှုများနဲ့ ရုံးအစည်းအဝေးတွေမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိစေမှာဖြစ်ပါတယ်။

 ref:IJ

No comments:

Post a Comment