Tuesday, 12 May 2015

နိုင်ငံရေးလုပ်ဇာတ်နှင့် လူထုအနီကတ် (ဒေါက်တာ ရန်မျိုးသိမ်း)


ကြက်ဥအယောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်ဆိုသည့် စ ကားအရတိုင်းရေးပြည်ရေး၊နိုင် ငံရေးသည်အလွန်အမင်း ရှုပ်ထွေးပွေလီသည့် အားလျော်စွာ နိုင်ငံရေးတွင် လုပ်ပွဲ လုပ်ဇာတ် ဒိုင်ပွဲရပ်များကလည်း ဒုနှင့်ဒေးဖြစ်သည်။ ပြည်သူလူထုကို မျက်လှည့်ပြပြီး နိုင်ငံရေးပါတီများကို ကြားလေသွေးကာ နိုင်ငံရေး ခေါင်းဆောင်များအချင်းချင်း စိတ်ဝမ်းကွဲအောင် ဖြားယောင်းမည့် ဇာတ်ညွှန်း၊ ဇာတ်အိမ်ခိုင်ခိုင်ခံ့ခံ့ နိုင်ငံရေးဗလာပွဲဆိုလျှင် တိုင်းရင်းသား ပြည်သူလူထု၏ အနီကတ်နှင့် ထိကာ တစ်ခန်းရပ်သွားနိုင်သည်။

လူသူကင်းမဲ့တဲ့မှော်မြို့တော်


မြန်မာလူမျိုးတို့၏ လျှို့ဝှက်သည်းဖိုဆန်လှ သည့် မှော်မြို့ တော်ကြီး နေပြည်တော်သည် အမေရိကန်နိုင်ငံ နယူးယောက် မြို့ထက် ခြောက်ဆခန့်ကြီးသည်။လျှပ်စစ်မီးအလင်းရောင်များနှင့် အလွန်ခမ်းနားတောက်ပြောင် သန့်ရှင်းသလို အတော့်ကိုလူသူ ကင်းမဲ့ခြောက်သွေ့လှပါ၏။ ဘာကြောင့် သည်မြို့တော်ကြီး ကို တည်ဆောက်ခဲ့ကြပါသနည်း။

လူ့အခွင့်အရေး ဥပဒေများနှင့်အညီ ဖြစ်စေရေး ယခုထက် ပိုမိုလုပ်ဆောင်ရန်လိုဟု အမေရိက ဝန်ခံ

မကြာသေးမီက တိုင်းပြည်အတွင်း၌ ရဲများကြောင့် လက်နက်မဲ့ လူမည်းအမျိုးသားများ သေဆုံးမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ၎င်းတို့အနေနှင့် လူ့အခွင့်အရေး ဥပဒေများကို ထိန်းသိမ်းရန် ယခုထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်ဟု တနင်္လာနေ့က ဝန်ခံပြောကြားလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု၏ ကိုယ်စားလှယ်တစ်ဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မစတင်မီတွင် ပြောကြားရာ၌ ၎င်းတို့နိုင်ငံသည် ကုန်လွန်ခဲ့သော ရာစုနှစ်ဝက် အတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း ရှေးဦးစွာ ပြောကြားခဲ့သည်။
သို့သော် မကြာသေးမီက ထွက်ပေါ်ခဲ့သည့် ရဲတပ်ဖွဲ့က အာဖရိကန်-အမေရိကန် အမျိုးသားများကို နှိပ်စက်ညှင်းပန်းခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သတ်၍မူ အမေရိကန်တရားရေး၏ လူ့အခွင့်အရေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ ဂျိမ်းစ်ကာဒိုဂန်က အမေရိကန်ပြည်ထောင်စု အနေနှင့် တိုင်းပြည်၏ လူ့အခွင့်အရေး ဥပဒေများသည် မူလပေးအပ်ထားသည့် ကတိများအတိုင်း လျော်ညီလျက်ရှိအောင် ပြန်လည်အာရုံစူးစိုက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မြို့ပြမိခင်တွေရဲ့ ကလေးထိန်းအသုံးစရိတ်ပြဿနာ ဘယ်လိုအဖြေရှာမလဲ

ယနေ့ခေတ်မှာ အလုပ်တစ်ဖက်နဲ့ မိခင်တွေ(Working Mothers)တွေဟာ ကလေးမီးဖွားပြီးရင် ဟို အရင်ခေတ်ကလို အဘိုး၊အဘွား တွေ၊ ဦးလေး၊ အဒေါ်တွေနဲ့ ညီ အစ်ကိုမောင်နှမတွေလက်ထဲ ကြည့်ရှု ထိန်းသိမ်းစောင့်ရှောက်ဖို့ လက်လွှဲထားခဲ့ပြီး အလုပ်ထွက် လုပ်ဖို့ မလွယ်ကူတော့တာ အမှန် ပါ။ အထူးသဖြင့် ရန်ကုန်လိုမြို့ ကြီး ပြကြီးမှာ အလုပ်လာလုပ်နေ ရတဲ့ နယ်ခံမဟုတ်တဲ့၊ ဆွေမျိုးအ သိုင်းအ၀ိုင်းလည်း အတူရှိမနေ နိုင်ကြတဲ့ မိခင်တွေဆိုရင်တော့ ကလေးထိန်းအကူမရှိဘဲနဲ့အလုပ် ထွက်လုပ်ဖို့ဆိုတာ မစဉ်းစားရဲစ ရာ အခြေအနေမျိုးဖြစ်နေပါတယ်။
မိခင်အများစုကတော့ကိုယ့် ၀င်ငွေထဲကနေ သုံးပုံတစ်ပုံ လောက်ကို ကလေးထိန်းရှာပြီး ဖြေရှင်းကြသလို တချို့မိခင်တွေ ကတော့ လုပ်ငန်းခွင်ကို အပြီး ကျောခိုင်းလိုက်တာမျိုးနဲ့ ဖြေရှင်း တတ်ကြပါတယ်။ ဒါပေမဲ့ ဒုတိယ နည်းလမ်းကို ရွေးချယ်တဲ့မိခင် တွေကတော့ နည်းပါးပြီး ကလေး အတွက် စိတ်ချရတဲ့ အထိန်းကူ ဖော်လောင်ဖက်ကို ကိုယ်တတ် နိုင်တဲ့ဈေးနှုန်းနဲ့ ရှာဖွေငှားရမ်းပြီး အဆင်ပြေအောင် ဖန်တီးတတ် ကြပါတယ်။

ပင်လယ်အတွင်းမှ ဘင်္ဂါလီ ၆ဝဝ နီးပါးကို အင်ဒိုနီးရှားကယ်တင်

ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအဖြစ် ယူဆခြင်းခံထားရသည့် ဘင်္ဂါလီ ၆ဝဝ နီးပါးကို အင်ဒိုနီးရှားတံငါသည်များက ယမန်နေ့တွင် ကယ်တင်လိုက်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်း အကျပ်အတည်း ဖြေရှင်းရန် နိုင်ငံရေး ဒိုင်ယာလော့ခ် တစ်ခုတည်းသာ ရှိဟု ရုရှားနှင့် ဂျာမနီ သုံးသပ်

ယူကရိန်းနိုင်ငံတွင် မပြီးပြတ်နိုင်ဘဲရှိသော စစ်မက်ပဋိပက္ခသည် နိုင်ငံရေး ဒိုင်ယာလော့ခ်နည်းလမ်း တစ်ခု တည်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဂျာမနီအဓိပတိ အင်ဂလာမာကဲလ်တို့က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုအပြီး တောင်ကိုရီးယား အစိုးရ လုံခြုံရေး အစည်းအဝေး ခေါ်ယူ

မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု လုပ်ဆောင်ခဲ့အပြီး တောင် ကိုရီးယား သမ္မတ ပက်ခ်ဂွမ်ဟီးက သူမ၏ အစိုးရကို ဆင့်ခေါ်စုစည်းကာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် ထိုင်းရဲများ၏ မတရားလုပ်ရပ်များ ထိုင်းထိပ်တန်းသတင်းဌာနများ ဖြစ်သည့် Channel 3 နှင့် Channel 8 တို့ ဖော်ထုတ်

မြန်မာရွှေ့ပြောင်းအလုပ်သမားများ မတရားလုပ်ခံရမှုများကို ထိုင်းသတင်းဌာနများ ဖော်ထုတ်ရိုက်ကူးနေ စဉ်။ (ဓာတ်ပုံ - သတင်းမုဆိုး)
ထိုင်းရဲများ၏ မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် မတရားလုပ်ရပ်များအား အုပ်ချုပ်သူများ သိစေရန် ထိုင်းနိုင်ငံ၏ ထိပ်တန်းရုပ်သံလိုင်းသတင်းဌာနများ ဖြစ်သည့် Channel 3 နှင့် Channel 8 တို့မှ ဖော်ထုတ် ရိုက်ကူးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် စည်ပင် ကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းသူ ရှစ်ဦးရှိ

အောင်မြေသာစံမြို့နယ်ကိုယ်စားပြု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ်လောင်းဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ ရှစ်ဦးရှိကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲ ကော် မရှင်မှသတင်းရရှိသည်။
ပထမအကြိမ်က ဥပဒေပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့် ကိုယ်စားလှယ် လောင်းမရှိ၍ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသော အောင် မြေသာစံမြို့နယ်တွင် ဒုတိယ အကြိမ်ကိုယ်စားလှယ်လောင်း အဆိုပြုလွှာ ထပ်မံခေါ်ယူခဲ့ရာ လျှောက်လွှာလာရောက်ထုတ်ယူ သူ ၂၂ ဦးရှိခဲ့ပြီး အမျိုးသားရှစ် ဦးက ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းလာ ရောက်တင်သွင်းခဲ့သည်ဟု မန္တလေးစည်ပင်သာယာရွေး ကောက်ပွဲကော်မရှင်ရုံးအဖွဲ့မှူး ကပြောသည်။

ယူကရိန်း အကျပ်အတည်း ဖြေရှင်းရန် နိုင်ငံရေး ဒိုင်ယာလော့ခ် တစ်ခုတည်းသာ ရှိဟု ရုရှားနှင့် ဂျာမနီ သုံးသပ်

ယူကရိန်းနိုင်ငံတွင် မပြီးပြတ်နိုင်ဘဲရှိသော စစ်မက်ပဋိပက္ခသည် နိုင်ငံရေး ဒိုင်ယာလော့ခ်နည်းလမ်း တစ်ခုတည်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဂျာမနီအဓိပတိ အင်ဂလာမာကဲလ်တို့က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။
“ယူကရိန်းအစိုးရနှင့် ဒွန်နီဆတ်နှင့် လူဂန်ဆတ်တို့အကြား တိုက်ရိုက်ဒိုင်ယာလော့ခ် ပြုလုပ်မှသာ ရေရှည်စိတ်ချရသော တည်ငြိမ်အေးချမ်းမှုတစ်ရပ် ထွက်ပေါ်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်” ဟု ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် ဂျာမနီ အဓိပတိနှင့်အတူ ပူးတွဲကျင်းပသည့် ဆွေးနွေးပွဲ၌ ဗလာဒီမာပူတင်က ပြောကြားသည်။

ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းတွင် ပြည်ပနိုင်ငံ များမှ တင်သွင်းသော ဂြိုဟ်တုစလောင်းများနှင့် ဂြိုဟ်တုရုပ်မြင် သံကြားဖမ်းစက်များကို ကြီးကြပ်ရန်ပြဋ္ဌာန်းချက် ထည့် သွင်းထား

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင်ပြည်ပနိုင်ငံများမှ တင်သွင်းသော ဂြိုဟ်တု စလောင်းများနှင့် ဂြိုဟ်တုရုပ်မြင်သံကြား ဖမ်းစက်များကိုကြီးကြပ်ရန် ပြဋ္ဌာန်းချက် ထည့်သွင်းထားကြောင်း သိရသည်။

မွေးရာပါ ဝမ်းဗိုက်အပြင်ဘက်တွင် အူအခွေလိုက်ထွက်၍ မွေးဖွားလာသည့် ကလေးနှစ်ဦး ခွဲစိတ်ကုသမှုခံယူရန် ရန်ကင်းကလေးဆေးရုံကြီးသို့ ရောက်ရှိနေ

မွေးရာပါဝမ်း ဗိုက်အပြင်ဘက်တွင် အူအခွေလိုက် ထွက်၍ မွေးဖွားလာသည့် ကလေး နှစ်ဦးခွဲစိတ်ကုသမှု ခံယူရန် ရန်ကင်း ကလေးဆေးရြုံကီးသို့ ရောက်ရှိနေ ကြောင်း သိရသည်။

ထိုင်းလူပွဲစားများ တောထဲတွင် ပစ်ထားခဲ့သည့် မြန်မာ ၄၆ ဦးကို ထိုင်းစစ် တပ်မှ ထပ်မံရှာဖွေတွေ့ရှိ

တောထဲတွင် ထပ်မံတွေ့ရှိခဲ့သည့် မြန်မာလုပ်သားများအား တွေ့ရစဉ်။ Photo-Manager Online
လူကုန်ကူးခံရပြီး အစာရေစာ ပြတ်လပ်နေသည့် မြန်မာ ၄၆ဦးအား Chumphon နယ်မြေ တောစပ်အနီး  တောင်ကြား တွင် ထိုင်းစစ်တပ်မှ ထပ်မံရှာဖွေတွေ့ ရှိသဖြင့် ကယ်တင်လာခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ် ဌာနီခရိုင် Chumphon နယ်မြေ တောစပ်တွင် လူကုန်ကူးသူများမှ တောထဲ တွင် ပစ်ထားခဲ့သဖြင့် အစာ ရေစာပြတ်လပ်ကာ နီးစပ်ရာ ရွာ များသို့ အစားအစာ များလာရောက် တောင်းခံ ခဲ့ချိန်တွင် ရွာသူကြီးမှ ထိုင်း လုံခြုံရေးတပ်ဖွဲ့ သို့ သတင်း ပို့ခဲ့ခြင်း ကြောင့် မေ ၈ ရက်တွင် မြန်မာနိုင်ငံ သား ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ယခုထပ်မံကာ အဆိုပါ တော အတွင်း သို့ ထိုင်းအာဏာ ပိုင်များမှ လူအင် အားသုံး ရှာဖွေမှုများပြုလုပ်ခဲ့ပြီး မေ ၉ ရက် နေ့လယ်ပိုင်းက အစာ ရေစာပြတ်လပ်ကာ ဒုက္ခရောက်နေ ကြသည့် မြန်မာနိုင်ငံသား အမျိုး သား ၄၁ ဦး နှင့် အသက် ၁၂ နှစ်မှ ၄၄ နှစ်အတွင်းရှိအမျိုးသမီး ခြောက် ဦးတို့ကို ထပ်မံတွေ့ ရှိခဲ့ခြင်းဖြစ် ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်း သတင်းဌာန၏ ဖော်ပြချက်အရ သိ ရသည်။

အထွေထွေရွေးကောက်ပွဲ လုံခြုံရေးအတွက် ကြက်ခြေနီများ အသုံးပြုခြင်းကို လက်မခံဟုဆို

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ အရန်လုံခြုံရေးအတွက် ကြက်ခြေနီများကို ခေါ်ယူအသုံးပြု မည် ဆိုပါက လက်ခံမည် မဟုတ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက The Voice သို့ ပြောကြားသည်။ 

ဘာရင်ကျွန်းမီးတောင် ပြင်းထန်စွာ ပေါက်ကွဲလျှင် မြန်မာနိုင်ငံတွင် ငလျင်နှင့် ဆူနာမီရေလှိုင်း အန္တရာယ်ရှိဟုဆို

ကပ္ပလီပင်လယ်ပြင် အတွင်းရှိ ဘာရင်ကျွန်း (Barren Island) မီးတောင်သည် အင်အားပြင်းထန်စွာ ပေါက်ကွဲခဲ့ပါက မြေငလျင် လှုပ်ခတ်ခြင်းနှင့် ဆူနာမီ ရေလှိုင်းအန္တရာယ်ကို မြန်မာနိုင်ငံတွင် ကြုံတွေ့နိုင် သဖြင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ တပ်ချုပ်၏ ပြည်ပခရီးစဉ် အပြီးတွင် ပြုလုပ်မည်

နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံရေးခေါင်းဆောင် ခြောက်ဦး ပါဝင်သော ဒုတိယအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကို တပ်မတော် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံခြား ခရီးစဉ်ပြီးမှသာ ကျင်းပနိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

အနည်းဆုံးလုပ်ခ သတ်မှတ်ရန် အလုပ်ရှင်များ၏ အခက်အခဲများကို စစ်တမ်းကောက်မည်


မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် ညှိနှိုင်းရာတွင် အထည်ချုပ်လုပ်ငန်းရှင် အများစု ပါဝင်သည့် CMP လုပ်ငန်းရှင်များက တစ်ရက်လုပ်အားခ ကျပ် ၁၅၀၀ ထက် တိုးမြှင့်ပေးရန် အခက်အခဲ ရှိသည်ဟု ဆိုသဖြင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကို စစ်တမ်းကောက်မည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲ ထုတ်ပြန်ချက် NLD သဘောထား မပါဝင်ဟု ထုတ်ပြန်

အစိုးရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်သော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲ ထုတ်ပြန်ချက်တွင် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ သဘောထား မပါရှိကြောင်း အဆိုပါ ပါတီက ထုတ်ပြန်လိုက်သည်။ 

မူးယစ်ဆေးသုံးသူများမောင်းမကန်ကမ်းခြေကိုမျက်စိကျ

ဟိုတယ်၊ တည်းခိုခန်းများအပြင် အလုံပိတ် အခန်းပါ စားသောက်ဆိုင်များ တစ်နှစ်ထက် တစ်နှစ် တိုးလာ သော မောင်းမကန် ကမ်းခြေအားတားမြစ် ဆေးသုံးစွဲသူတို့ကဆေးသုံးစွဲရန် နေရာအဖြစ် မျက်စိကျ လာ ကြောင်း မောင်းမကန် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးဦးယူသိန်းကပြောသည်။

ခံတွင်းရနံ့ မနံစေဖို့ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

ပါးစပ်ကထွက်တဲ့ အနံ့ဆိုးတွေဆိုတာ သင့်ရဲ့ အစာအိမ်ထဲကလာတာပါ။ တစ်နည်းအားဖြင့် သင်စား ထားတဲ့ အစားအစာအပေါ်မူတည်ပြီး ပါးစပ်ကအနံ့ထွက်နိုင်ပါတယ်။ ကြက်သွန်ဖြူတို့ ဒညင်းသီးတို့လို အနံ့ပြင်းတဲ့ အစားအစာတွေ စားမိမှ ပါးစပ်ကနံတာမဟုတ်ပါဘူး။ သင်မထင်မှတ်ထားတဲ့ အစားအစာ တစ်ချို့ကလည်း သင့်ကို အနံ့ဆိုးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီအစားအစာ တွေကတော့ -