Tuesday 31 July 2012

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်ကို ကွပ်ကဲရန်အတွက် နစက ကွပ်ကဲရေးမှူးအသစ်ရောက်ရှိ



ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်ကို ကွပ်ကဲရန်အတွက် နစက ကွပ်ကဲရေးမှူးအသစ် တစ်ဦး  ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။ရောက်ရှိလာသည့် နစက ကွပ်ကဲရေးမှူးအသစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ဦး (ယာယီ )အသစ်ဖြစ်ပြီး တောင်ကုတ်မြို့  ဇာတိဖြစ်ကြောင်းဆိုသည်။

" မနေ့က ၂ နာရီခွဲမှာရောက်ပါတယ်။ သူနဲ့အတူ သစ်တောရေးရာ ပြည်နယ် မန်နေဂျာလည်းပါတယ်။ အခု အသစ်ရောက်လာတဲ့ နစက ကွပ်ကဲရေးမှူးက ရခိုင်လူမျိုးလို့ပြောပါတယ်။ ရခိုင် လူမျိုးလို့ပြောတဲ့
အတွက် ဒေသခံ ရခိုင်တွေကတော့ ၀မ်းသာကြပါတယ် " …. ဟု မောင်တော မြို့  တစ်ဦးကပြောသည်။

ယခင်ရှိခဲ့သော နစက ကွက်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးအား တာဝန်ပေါ့လျော့မှု ၊ လာဘ်ပေးလာဘ်ယူ မှုများကြောင့် နေပြည်တော်သို့ ခေါ်ယူသွားပြီးနောက် အဆိုပါတာဝန်ကို ထမ်းဆောင်ရန် ဗိုလ်မှူးကြီး မောင်မောင်ဦးရောက်ရှိလာခြင်းဖြစ်သည်။ ရက်အတန်ငယ် လစ်လပ်နေခဲ့သည့် မောင်တောမြို့  အခြေစိုက် နစက မှူး တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဗိုလ်မှူးချုပ် မောင်မောင်ဦးမှာ ယခင် နစကမှူးများ ပြောင်းရွှေ့  လာပုံနှင့် မတူပဲ ထူးခြားချက်များ ရှိနေသည်ဟု သိရသည်။

" အရင်က ဗမာပြည်ဘက်က အရာရှိတွေ မောင်တောကိုပြောင်းလာရင် ဘာပစ္စည်းမှ ပါမလာဘူး။ဒီက ပြောင်းမှပဲ ပစ္စည်းတွေ အပြည့်နဲ့ပြန်တာ။ အခုရောက်လာတဲ့ ကွပ်ကဲရေးမှူးမှာတော့ အိမ်သုံး ပရိဘောဂတွေ အစုံပါလာတာတွေ့ရတယ်။ အဲဒါ တစ်ခုကတော့ ထူးခြားတယ်။ … " ဟု
 မောင်တောမြို့  မှ နစက နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခင် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို ဇွန်လ အတွင်းက မောင်တောမြို့  တွင် ဘင်္ဂလီများ ဆူပူအကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် နေပြည်တော်သို့ ခေါ်ယူသွားပြီး ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင် ကိုယ်တိုင် မောင်တော ခရိုင်ရှိ နစက တပ်ဖွဲ့များကို ယာယီကွပ်ကဲခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment