Tuesday 31 July 2012

အိမ်မွေးခွေးလေးကြောင့် Twilight စတားနှစ်ဦး အမုန်းပွားစရာပိုဖြစ်လာ

ခရစ္စတန် စတီးဝပ်နှင့် ရောဘတ်ပက်တင်ဆန်တို့သည် ယခုအခါ အချစ်တော် အိမ်မွေးခွေးလေးကြောင့် ပိုမိုအမုန်းပွားစရာ ဖြစ်လာရကြောင်း သိရှိရသည်။ ၎င်းတို့ ကယ်တင် မွေးစားထားသည့် ခွေးကလေး Bearကို Twilightစတား ဇာတ်ဆောင် နှစ်ဦးလုံးက ချစ်မြတ်နိုးကြသည်။ မင်းသမီး စတီးဝပ်သည် အိမ်ထောင်ရှိသည့် ဒါရိုက်တာ တစ်ဦးနှင့် ဇာတ်လမ်းရှုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည့်နောက် ပက်တင်ဆန်သည် ၎င်း၏ ချစ်သူကို စွန့်ခွာသွားခဲ့သည်။ ယခုအခါ Bearကို ပိုင်ဆိုင်ရေးအတွက် ယခင်က ချစ်သူနှစ်ဦးကြား ခါးသီးသော အားပြိုင်မှုများ ပေါ်ပေါက်လာဖွယ် ရှိနေသည်။ 



စတီးဝပ်သည် Maxဟု အမည်ပေးထားသည့် ကြောင်လေးတစ်ကောင်ကိုလည်း မွေးမြူထားသည့်တိုင် Bearကို ရရှိရေးအတွက်လည်း လိုလားနေကြောင်း သိရသည်။ အသက်(၂၂)နှစ်ရှိ မင်းသမီးနှင့် ၎င်းထက် (၄)နှစ်ကြီးသော မင်းသားတို့သည် လော့စ်အန်ဂျလိစ်တွင် အတူနေခဲ့သော်လည်း အခြေအနေများ ဆိုးရွားရှုပ်ထွေးလာသည့်နောက် သီးခြားစီ ခွဲထွက်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် လေလွင့် တိရစ္ဆာန်များကို ထိန်းသိမ်းထားသည့် နယူးအော်လန်း ဂေဟာတစ်ခုမှ Bearကို ခေါ်ယူ မွေးမြူထားခြင်း ဖြစ်သည်။  


စတီးဝပ်သည် Bearနှင့်အတူ ပျော်ရွှင်စွာ အချိန်ကုန်လေ့ရှိပြီး ပက်တင်ဆန် ရုပ်ရှင်ရိုက်နေသည့် အချိန်များတွင် Bearကြောင့် အထီးကျန် မဖြစ်ခဲ့ဟု ပြောဆိုဖူးသည်။ သူမသည် Snow White & Huntsman ဇာတ်ကားကို ရိုက်ကူးရင်း တွေ့ဆုံခဲ့သည့် ဒါရိုက်တာ ရူးပတ် ဆန်းဒါးစ်နှင့် ဇာတ်လမ်းဖြစ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ပက်တင်ဆန်က သူမကို စွန့်ခွာသွားခြင်း ဖြစ်သည်။  

No comments:

Post a Comment