Monday, 28 July 2014

အချိန်မတန်ခင် အိုမင်းရင့်ရော်မှု မဖြစ်စေဖို့အတွက် စားပေးသင့်တဲ့ မနက်စာ(၆) မျိုး

Photo: အချိန်မတန်ခင် အိုမင်းရင့်ရော်မှု မဖြစ်စေဖို့အတွက် စားပေးသင့်တဲ့ မနက်စာ(၆) မျိုး
Monday, July 28, 2014 

နှစ်ရှည်အရေပြားကို ခွာထုတ်သွားသလို မျက်နှာပြင်ကိုပြန်နုပျိုစေတဲ့ အစားအစာထက်ကောင်းတာ ဘာများရှိသေးလို့လဲ။ သင့်တော်ကောင်းမွန်တဲ့ အစားအစာကို စားသုံးခြင်းဟာ ပိုမိုအသက်ရှင်ကျန်းမာစေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်ပါတယ်။် မနက်တိုင်း ဒီအစာပြေ (၆) မျိုးနဲ့ သင့်ကိုသင် နုပျိုအောင် ဂရုစိုက်ပေးပါ။

ကြက်ဥ
သူ့ရဲ့ ကိုယ်လက်ထရောဓာတ်ကြောင့် ကြဥက သင့်အတွက်ကောင်းကျိုးမပြုဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ ကြက်ဥတစ်နေ့တစ်လုံးပုံမှန် စားသုံးပေးခြင်းဖြင့် လုံလောက်တဲ့ ကျန်းမာရေးအကျိုးရလဒ်ကို အမှန်တကယ်ရရှိစေတယ်လို့ သုသေသန ပြုလုပ်ချက်အရ သိရှိရပါတယ်။ အစေ့၊ အသီးအရွက် နှင့် သံလွင်၊ အခွံမာစသည့် အသီးတွေကနေရရှိတဲ့ အဆီဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးမဖြစ်တဲ့အ အဆီဓာတ်ပမာဏ အများအပြားပါဝင်ပါတယ်။ ဒါပေမဲ့ ပျော်ဝင်နှုန်းနှေးကွေးတယ်။ ကြက်ဥအဖြူက အသားဓာတ်ပါဝင်မှုများပြီး ကြက်ဥအ၀ါက မရှိမဖြစ်လိုအပ်တဲ့ B1,B2,B6,B12, A နဲ့ E ဗီတာမင်တွေ နဲ့အတူ သံဓာတ်နှင့် ကယ်စီယမ်ဓာတ်ပါဝင်တယ်။

အုတ် ဂျုံမှုန့်
ကိုလက်စထရောဓာတ်ကို ထိန်းချုပ်ပေးတဲ့ အမျှင်ဓာတ်ပါဝင်မှုမြင့်မားတာကြောင့် မြင်းစားဂျုံစပါးဟာ အသက်အရွယ် အိုမင်းရင့်ရော်လာမှုကို ထိန်းချုပ်ပေးတဲ့ အစားအစာတစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ် ကျန်းမားခြင်းအတွက် အကောင်းဆုံးဖြစ်တဲ့ omega 3 fatty acids ၊ ဖိုလိဒ် နဲ့ ပိုတက်စီယမ် တွေနဲ့အတူ အုတ် ဂျုံမှုန့်မှ ဆီးချိုရောဂါကို ကာကွယ်ပေးတဲ့ ကာဗွန်ဟိုက်ဒရိုက် တွေလည်းပါဝင်ပါတယ်။ ဆဲလ်ပျက်စီးမှုခုခံ ကာကွယ်ပေးတဲ့ အင်တီအောက်ဆီဒင်းကြောင့်  အရေပြားတွန့်လိမ်ခြင်းကို လျော့ချပေးပါတယ်။

ဗလူးဗယ်ရီသီး
ဗီတာမင်ဓာတ်နှင့် အမျှင်ဓာတ်ပါဝင်မှုနှုန်းများပြားတာကြောင့်  ဗလူးဗယ်ရီသီးဟာ မနက်အစာပြေအတွက်သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီဓာတ်တော့လျော့နည်းတယ်။ ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချို စတဲ့ အသက်သေစေနိုင်တဲ့ ရောဂါတွေကို ခုခံပေးပြီး အားအင်တွေကို ပြန်လည် ဖြည့်ဆည်းပေးပါတယ်။

သလဲသီးအချိုရည်
နောက်ဆုံးလေ့လာချက်အရ သလဲသီးတွေက DNA အိုမင်းရင့်ရော်မှုအရှိန် လျော့ချပေးပါတယ်။ ဒါကြောင့်မို့ သလဲသီးအချိုရည်တစ်ခွက်က အရေပြားတွန့်ခြင်းကို ထိန်းထားပေးပါတယ်။ ခန္ဓာကိုယ်ထဲ DNA ဓာတ်ပြုမှုဖြစ်ပြီး စိတ်ဖိစီးမှုနဲ့ နှလုံးရောဂါ ကို သက်သာစေတယ်။

လက်ဖက်ခြောက်
လက်ဖက်ခြောက်ထဲမှပါဝင်တဲ့ အင်တီအောက်ဆီဒင်း EGCG က အရေပြားကိုပြန်လည်နုပျိုစေပါတယ်။ လက်ဖက်ခြောက်မှာ မျက်နှာအရေပြား အိုမင်းရင့်ရော်မှုကို လျော့နည်းစေတဲ့ နောက်ထပ် အင်တီအောက်ဆီဒင်းနှစ်ခုဖြစ်တဲ့ ကက်သချင်စ် နဲ့ ပိုလိုဖီနော် ပါဝင်တယ်။

ရှောက်ခါးသီးကြီး
အနှံ့အရသာပြင်းပြတဲ့ ဒီအသီးဟာ အ၀လွန်ခြင်းကနေ ထိန်းထားပေးသည်သာမက ဆေးချိုရောဂါကိုအမြဲစစ်ဆေးပေးပါတယ်။ မကောင်းတဲ့ညကို လက်ထရောဓာတ်ကိုလျော့ချပေးပြီး ကောင်းမွန်တဲ့ကိုလက်ထရောဓာတ်ကို တိုးပေးပါတယ်။ နောက်ပြီး နှလုံးကိုသက်စေကျန်းမာစေတဲ့ ဗီတာမင်စီ် ကြွယ်ဝစွာပါဝင်တယ်။

Source: mensxp
Trend Myannmar
နှစ်ရှည်အရေပြားကို ခွာထုတ်သွားသလို မျက်နှာပြင်ကိုပြန်နုပျိုစေတဲ့ အစားအစာထက်ကောင်းတာ ဘာများရှိသေးလို့လဲ။ သင့်တော်ကောင်းမွန်တဲ့ အစားအစာကို စားသုံးခြင်းဟာ ပိုမိုအသက်ရှင်ကျန်းမာစေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင် ပါတယ်။် မနက်တိုင်း ဒီအစာပြေ (၆) မျိုးနဲ့ သင့်ကိုသင် နုပျိုအောင် ဂရုစိုက်ပေးပါ။

KIA ဖမ်းဆီးခံ လယ်သမားတစ်ဦး ငွေ(၉)သိန်းပေးမှ ပြန်လွတ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တာဟိုနားကျေးရွာနေ လယ်သမားတစ်ဦးအား ဇူလိုင် ၁၅ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၂၄ ရက်နေ့တွင် ငွေပေး ကာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ချစ်သူနှင့် လက်ထပ်လိုက်သည့် တောင်ကိုရီးယား ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ပါ့ခ်ဂျီဆန်

Photo: ချစ်သူနှင့် လက်ထပ်လိုက်သည့် တောင်ကိုရီးယား ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ပါ့ခ်ဂျီဆန်
Monday, July 28, 2014

တောင်ကိုရီးယား လက်ရွေးစင် ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ပါ့ခ်ဂျီဆန်သည် ဇူလိုင်(၂၇)ရက် နံနက်ပိုင်းက ၎င်း၏ ချစ်သူ ကင်မ်မင်ဂျီနှင့် လက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကင်မ်သည် SBS ၏ အစီအစဉ်ကြေညာသူ တစ်ဦးဖြစ်သည်။ ပါ့ခ်နှင့် ကင်မ်တို့၏ လက်ထပ်ပွဲကို SBS ၏ အခြား အစီအစဉ်မှူးတစ်ဦးဖြစ်သည့် ဘေဆွန်ဂျေးက ကြီးမှူးပေးခဲ့သည်။ ဘေသည် အဆိုပါစုံတွဲကို စတင်တွေ့ဆုံ မိတ်ဆက်ပေးခဲ့သူလည်း ဖြစ်သည်။

ပါ့ခ်၏ လက်ထပ်ပွဲ အခမ်းအနားသည် တက်ရောက်လာသည့် နာမည်ကျော် ဧည့်ပရိသတ်များ စာရင်းကြောင့်လည်း လူအများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်။ မင်္ဂလာပွဲသို့ PSY၊ လီဗြောင်ဟွန်းတို့ကဲ့သို့ အနုပညာလောကမှ နာမည်ကျော်များ၊ ရေကူးချန်ပီယံ ပါ့ခ်တေဟွန်းနှင့် ဘတ်စကက်ဘောသမား ပါ့ခ်ချန်ဟိုတို့ကဲ့သို့ အားကစား ကြယ်ပွင့်များ တက်ရောက် ချီးမြှင့်ခဲ့သည်။ ထို့အပြင် ပါ့ခ်ပါဝင်ခဲ့ဖူးသည့် ကိုရီးယား နာမည်ကျော် ရုပ်မြင်သံကြား အစီအစဉ် Running Man မှ ဝိုင်းတော်သားများလည်း မင်္ဂလာ ဧည့်ခံပွဲသို့ တက်ရောက်လာသည်။

အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအဖြစ် မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ၌ ပါ့ခ်နှင့် အလွန်ရင်းနှီးခဲ့သည့် ပြင်သစ် ဘောလုံးသမား ပက်ထရစ် အီဗရာ၊ (၂၀၀၂)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တောင်ကိုရီးယားကို တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ဒတ်ခ်ျနည်းပြကြီး ဂူးစ်ဟစ်ဒင့်ခ်တို့လည်း ပါ့ခ်၏ မင်္ဂလာပွဲကို တက်ရောက် ချီးမြှင့်ခဲ့ကြသည်။

ပါ့ခ်သည် ၎င်း၏ ကစားသမားဘဝတွင် အတောက်ပဆုံးကာလများကို ဖြတ်သန်းခဲ့သည့် မန်ချက်စတာယူနိုက်တက်အသင်းကို အစွဲပြုပြီး အသင်းပိုင် အိုးလ်ထရက်ဖို့ဒ်ကွင်းကြီး၏ ပုံစံငယ်ဖြင့် မင်္ဂလာဖိတ်စာကို စီစဉ်ခဲ့သည်။ ပါ့ခ်နှင့် ကင်မ်တို့၏ မင်္ဂလာပွဲကြို ဓာတ်ပုံများကို ဇူလိုင်လ အစောပိုင်းတွင် ကိုရီးယား မီဒီယာများထံ စတင်ဖော်ပြခွင့် ပြုခဲ့သည်။

ပါ့ခ်သည် ဂျပန်ကလပ် တိုကျိုပါးပဲလ်ဆန်ဂါတွင် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ အစပြုပြီးနောက် PSVအင်ဒိုဗန်၊ မန်ချက်စတာ ယူနိုက်တက်၊ ကွင်းပါ့ခ်ရိန်းဂျားစ် အသင်းများသို့ ကူးပြောင်းခဲ့သည်။ ၎င်းသည် ယခုနှစ် မေလတွင် အသက်(၃၃)နှစ် အရွယ်၌ ကစားသမား ဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ ပါ့ခ်သည် တောင်ကိုရီးယား လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း(၁၀၀)ထိ ကစားပေးခဲ့သူလည်း ဖြစ်သည်။

Ref: Allkpop
7Day DAILY
တောင်ကိုရီးယား လက်ရွေးစင် ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ပါ့ခ်ဂျီဆန်သည် ဇူလိုင်(၂၇)ရက်နံနက်ပိုင်းက ၎င်း၏ချစ်သူ ကင်မ်မင်ဂျီနှ င့် လက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပါတော်မူဇာတ်ကို အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းမှ ကပြတင်ဆက်မည်

 Photo: ပါတော်မူဇာတ်ကို အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းမှ ကပြတင်ဆက်မည်
Monday, July 28, 2014

အနော်မာ သုခုမအနုပညာဝန်ဆောင်မှု လုပ်ငန်း၏ ပွဲဦးထွက်ဖြစ်သည့် " စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ကို ကပြနိုင်ရန် စီစဉ်နေသည်ဟု အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ပတ္တမြားကေခိုင် က မဇ္ဈိမကို ပြောသည်။ ယင်း အနုပညာဖျော်ဖြေပွဲကို သြဂုတ်လ ၃ဝ ရက်နှင့် ၃၁တို့ တွင် အလုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ည ၇ နာရီမှ စတင်ကာ ကပြဖျော်ဖြေကြမည် ဖြစ်သည်။

" စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ကပြဖျော်ဖြေရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အနော်မာသုခုမ အနုပညာဝန်ဆောင်မှုလုပ်ငန်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ပတ္တမြားကေခိုင် က "အထိမ်းအမှတ်တော့ အထွေအထူးမရှိပါဘူး။ ပြီးခဲ့တဲ့ ဂရိတ်ဦးဖိုးစိန် နှစ် ၁ဝဝ ပြည့်ပွဲလဲ အစ်မတို့ပဲ လုပ်ခဲ့တာလေ။ အဲဒီတော့ ပါတော်မူနဲ့ စိန်မဟာသဘင်ဆိုတာ တစ်ခေတ်တစ်ခါက တွဲရက်ပဲလေ။ အရမ်းအောင် မြင်ကျော်ကြားခဲ့တဲ့ ဇာတ်တော်ကြီးပေါ့။ အဲဒါက ပရိသတ်ကြားမှာ ကွယ်ပျောက်နေတာလဲ ကြာပြီ။ နောက်ပြီးတော့ ပါတော်မူ ဇာတ်တော်ကြီးက သမိုင်းဖြစ်ရပ်မှန်လည်းဖြစ်တယ်။ အခုခေတ်လူငယ်တော် တော်များများလည်း မသိသလိုမျိုးတောင်ဖြစ်နေပြီ။ ဒါကို ပြန်ဖော်ထုတ်ချင်တဲ့ အနေနဲ့ ပြန်လည်တင်ဆက်ဖို့ စီစဉ်တာပါ။" ဟုပြောသည်။

ယင်းပါတော်မူဇာတ်သဘင် ဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်း၏ ငယ်ဘဝမှအစပြုကာ နောက်ဆုံးအင်္ဂလိပ်များက ခေါ်ဆောင်သွားသည်များကို အလွမ်းအဆွေး ရသများကို ပေါင်းစပ်ပြီး ခမ်းနားထည်ဝါစွာဖြင့် ယင်းဇာတ်ထုပ်တစ်ခုတည်းသာ ကပြဖျော်ဖြေသွားမည် ဖြစ်သည်။

" စိန်မဟာသဘင်၏ ပါတော်မူဇာတ်" တွင် သဘင်ပညာရှင်များဖြစ်သော မိုးဝင်း၊ မိုးမင်း၊ ချမ်းသာ၊ ဇံဟိန်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ နန်းခင်မွှေး၊ တင်ဇာမိုးဝင်း နှင့် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေ ကြမည်ဖြစ်သည်။

အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းကို ၂ဝ၁၄ ခုနှစ် မေလက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အနုပညာဝန်ဆောင်မှုများ အနေဖြင့် ဧည့်ခံပွဲများ၊ ဖျော်ဖြေရေးပွဲများကို အလုပ်အနေဖြင့် လက်ခံကပြခဲ့သော်လည်း ပွဲကြီး အနေဖြင့် " စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ကို ပွဲဦးထွက် စတင်ကပြဖျော်ဖြေခြင်း ဖြစ်သည်။ " စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ၏ လက်မှတ်ဈေး နှုန်းများသည် ၃ဝဝဝဝကျပ်၊ ၂၅ဝဝဝကျပ်၊ ၂ဝဝဝဝကျပ်၊ ၁ဝဝဝဝကျပ် သတ်မှတ်ထားပြီး ဖုန်း ဝ၉ ၅ဝ၄၄၄၃၉ တွင် ဆက်သွယ်ဝယ်ယူနိုင်သည်။

Mizzima - News in Burmese
အနော်မာ သုခုမအနုပညာဝန်ဆောင်မှု လုပ်ငန်း၏ ပွဲဦးထွက်ဖြစ်သည့် " စိန်မဟာသဘင်၏ ပါတော်မူဇာတ်" ကို ကပြနိုင်ရန် စီစဉ်နေသည်ဟု အနော်မာသုခုမ အနုပညာဝန်ဆောင်မှု လုပ်ငန်းမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ပတ္တမြားကေခိုင် က မဇ္ဈိမကို ပြောသည်။ ယင်း အနုပညာဖျော်ဖြေပွဲကို သြဂုတ်လ ၃ဝ ရက်နှင့် ၃၁တို့ တွင် အလုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ည ၇ နာရီမှ စတင်ကာ ကပြဖျော်ဖြေကြမည် ဖြစ်သည်။

ပြစ်မူကျူးလွန်သူများကို ဥပဒေနှင့် အညီအချိန်မီ အရေးမယူပါက ရခိုင်အခြေအနေအထိန်းရခက်မည်

Photo: ပြစ်မူကျူးလွန်သူများကို ဥပဒေနှင့် အညီအချိန်မီ အရေးမယူပါက ရခိုင်အခြေအနေအထိန်းရခက်မည်
Monday, July 28, 2014 

နိုင်ငံတော်အစိုးရအပါအ၀င် ပြည်နယ် အစိုးရ တာဝန်ရှိသူများ အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပဋိပက္ခ ထပ်မံ မဖြစ်ပွားရေးအတွက် ကြိုးပမ်းအားထုတ်နေကြသော်လည်း ပြစ်မူကျူးလွန်သူများကို ဒေသဆိုင်ရာ အာဏာပိုင်များက အချိန်နှင့် တပြေးညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိလျှင် ရှေ့တွင် အခြေအနေကို ထိန်းသိမ်းရန် ခက်ခဲနိုင်ကြောင်း ရခိုင်ဒေသခံများက  ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၂၇  ရက် နေ့လည်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ် ရခိုင်ရွာသားများနှင့် ပိုက်သည်ရွာမှ ဘင်္ဂလီကျေးရွာသား အချို့ တစ်ဘက်နှင့် တစ်ဘက် ထိပ်တိုက် ပြသနာ ဖြစ်ပွားရန် အခြေအနေထိ ရောက်ရှိခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှ အချိန်မီ ရောက်ရှိဟန့်တားနိုင်ခဲ့သည်ဟု သိရသည်။

သို့သော်လည်း ပြစ်မူကျူးလွန်သူများကို ယခုအချိန်ထိ တာဝန်ရှိသူများက တစ်စုံတစ်ရာ အရေးယူခြင်း မရှိသေးဟု သိရသည်။

ပြသနာ ဖြစ်ပွားခဲ့ပုံနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးထွန်းမြအေးက နိရဉ္စရာသို့ ယခုလို ပြောကြားသည်။

“ မနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ကျောက်တော်- သရက်အုပ်လမ်းမှာရှိတဲ့ သင်္ဘောကွေ့ ဟိန္ဒုတ်ကန်နားမှာ ဦးမှဲ့နီအောင်ရဲ့ ဇနီး ဒေါ်အေးတင် ကျောင်းနေတဲ့ ကျွဲကို ပိုက်ဆိပ်ရွာက ဘင်္ဂလီ ၅ ဦးက ဓါးနဲ့ လာခုတ်ပါတယ်။ အဲသလို ခုတ်တဲ့အခါ အမျိုးသမီးက လှမ်းအော်တဲ့ အတွက် ကျွန်တော်ရွာက ရွာသား လေးငါးဆယ်ခန့်က တုတ်တွေ၊ ဓါးတွေနဲ့ လိုက်သွားတော့ ဘင်္ဂလီတွေက နောက်ဆုတ်ခံပါတယ်။ သူတို့မှာတော့ ငါးယောက် တစ်အုပ်၊ ခြောက်ယောက် တစ်အုပ်၊ အုပ်စု (၂) ခု ရှိပါတယ်။ အဲသလို အခြေအနေမှာ ရဲတပ်ဖွဲ့ဝင်တွေ အချိန်မှီ ရောက်ရှိလာတဲ့ အတွက် ပြဿနာ မဖြစ်ဘဲ ရှောင်လွဲနိုင်ခဲ့ပါတယ်” ဟု သူက ဆိုသည်။

သရက်အုပ် ရွာသစ်နေ ဦးမှဲ့နီအောင်၏ ဇနီးဒေါ်အေးတင်တို့ ပိုင်ဆိုင်သော ကျွဲတစ်ကောင်တွင် တင်ပါးတွင် တစ်ချက်၊ လည်ပင်းတွင် တစ်ချက် ဒဏ်ရာရသွားခဲ့သည်ဟု သူက ပြောသည်။

“ ကျွန်တော်တို့က ရဲတွေရောက်လာတဲ့ အတွက် ရဲတွေကို ဒီပြစ်မူကျူးလွန်တဲ့ သူတွေကို အရေးယူပေးဖို့ တိုင်ကြားလိုက်ပါတယ်။ ဘာကြောင့် ခုလို ခုတ်တယ်ဆိုတာလဲ မသိရဘူး။ ဒါပေမယ့် အခုအချိန်ထိတော့ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်တာကို မတွေ့ရသေးဘူး” ဟု ၎င်းရွာသားက ဆက်ပြောသည်။

သို့အတွက် နိရဉ္စရာမှ ကျောက်တော် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ယခုလို ပြောသည်။

“ ကျွန်တော်တို့ဆီကို ဒီပြသနာနဲ့ ပတ်သက်ပြီး ဘယ်သူမှ အမူလာမဖွင့်တဲ့ အတွက် ကျွန်တော်တို့က အရေးယူလို့မရပါဘူး” ဟု ပြောသည်။

ဆက်လက်ပြီး သရက်အုပ်ရွာသားများသို့ ဆက်သွယ်မေးမြန်းရာ အခင်းဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင်များကို တိုင်ကြားထားခြင်းသာ ဖြစ်ပြီး ဦးမှဲ့နီအောင်မှာ သာမန်တောင်သူ တစ်ဦးဖြစ်သဖြင့် စိုးရိမ်ပြီး ရဲစခန်းသို့ သွားရောက် အမူမဖွင့်ရဲဟု ပြောသည်။

ယခု ပြသနာ မဖြစ်ပွားမီက ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာ ရွာဦးဘုရားရှိ မွေးနံ ဘုရားငါးဆူကို အမည်မသိသူများက ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် ဦးတော်များကျိုးပိုင်း ပျက်စီးခဲ့ရသည်။

အလားတူ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တင်းမကျေးရွာ အနီးရှိဘုရားမှ မွေးနံ ဘုရား (၈) ဆူ၏ ဦးတော်များနှင့် ကိုယ်လက်အင်္ဂါများကို မသမာသူများက ဖျက်ဆီးပစ်ခဲ့ကြသည်။

တင်းမရွာ စေတီတော်ရှိ ဘုရားဆင်းတုတော်(၈)ဆူ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရခိုင် အမျိုးသားပါတီမှ ကိုမောင်ကျော်သာကို မေးမြန်းခဲ့ရာ သူက ယခုပြောသည်။

“အဲဒီနေရာက ရွာနဲ့လည်းဝေးပါတယ်။ လူအရောက်လည်း နည်းတယ်။ ဒါဟာ စဉ်းစားစရာဖြစ်နေတယ်။ ဟိုတလောကလည်း တောင်ဘွေမှာ ဖြစ်သွားတာ မကြာသေးဘူး။ အခု တင်းမရွာမှာ ထပ်ဖြစ်ပြန်တယ်။ တောင်ဘွေကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျောက်တော်မြို့နယ်မှာ လူတွေတော်တော်များများ မကြေမနပ် ဖြစ်နေကြတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် စကခ (၉) တပ်မ အပြင် စစ်တပ် တပ်ရင်းအများအပြားလည်း တပ်စွဲထားပြီး ရဲတပ်ဖွဲ့အင်အားကိုလည်း အလုံအလောက်တိုးချဲ့ချထားသည်။ ထိုသို့ လုံခြုံရေးအရ တင်းကျပ်ထားသော နယ်မြေ တစ်ခုတွင်  ဘုရားများကို ၀င်ရောက်ဖျက်ဆီးနေသူများအား တစ်စုံတစ်ရာ ဖေါ်ထုတ် အရေးယူ အပြစ်ပေးခြင်း မရှိနိုင်ဘဲ ဖြစ်နေမူ အပေါ် ဒေသခံများ အနေဖြင့် မေးခွန်းထုတ်စရာများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

နောက်ဆုံး ရရှိသော သတင်းအရ ဘုရားဖျက်ဆီးသည့် ပြစ်မူကျူးလွန်သူများကို သက်ဆိုင်ရာက ယနေ့ အချိန်ထိ အရေးယူဖေါ်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

နိရဉ္စရာ

ကျောက်တော်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ကုလားတန်မြစ် (ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်တော်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ကုလားတန်မြစ် (ဓါတ်ပုံ- နိရဉ္စရာ)
နိုင်ငံတော်အစိုးရအပါအ၀င် ပြည်နယ် အစိုးရ တာဝန်ရှိသူများ အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပဋိပက္ခ ထပ်မံ မဖြစ်ပွားရေး အတွက် ကြိုးပမ်းအားထုတ်နေကြသော်လည်း ပြစ်မူကျူးလွန်သူများကို ဒေသဆိုင်ရာ အာဏာပိုင်များက အချိန်နှင့် တပြေးညီ ထိထိရောက်ေ ရာက် အရေး ယူဆောင်ရွက်နိုင်ခြင်း မရှိလျှင် ရှေ့တွင် အခြေအနေကို ထိန်းသိမ်းရန် ခက်ခဲနိုင်ကြောင်း ရခိုင်ဒေသခံများက  ပြောသည်။

သဲကုန်းမြို့နယ်တွင် ပုဒ်မ ၁၄၅ ထုတ်

ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် အမှတ် (၃) သမဝါယမနှင့် ဒေသခံ လယ် သမားတို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် လယ်မြေများကို လယ်သမားများ ဝင်ရောက်ခြင်း မပြုရန် သဲ ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၅ ထုတ်ကာ တားမြစ် လိုက်ကြော င်း ဒေသခံ လယ်သမားများက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အရေးပေါ်ခေါ်ဆိုမှု Hotline No. 1880

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အရေးပေါ်ခေါ်ဆိုမှု Hotline No. 1880
Monday, July 28, 2014  

စတင်ဖောက်လုပ်ပြီးစီးသည့်အချိန်မှစ၍ယခုအချိန်ထိယာဉ်မတော်တဆမှုများ၊လူသေဆုံးမှုများအများအပြားဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ်နှင့်ပတ်သတ်သည့် ပြသနာများဖြစ်ပေါ်လာသောအခါ အရေးပေါ်ဆက်သွယ်ရန်အတွက် Hotline No.1880 ကို FOREVER GROUP နှင့် Blue Ocean Co.ltd တို့မှပူးပေါင်း၍ (၂၈.၇.၂၀၁၄)ရက်နေ့ကစတင်မိတ်ဆက်ပေးခဲ့သည်။
အမြန်လမ်းမကြီးတစ်လျောက်တွင် ယာဉ်နှင့်ပတ်သတ်သည့်မည်သည့်အန္တရာယ်မျိုးကိုကြုံတွေ့လာသည်ဖြစ်စေ 1880 hotline ကိုခေါ်ဆိုအကူအညီတောင်းနိုင်ကြောင်းနှင့် ၂၄နာရီပတ်လုံး ခေါ်ဆိုနိုင်ကြောင်းသိရသည်။
"ယာဉ်နဲ့ပတ်သတ်လာတဲ့မည်သည့်အကူအညီကိုမဆို 1880 hotline ကကူညီနိုင်ပါတယ်။ဆေးရုံ၊ရဲစခန်း၊မီးသတ်နဲ့စက်ပြင်ဌာနအားလုံးကိုတစ်ဆင့်ဆက်သွယ်ပေးမှာပါ"ဟု Forever group မှproject mananger ဦးမျိုးမြတ်သူကပြောသည်။
အဆိုပါhotlineခေါ်ဆိုမှုလုပ်ဆောင်ပုံမှာ အမြန်လမ်းတွင် Accident ဖြစ်ပွား ပါက 1880 hotline ကိုဆက်သွယ်လျှင် သက်ဆိုင်ရာတာဝန်ရှိသူတွေ ၅ မိနစ်အတွင်း ရောက်လာရန် 1880 မှ ကူညီဆက်သွယ်ပေးမှာဖြစ်ပြီး သတင်းအချက်အလက်များကို ခေါ်ဆိုအကူအညီတောင်းသူထံပြန်လည်ပေးပို့မှာဖြစ်ပါတယ်။
လက်ရှိချိန်တွင်အမြန်လမ်းမကြီးအတွင်း အကူအညီတောင်းရန် စခန်း ၅ ခုရှိပြီး ၁၀ ခုထိထပ်မံတိုးချဲ့သွားနိုင်ရန် စီစဉ်နေပြီး စခန်းများကို Accident ဖြစ်ပွားမှုများသော ပဲခူးတိုင်းအတွင်းအဓိကတိုးချဲ့သွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၀၆ ခုနှစ်ကစတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကဖွင့်လှစ်ခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် လက်ရှိအချိန်ထိ ယာဉ်မတော်တဆမှုများကြောင့်သေဆုံးသူ ၃၇၀ ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
စတင်ဖောက်လုပ်ပြီးစီးသည့်အချိန်မှစ၍ယခုအချိန်ထိယာဉ်မတော်တဆမှုများ၊လူသေဆုံးမှုများအများအပြားဖြစ်ပေါ်နေသော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ်နှင့်ပတ်သတ်သည့် ပြသနာများဖြစ်ပေါ်လာသော အခါ အရေးပေါ်ဆက်သွယ်ရန်အတွက် Hotline No.1880 ကို FOREVER GROUP နှင့် Blue Ocean Co.ltd တို့မှပူးပေါင်း၍ (၂၈.၇.၂၀၁၄)ရက်နေ့ကစတင်မိတ်ဆက်ပေးခဲ့သည်။

ယူကရိန်းဘက်သို့ ရုရှားလက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများဖြင့် အမေရိကန် သက်သေပြ

Photo: ယူကရိန်းဘက်သို့ ရုရှားလက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများဖြင့် အမေရိကန် သက်သေပြ
Monday, July 28, 2014 

ယူကရိန်းဘက်သို့ ရုရှား၏ လက်နက်ကြီးများ ပစ်ခတ်နေသည့် ဂြိုဟ်တု ဓာတ်ပုံများကို အမေရိကန်က ထုတ်ဖော် ပြသလိုက်ပြီး ၎င်းတို့၏ စွပ်စွဲမှု ခိုင်မာကြောင်း သက်သေပြခဲ့သည်။

အမေရိကန်က ရုရှားသည် ယူကရိန်း သူပုန်တပ်ဖွဲ့များကို ထောက်ပံပေးနေပြီး ယူကရိန်း စစ်တပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း စွပ်စွဲခဲ့ရာ ရုရှားက ငြင်းဆိုထားသည်။ သို့သော်လည်း ဇူလိုင်(၂၇)ရက်တွင်မူ အမေရိကန်က နယ်ခြားကို ဖြတ်ကျော်ကာ ရုရှားတို့က ယူကရိန်းတပ်များကို ပစ်ခတ်နေသည့် ဂြိုဟ်တုဓာတ်ပုံ (၄)ပုံကို ပြသခဲ့သည်။

 ဓာတ်ပုံ(၂)ပုံတွင် ရုရှားပိုင်နက်ဘက်၌ နေရာယူထားသည့် လက်နက်ကြီး ယူနစ်နှစ်ခုက ယူကရိန်းစစ်ကြောင်းများ၏ တပ်ဦးပိုင်းသို့ ဒုံးကျည်အတော်များများဖြင့် ပစ်ခတ်နေသည်ကို တွေ့ရှိရကြောင်း အမေရိကန်က ဆိုသည်။ ဓာတ်ပုံ တစ်ပုံမှာ ဟောင်ဝစ်ဇာ စက်အမြောက်များကို ရိုက်ကူးထားခြင်း ဖြစ်သည်။ ထို့အပြင် ဓာတ်ပုံတစ်ပုံ၌ ရုရှားတို့ ထောက်ပံ့ထားသည့် လက်နက်ကြီး ယူနစ်တစ်ခုဖြင့် ယူကရိန်း သူပုန်များက ယူကရိန်း ပိုင်နက်ဘက်မှ ပစ်ခတ်နေသည်ကို တွေ့နိုင်ကြောင်း အမေရိကန်က စွပ်စွဲထားသည်။

ရုရှားအစိုးရကမူ မိမိတို့သည် ယူကရိန်းအရေးတွင် ကြားဝင်မှု လုံးဝမရှိကြောင်း တွင်တွင် ငြင်းဆိုနေဆဲ ဖြစ်သည်။ ယူကရိန်း ခွဲထွက်ရေး သူပုန်တပ်ဖွဲ့များက မိမိတို့တွင် ဒုံးကျည်လက်နက်ကြီးများ ရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ဝန်ခံခဲ့သော်လည်း မည်သည့်နိုင်ငံက ထောက်ပံ့သည်ကိုမူ ထည့်သွင်းပြောဆိုသွားခြင်း မရှိချေ။

_Ref: Channelnewsasia
7Day DAILY
ယူကရိန်းဘက်သို့ ရုရှား၏ လက်နက်ကြီးများ ပစ်ခတ်နေသည့် ဂြိုဟ်တု ဓာတ်ပုံများကို အမေရိကန်က ထုတ်ဖော် ပြသလိုက်ပြီး ၎င်းတို့၏ စွပ်စွဲမှု ခိုင်မာကြောင်း သက်သေပြခဲ့သည်။

ရောဂါမှန်သမျှ အစာမကြေခြင်းကစသည်

အစာမကြေရောဂါသည် အဖြစ်အများဆုံးရောဂါဖြစ်ပြီး လူတိုင်းလူတိုင်း တစ်နေ့မဟုတ်တစ်နေ့ တစ်ကြိမ် မဟုတ် တစ်ကြိမ် တွင် ဖြစ်ပွားကြမည်ဖြစ်လေသည်။ သို့မဟုတ် ဖြစ်ဖူးခဲ့ကြမည်ဖြစ်လေသည်။ အစာ မကြေရော ဂါ သည် အစာအိမ်ရောဂါများထဲတွင် အစဦးရောဂါဖြစ်လေသည်။

လေယာဉ်ပျံသန်းမှု လမ်းကြောင်းများ တိတိကျကျ သတ်မှတ်နိုင်ရန် မလေးရှားလေကြောင်းလိုင်း တောင်းဆို

Photo: လေယာဉ်ပျံသန်းမှု လမ်းကြောင်းများ တိတိကျကျ သတ်မှတ်နိုင်ရန် မလေးရှားလေကြောင်းလိုင်း တောင်းဆို
Monday, July 28, 2014

ခရီးသည်တင် လေယာဉ်များ၏ ပျံသန်းမှု လမ်းကြောင်းများနှင့် ပတ်သက်၍ ပိုမိုအားကောင်းသော နိုင်ငံတကာ စည်းမျဉ်းများ သတ်မှတ်နိုင်ရန် မလေးရှား လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက အကြံပြုခဲ့သည်။

မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်သည် စစ်ဖြစ်နေသည့် ယူကရိန်း အရှေ့ပိုင်း ဒေသကို ဖြတ်ကျော်ပျံသန်းစဉ် ဇူလိုင်(၁၇)ရက်က ဒုံးကျည်ဖြင့် မှားယွင်းပစ်ချ ခံရသည်ဟု ယူဆရသော အခြေအနေ တစ်ရပ်ကြောင့် ပျက်ကျပြီး လိုက်ပါလာသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။

မလေးရှား လေကြောင်းလိုင်း၏ ကုန်သွယ်မှု ဒါရိုက်တာ ဟုဂ်ျဒွန်လီဗေးက ဗြိတိန်ထုတ် Sunday Telegraph သတင်းစာတွင် အမြင်ဆောင်းပါးတစ်ခု ရေးသားခဲ့ရာ MH17သည် လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် မကြုံစဖူး အခြေအနေ တစ်ရပ်အဖြစ် ထောက်ပြထားခဲ့သည်။

“ခရီးသည်တင် လေကြောင်းလိုင်းတွေဟာ ကိုယ်ပျံသန်းမယ့် လမ်းကြောင်းရဲ့ လုံခြုံရေး ကဏ္ဍအတွက် ပခုံးထမ်း တာဝန်ယူခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပျံသန်းမယ့်လမ်းကြောင်း၊ ဧရိယာတွေရဲ့ နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေကို အမြဲတမ်း သိနေဖို့ ဆိုတာက ကျွန်တော်တို့ဟာ ထောက်လှမ်းရေး အေဂျင်စီတွေ မဟုတ်ဘူးလေ။ ကျွန်တော်တို့ဟာ လေကြောင်းလိုင်းတွေသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက စဉ်းစားတာက ခရီးသည်တွေကို သက်တောင့်သက်သာ အဆင်ပြေပြေနဲ့ လိုရာခရီးဆီ ပို့ဆောင်ပေးဖို့သာ ဖြစ်ပါတယ်”ဟု ဒွန်လီဗေးက ရေးသားခဲ့သည်။

၎င်းက လေကြောင်းလိုင်းများသည် ပျံသန်းချိန်နှင့် လောင်စာဆီ စရိတ်တို့ကို လျှော့ချရန်အတွက် ခရီးတာ အတိုဆုံးဖြစ်မည့် လမ်းကြောင်းကို တတ်နိုင်သမျှ ရွေးချယ်လေ့ ရှိသော်လည်း အန္တရာယ် အခြေအနေတစ်ရပ် ကြုံနိုင်သည့် နေရာမျိုးနှင့် လေဆိပ်မျိုးအတွက် သီးခြားသတိပေးထားသည့် NOTAM သတ်မှတ်ချက်မျိုး လိုအပ်ကြောင်းလည်း ဆိုသည်။

“ခရီးသည်တင် လေယာဉ်တစ်စီးဟာ ဘေးကင်းကင်း လုံလုံခြုံခြုံ ရှိမယ်ထင်တဲ့ လမ်းကြောင်းမှာ ပျံသန်းရင်း ပစ်ချခံခဲ့ရတယ်။ ကျွန်တော်တို့ အနေနဲ့ ပျံသန်းမှု လမ်းကြောင်းတွေကို စဉ်းစားတဲ့အခါ တတ်နိုင်သလောက် အလေးအနက် ချင့်ချိန်ပြီး လိုအပ်ရင် အလုံခြုံဆုံး ဖြစ်နိုင်တယ်လို့ ယူဆတဲ့ လမ်းကြောင်းတွေကို ပြောင်းလဲ သတ်မှတ်လေ့ ရှိပါတယ်”ဟုလည်း ဒွန်လီဗေးက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “လေကြောင်းလိုင်းတွေအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် နည်းလမ်းကတော့ နိုင်ငံတကာ လေကြောင်း ပို့ဆောင်ရေး အဖွဲ့ကြီး (IATA)နဲ့ နိုင်ငံတကာ ခရီးသည်တင် လေယာဉ်လိုင်းများ အဖွဲ့ (ICAO)တို့က ပူးပေါင်းပြီး ဖြစ်ရပ်တွေကို ဆန်းစစ်ပေးဖို့ပါ။ ပြီးတော့ ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်း သတ်မှတ်ချက်တွေ ချမှတ်ပေးသင့်ပါတယ်။ ဘယ်ပျံသန်းမှု လမ်းကြောင်းက ဘေးအကင်းဆုံး ဖြစ်မလဲ ဆိုတာကို သူတို့က ရွေးချယ်ပေးသင့်ပါတယ်”ဟုလည်း ထောက်ပြခဲ့သည်။

ဗြိတိန်လေကြောင်းလိုင်းနှင့် အမေရိကန် လေကြောင်းလိုင်း အများစုသည် ယူကရိန်း အရှေ့ပိုင်းကို ရှောင်လွှဲပျံသန်းရန် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း မလေးရှား လေကြောင်းလိုင်းက အဆိုပါ လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ MH17 ပျက်ကျပြီးနောက် မလေးရှား လေကြောင်းလိုင်းသည် ပျံသန်းမှု ကန့်သတ်မထားသော်လည်း စစ်ဖြစ်နေသည့် ဆီးရီးယား ကောင်းကင်ယံမှ ဖြတ်ကျော် ပျံသန်းရန် ပြောင်းလဲ ရွေးချယ်ခဲ့သဖြင့်လည်း နောက်ထပ် ဝေဖန်မှုများနှင့် ကြုံခဲ့ရသည်။

_Ref: Channelnewsasia
7Day DAILY 

MH17 လေယာဉ်ပျက် အစိတ်အပိုင်းတစ်ခုပေါ် ချထားသည့် အမှတ်တရ ပန်းစည်းကို တွေ့ရစဉ်
MH17 လေယာဉ်ပျက် အစိတ်အပိုင်းတစ်ခုပေါ် ချထားသည့် အမှတ်တရ ပန်းစည်းကို တွေ့ရစဉ်
ခရီးသည်တင် လေယာဉ်များ၏ ပျံသန်းမှု လမ်းကြောင်းများနှင့် ပတ်သက်၍ ပိုမို အားကောင်းသော နိုင်ငံ တကာ စည်းမျဉ်းများ သတ်မှတ်နိုင်ရန် မလေးရှား လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက အကြံပြုခဲ့ သည်။

ဦးကျော်နေ၀င်းမှ နိုင်ငံတော်သို့ တင်ပြထားသောအမြန်ယာဉ်ကြောစနစ် (BRT) အား မကြာခင် ခွင့်ပြုသွားမည်ဟုဆို

ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းမှ (OMNI FOCUS CO-MPANY LIMITED) နိုင် ငံတော်အစိုးရထံ တင်ပြထားသော BRT စနစ်အား (အမြန်ယာဉ်ကြောစနစ်) မကြာခင်ခွင့်ပြုသွားနိုင် မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

အငြင်းပွားဖွယ် အကျဉ်းသား (၂၉) ဦး လွတ်မြောက်ရေး အတွက်သာ နိုင်/ကျဉ်း စစ် ကော်မတီလုပ်ဆောင်မည်

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အနေဖြင့် ၂၀၁၃ ခုနှစ်အကုန်တွင် အကျဉ်းထောင် ထဲမှ ပြန်လည်မလွတ်မြောက်ခဲ့သော အငြင်းပွားဖွယ် နိုင်ငံရေး အကျဉ်းသား (၂၉) ဦး ပြန်လည် လွတ်မြောက်ရန်သာ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော် မတီ အဖွဲ့ဝင်များ ထံမှ သိရသည်။

MH17 လေယာဉ်ပျက် နေရာသို့ နိုင်ငံတကာတပ်များ စေလွှတ်ရန် မဖြစ်နိုင်ဟု နယ်သာလန် ဝန်ကြီးချုပ်ဝန်ခံ

 Photo: MH17 လေယာဉ်ပျက် နေရာသို့ နိုင်ငံတကာတပ်များ စေလွှတ်ရန် မဖြစ်နိုင်ဟု နယ်သာလန် ဝန်ကြီးချုပ်ဝန်ခံ
Monday, July 28, 2014 

MH17 လေယာဉ်ပျက်ကျသည့် နေရာတွင် နိုင်ငံတကာ တပ်ဖွဲ့ဝင်များ စေလွှတ်ပြီး လုံခြုံရေးယူရန် ဆိုသောကိစ္စသည် လက်တွေ့ မဖြစ်နိုင်ကြောင်း နယ်သာလန် ဝန်ကြီးချုပ် မာ့ခ်ရူတေးက ဝန်ခံ ပြောကြားခဲ့သည်။

စစ်မက်ဖြစ်ပွားနေသည့် ယူကရိန်း အရှေ့ပိုင်း ဒေသသို့ နိုင်ငံတကာ တပ်ဖွဲ့များ ဝင်ရောက်နေရာယူပြီး လေယာဉ်ပျက်နှင့် ပတ်သက်သည့် မှတ်တမ်းများ ရယူနေသော ပညာရှင်များအား အကာအကွယ် ပေးလိုက်ခြင်းဖြင့် ယူကရိန်းသူပုန်များကို ဆွပေးသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ယူကရိန်း အစိုးရကို ဆန့်ကျင်နေသည့် ခွဲထွက်ရေး သူပုန်များသည် MH17ကို စစ်ဘက်လေယာဉ် တစ်စီးနှင့် မှားယွင်းပစ်ချခဲ့ခြင်းဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ လေယာဉ်ပျက်  တည်ရှိသည့် နေရာကိုလည်း သူပုန်များက ထိန်းချုပ်ထားဆဲဖြစ်ပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။ မကြာသေးမီက ဟော်လစ်ဗ်ကာကို သူပုန်တို့လက်မှ ပြန်လည် သိမ်းယူရန် ကြိုးစားရင်း ယူကရိန်းစစ်တပ်မှ (၁၃)ဦး ကျဆုံးခဲ့သည်။

 MH17 ပျက်ကျမှုတွင် စုစုပေါင်း (၂၉၈)ဦး သေဆုံးခဲ့ပြီး အများစုသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။ လေယာဉ်ပျက်ကျသည့် နေရာတွင် ကျွမ်းကျင်သူများက စစ်ဆေးနေသည့်တိုင် တသီးတခြား စုံစမ်းမှုမျိုး လုပ်ဆောင်နိုင်ခြင်း မရှိသေးချေ။

ဝန်ကြီးချုပ် မစ္စတာရူတေးက “ယူကရိန်း စစ်တပ်က အဲဒီဧရိယာမှာ စစ်ရေးအသာစီး ရလာပြီး နိုင်ငံတကာ တပ်တွေကိုပါ စေလွှတ်လာနိုင်ဖို့ ဆိုတာက ကျွန်တော်တို့ရဲ့ ကောက်ချက်တစ်ခုသာ ဖြစ်ပါတယ်။ တကယ်တမ်း လက်တွေ့ကျတဲ့ အမှန်တရားတော့ မဟုတ်ဘူး”ဟု ဟိဂ်မြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းက “တကယ်လို့ နိုင်ငံတကာ တပ်တွေကို စေလွှတ်ခဲ့တယ် ဆိုရင် သူပုန်တွေကို ရန်စလိုက်သလို ဖြစ်သွားနိုင်တယ်။ ဒါဆိုရင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို သူတို့က အနှောင့်အယှက် ပေးလာနိုင်ပါတယ်”ဟုလည်း ဆိုသည်။ အစောပိုင်းက နယ်သာလန်၊ မလေးရှားနှင့် ဩစတြေးလျတို့ ဦးဆောင်ပါဝင်သည့် နိုင်ငံတကာ တပ်ဖွဲ့များသည် အဆိုပါ ဒေသကို လုံခြုံရေးယူ စောင့်ကြပ်ရန် ယူကရိန်းသို့ ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ အရင်းအနှီး ကြီးသွားနိုင်တဲ့ စွန့်စားမှုမျိုးကို လုပ်လို့မရပါဘူး”ဟု ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE)မှ ပညာရှင် တစ်ဦးဖြစ်သော အလက်ဇန္ဒားဟက်ဂ်က မှတ်ချက်ပြုခဲ့သည်။ သူပုန်များက နိုင်ငံတကာ ရဲတပ်ဖွဲ့များကိုမူ အဆိုပါ နေရာသို့ ဝင်ရောက်ခွင့် ပေးထားသည့်အတွက် ဩစတြေးလျနှင့် နယ်သာလန်တို့က ရဲတပ်ဖွဲ့ဝင် (၄၉)ဦးကို ပူးပေါင်းစေလွှတ်ရန်မူ စီစဉ်နေဆဲ ဖြစ်သည်။

ယူကရိန်း အရှေ့ပိုင်းရှိ သူပုန်တပ်များ ထိန်းချုပ်ထားသည့် ဒိုးနက်စ်ခ်နှင့် လူဟန့်စ်ခ်ဒေသများတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများ အရှိန်မြင့်တက် ပြင်းထန်လာနေကြောင်းလည်း သိရှိရသည်။

_Ref: BBC
7Day DAILY
MH17 လေယာဉ်ပျက်ကျသည့် နေရာတွင် နိုင်ငံတကာ တပ်ဖွဲ့ဝင်များ စေလွှတ်ပြီး လုံခြုံရေးယူရန် ဆိုသော ကိစ္စသည် လက်တွေ့ မဖြစ်နိုင်ကြောင်း နယ်သာလန် ဝန်ကြီးချုပ် မာ့ခ်ရူတေးက ဝန်ခံ ပြောကြားခဲ့သည်။

အတန်းဖော်ကို သတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြတ်တောက်သည့် ဂျပန်ကျောင်းသူ အဖမ်းခံရ

ဂျပန်နိုင်ငံတွင် အတန်းဖော်တစ်ဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်း များ ဖြတ်တောက် လှီးဖြတ်ခဲ့ သည့် ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို ရဲများက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

တည်းခိုခန်းမန်နေဂျာနှင့် ဧည့်သည်တို့စကားများစဉ် မန်နေဂျာမှဓါးဖြင့်ထိုး၍ ဧည့်သည်သေဆုံးခဲ့ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်အရေးယူ

လှိုင်မြို့နယ်နေ ဦးရန်နောင်ကျော်သည် ၎င်း၏ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၀.၇.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန် ခန့်တွင် နေအိမ်မှအပြင်သွားမည်ဟု ပြောဆိုထွက်သွားခဲ့ရာ ၂၂.၇.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ၎င်း၏လက်ကိုင်ဖုန်းသို့ဆက်သွယ်လာပြီး ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းသို့လာရောက်ရန်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၅)တွင် ညီဖြစ်သူတည်းခိုခဲ့ကြောင်းသိရှိရပြီး ၎င်းအားမတွေ့ရဘဲ ကုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံနေကာ ဓါး(၁)ချောင်းနှင့် ညီဖြစ်သူ၏ဖုန်း(၁)လုံးတို့မှာ အခန်းအတွင်း၌ရှိနေ သည်ကိုတွေ့ရှိရသဖြင့် တည်းခိုခန်းရှိ တာဝန်ရှိသူများထံမေးမြန်းရာ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်တွင် တည်းခိုခန်းမှ အပြင်သို့ထွက်ခွာသွား ခဲ့ကြောင်း ပြောပြ သိရှိရသဖြင့် ညီဖြစ်သူအား လိုက်လံစုံစမ်းရှာဖွေခဲ့ပါသည်။

တရုတ်နိုင်ငံသို့ အညာဆန်များ အဓိကတင်ပို့နေ

Photo: တရုတ်နိုင်ငံသို့ အညာဆန်များ အဓိကတင်ပို့နေ
Monday, July 28, 2014

 ပြည်တွင်း၌ ဆန်ဈေး ဆက်တိုက် မြင့်တက်လာသော်လည်း တရုတ်ကုန်သည်များက ဈေးတိုးမပေးသဖြင့် မြန်မာပြည် အလယ်ပိုင်း (အညာဒေသ) မှ ဆန်များကိုသာ အဓိကထား တင်ပို့နေရကြောင်း မူဆယ် ဆန်စပါးလုပ်ငန်းအသင်းမှ  သတင်းရရှိသည်။

‘‘အောက်ပိုင်းကဆန်တွေက ပြည်တွင်းမှာဈေးအရမ်းကြီးနေတော့ မပို့နိုင်တော့ဘူး။ အလယ်ပိုင်းက  နွေဆန်တွေပဲ  အဓိက ရောင်းနေရတယ်’’ဟု မူဆယ်ဆန်စပါးအသင်းမှ ဆန်ကုန်သည် ဦးမင်းသိန်းကပြောသည်။

ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆန်များမှာ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားကောင်းကာ ဈေးဆက်တိုက်မြင့်တက်လာပြီး တရုတ်ဈေးကွက်မှ ပေးသော ဈေးနှုန်းထက် ပိုများနေသည်။

ပြည်တွင်း ဈေးကွက်တွင် ဆန်ကြမ်း ရှယ်တစ်အိတ်လျှင် ကျပ် ၁၉,၀၀၀ ဝန်းကျင်ရှိနေကြောင်း ပြည်ပသို့ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေး ကပြောသည်။

လက်ရှိ မူဆယ်သို့ ဝင်ရောက်နေသော ဆန်းများမှာ ရွှေဘို၊ မတ္တရာ စသောမန္တလေးတစ်ဝိုက်နှင့် မကွေး၊ မင်းဘူး၊ ပွင့်ဖြူဘက်မှ ဆန်များဖြစ်ကြောင်း မူဆယ်ဆန်ကုန်သည်များကပြောသည်။

မူဆယ်သို့နေ့စဉ်ဆန်အဝင်မှာ အိတ်ရေလေးသောင်းဝန်းကျင် ရှိသော်လည်း တရုတ်နိုင်ငံသို့ ရောင်းချရသောပမာဏမှာ အိတ်ရေ နှစ်သောင်းဝန်းကျင်သာ ရှိသည်။

ဇူလိုင် ၂၀ ရက်မှစတင်၍ မူဆယ်တွင် မိုးဆက်တိုက်ရွာပြီး လေးရက်ကြာရေကြီးမှုကြောင့် ဈေးကွက်မဖွင့်ရသဖြင့် ဂိုဒေါင်တွင်ထားစရာမရှိအောင် ဆန်အိတ်များ စုပုံနေခဲ့သည်။ ဂိုဒေါင်များတွင် ဆန်များပြည့်နေသဖြင့် ကားများပေါ်တွင်သာ  ညအိပ်ကြေးပေး၍ ထားရသည်ဟု သိရသည်။

မူဆယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံသို့ ဆန်ရောင်းချမှုကို လေးရက်ခန့် ရပ်နားခဲ့ရပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံက ပြန်ဝယ်လာသော်လည်း ဆန်ဂိုဒေါင်များမှာ လျော့နည်းမှုမရှိပေ။

မူဆယ်ဈေးကွက်တွင် မြန်မာဆန်ဈေးမှာ တည်ငြိမ်နေပြီး အမြင့်ဆုံး ဆန်ဈေး တစ်အိတ်လျှင် ၁၅၄ ယွမ်မှ ၁၅၈ ယွမ်ကြား ဈေးရှိကြောင်း သတင်းရရှိသည်။

7Day DAILY 

ဆန်ဂိုဒေါင်တစ်ခုတွင် တွေ့ရသည့် ဆန်အိတ်များ ( ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ) )
ဆန်ဂိုဒေါင်တစ်ခုတွင် တွေ့ရသည့် ဆန်အိတ်များ ( ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) )
 ပြည်တွင်း၌ ဆန်ဈေး ဆက်တိုက် မြင့်တက်လာသော်လည်း တရုတ်ကုန်သည်များက ဈေးတိုး မပေး သဖြင့် မြန်မာပြည် အလယ်ပိုင်း (အညာဒေသ) မှ ဆန်များကိုသာ အဓိကထား တင်ပို့နေရကြောင်း မူဆယ် ဆန်စပါးလုပ်ငန်းအသင်းမှ  သတင်းရရှိသည်။

စက်မှုလုပ်ငန်း ၄ ပုံ ၁ ပုံ အခွန်ရှောင်

Photo: စက်မှုလုပ်ငန်း ၄ ပုံ ၁ ပုံ အခွန်ရှောင်
Monday, July 28, 2014

မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ၄၀၀ ကျော် မှတ်ပုံတင်ထားတဲ့အထဲက ၄ ပုံ ၁ ပုံ ဖြစ်တဲ့ လုပ်ငန်း ၁၀၀ ကျော်ဟာ လုံးဝ အခွန်မဆောင်ပဲ အခွန်ရှောင်နေတဲ့အတွက် စိစစ်မှုတွေ စပြီး လုပ်နေပြီလို့ ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံးရဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။

လက်ရှိ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည် သာ၊ မင်္ဂလာဒုံ၊ သာကေတနဲ့ တောင်ဒ ဂုံ စက်မှု ဇုန်တွေမှာတော့ စာရင်းကောက် တာတွေ စ လုပ်နေပြီလို့ ဆိုပါတယ်။

တဆက်တည်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ တဆင့် လုပ်ငန်းရှင်တွေကို ခေါ်ယူမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ အခွန်ဆောင်လာစေဖို့ စည်းရုံး ပြောဆိုသွားမည်အပြင် နောက်ပိုင်းကျမှ အရေးယူမှုတွေ လုပ်သွားမယ်လို့ သူက ရှင်းပြပါတယ်။

DVB
မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ၄၀၀ ကျော် မှတ်ပုံတင်ထားတဲ့အထဲက ၄ ပုံ ၁ ပုံ ဖြစ်တဲ့ လုပ်ငန်း ၁၀၀ ကျော်ဟာ လုံးဝ အခွန်မဆောင်ပဲ အခွန်ရှောင်နေတဲ့အတွက် စိစစ်မှုတွေ စပြီး လုပ်နေပြီလို့ ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံးရဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။

မယ်စကြ၀ဠာပြိုင်ပွဲ ပရိသတ်အားပေးမှုနှင့် လွဲချော်ခဲ့၍ ဝေဖန်မှုများထွက်

 Photo: မယ်စကြ၀ဠာပြိုင်ပွဲ ပရိသတ်အားပေးမှုနှင့် လွဲချော်ခဲ့၍ ဝေဖန်မှုများထွက်
Monday, July 28, 2014

မယ်စကြ၀ဠာ (မြန်မာ) ၂၀၁၄ပြိုင်ပွဲကို ဇူလိုင် ၂၆ရက်က ကျင်းပခဲ့ရာ ပွဲကျင်းပသည့်အစီအစဉ်နှင့် ပတ် သက် ၍ ဝေဖန်မှုများ ရှိခဲ့သလို ဆုရရှိသည့် အလှမယ်မှာလည်း ပရိသတ်အားပေးမှုနှင့် လွဲချော် ခဲ့သောကြောင့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

အလှမယ်ပြိုင်ပွဲ အများစုတွင် ဆန်ခါတင်ဆယ်ဦးရွေးချယ်ခြင်းကို နောက်ဆုံးယှဉ်ပြိုင်မှုဖြစ်သည့် ညနေခင်း ၀တ်စုံယှဉ်ပြိုင်ပြီးချိန်မှသာ ရွေးချယ်ပေးလေ့ရှိသော်လည်း ယင်းပြိုင်ပွဲတွင်မူ ဒုတိယယှဉ်ပြိုင်မှုအစီအစဉ်ဖြစ် သည့် ရေကူးဝတ်စုံဝတ်ဆင်၍ ယှဉ်ပြိုင်ပြီးချိန်တွင် ရွေးချယ်ခဲ့သောကြောင့် ရွေးချယ်သည့်ဒိုင်များအနေဖြင့် အချိန်အနည်းငယ်အတွင်း မည်ကဲ့သို့ဆုံးဖြတ်ခဲ့သည်ကို သိလိုကြောင်း မယ်စကြ၀ဠာ(မြန်မာ)ရွေးချယ်ပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးကဆိုသည်။

ထို့အပြင် အကဲဖြတ်အဖွဲ့ဝင်များ၌ ထိုင်းမှ ပညာရှင် ထက်ဝက်ခန့်ပါဝင်ခဲ့ရာ မြန်မာနိုင်ငံမှ အလှမယ်ကို ၎င်းတို့နိုင်ငံမှ အလှမယ်ထက်သာသည့်သူကို ရွေးချယ်မည်လားဆိုသည့်အကြောင်းကို သိလိုသလို နောက် ဆုံး ဆန်ခါတင် ငါးဦး မေးခွန်းဖြေဆိုသည့် ကဏ္ဍတွင် မြန်မာလိုသာဖြေဆိုခဲ့သောကြောင့် အဆိုပါဒိုင်များ အနေဖြင့် မည် ကဲ့ သို့ မှတ်ချက်ပေးခဲ့သည်ကိုသိချင်ကြောင်း ယင်းပြိုင်ပွဲကိုကြည့်ရှုခဲ့သည့်သူတစ်ဦးက  ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

‘‘ဒါက ပြိုင်ပွဲတိုင်း ပြိုင်ပွဲတိုင်းမှာ ဖြစ်တတ်တဲ့သဘောပါပဲ။ ဒါကို အစ်မနားလည်ပါတယ်။ အစ်မတို့အဖွဲ့ အစည်း လုပ်တာကိုင်တာကို စိတ်ဝင်တစားကြည့်ရှုပြီး ဝေဖန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်’’ဟု Miss Universe Myanmar Organization၏ National Director ဒေါ်စိုးယုဝေကပြောသည်။

ယခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲဝင်များကို ပရိသတ်များအနေဖြင့် ၂၀၁၃ခုနှစ်က ရုရှားနိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည့် အလှမယ် မိုးစက်ဝိုင်နှင့် နှိုင်းယှဉ်ကာ ဝေဖန်မှုများရှိခဲ့သလို ပရိသတ်အားပေးမှုအများဆုံး အလှမယ်မှာလည်း ဆုနှင့်လွဲချော်ခဲ့သောကြောင့် ဝေဖန်မှုပိုမိုပြင်းထန်ခဲ့ခြင်းဖြစ်သည်။

သို့သော် သျှားထွဋ်အိန္ဒြာသည် ၎င်းတို့ပြိုင်ပွဲဝင်များ၏ ပြည်ပခရီးစဉ်တစ်ခုဖြစ်သော ဖူးခက် ခရီးစဉ်တွင် ရွေး ချယ် ခဲ့သည့် Miss Myanmar Thailand 2014 ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာ ကြိုက်သည့် ရုပ်ရည်ရှိသောကြောင့် ရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ယင်းပွဲကို ကြည့်ရှုခဲ့သူတစ်ဦးက မှတ်ချက်ပြုသည်။

‘‘တစ်ယောက်တစ်မျိုးစီ ကောင်းပါတယ်။ မိုးစက်က ဘယ်သူနဲ့မဆို ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆော က်နိုင် တယ်။ Elegant ဖြစ်တယ်။ အပြုံးချိုတယ်။ လူအများကလည်း သူ့ကိုချစ်ခင်ကြတယ်။ ဒါက သူ့ရဲ့အား သာ ချက်တွေ ပါ။ သျှားထွဋ်ကကျတော့လည်း တက်ကြွတယ်။ ယုံကြည်မှုရှိတယ်။ Active ဖြစ်တယ်။  တစ်ယောက်တစ်မျိုးစီတော့ တော်ပါတယ်’’ဟု ၎င်းတို့ ရွေးချယ်ခဲ့သော အလှမယ်များနှင့်ပတ်သက် ၍ ဒေါ်စိုးယုဝေက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် မိုးစက်ဝိုင်ကိုလည်း ဆုရွေးချယ်ပြီးမှသာ ပရိသတ်သတိပြုမိခဲ့ခြင်းဖြစ်သောကြောင့် သျှားထွဋ်အိန္ဒြာကိုလည်း ချစ်ခင်အားပေးသည့်ပရိသတ် များလာမည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ၂၀၁၃တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မယ်စကြ၀ဠာပြိုင်ပွဲသည် ပြင်ဆင်ချိန်နည်းခဲ့သောကြောင့် လိုအပ်ချက်များစွာရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ပြင်ဆင်ချိန် လုံလုံလောက်လောက် ရရှိခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်စိုးယုဝေကပြောသည်။

‘‘ဒီနှစ်ပြိုင်ပွဲကတော့ မနှစ်ကထက်စာရင် ပိုပြီးပြည့်စုံမယ်လို့ ထင်ပါတယ်။ အစ်မတို့ မြန်မာတွေ ကမ္ဘာမှာလည်း နောက်ထပ် Taste အသစ်တစ်မျိုး ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

သျှားထွဋ်အိန္ဒြာ၏ လေ့ကျင့်မှုများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ နှင့် ဖိလစ်ပို င်နိုင်ငံ များသို့ သွားရောက်သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

7Day DAILY 

ဆုကြေညာချိန်တွင် ခါးနံပါတ် ၆ ဇွန်သံစဉ် ရမည့်အမှတ်နှင့် ၎င်းအား ကြည့်နေကြချိန်၌ သျှားထွဋ်အိန္ဒြာအမည်ကို ကြေညာလိုက်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ဆုကြေညာချိန်တွင် ခါးနံပါတ် ၆ ဇွန်သံစဉ် ရမည့်အမှတ်နှင့် ၎င်းအား ကြည့်နေကြချိန်၌ သျှားထွဋ်အိန္ဒြာ အမည်ကို ကြေညာလိုက်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
မယ်စကြ၀ဠာ (မြန်မာ) ၂၀၁၄ပြိုင်ပွဲကို ဇူလိုင် ၂၆ရက်က ကျင်းပခဲ့ရာ ပွဲကျင်းပသည့်အစီအစဉ်နှင့် ပတ် သက် ၍ ဝေဖန်မှုများ ရှိခဲ့သလို ဆုရရှိသည့် အလှမယ်မှာလည်း ပရိသတ်အားပေးမှုနှင့် လွဲချော် ခဲ့သောကြောင့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

အဖြေမထွက်သေးသည့်အမှတ် (၁) ဈေးမီးလောင်မှု

Photo: အဖြေမထွက်သေးသည့်အမှတ် (၁) ဈေးမီးလောင်မှု
Monday, July 28, 2014

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁) အနော် မာတုပ်ကွက်ရှိအမှတ် (၁) ဈေး ကြီး၌ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်ဝန်ထမ်းများ နှင့် တာဝန်သိပြည်သူများပူးပေါင်း ငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီးကနဦးစုံမစ်းမှုအရဈေး ရုံ (င) ဆောင် ဆိုင်အမှတ် (၂၀) ဖိနပ်ဆိုင်မှစတင်လောင်ကျွမ်း ကြောင်း သိရပြီးမည်သည့်မီး ကြောင့်လောင်ကျွမ်းကြောင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်သလိုဆိုင်ပိုင်  ရှင်ကိုအောင်နိုင်စိုးကိုလည်း စစ် ဆေးဆဲဖြစ်ကြောင်း ပ ၃၄၉/၁၄ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။ မီးလောင် ကျွမ်းမှုကြောင့် ဖိနပ်ဆိုင်၊ ကော် ပစ္စည်းမျိုးစုံအရောင်းဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုင်အစရှိသည့်   အရောင်းဆိုင် (၃၉) ဆိုင် မီးသင့် ခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးအတိအကျကို မသိရသေးဘဲခန့်မှန်း ၉၁ သိန်းဖိုး ခန့်ရှိကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်  ပတ်သက်ပြီး ဈေးသာယာရေး ကော်မတီဥက္ကဋ္ဌဦးထွန်းနိုင်က “ဒီနေ့ကဥပုသ်နေ့ဖြစ်လို့ဈေးနေ့ တစ်ဝက်ပိတ်တယ်။ မီးလောင်တာ   သိသီချင်းပြေးသွားတော့ မြောင်း ထဲကရေနဲ့ ၀ိုင်းငြှိမ်းနေတာတွေ တယ်။ တဖြည်းဖြည်းမီးကများလာ လို့စားအုန်းဆီဆိုင်ကယ်ကိုမီးမကူး အောင်လည်းလုပ်ရတယ်။ မိုးက လည်းတစ်နေကုန်ရွာထားတော့ ဈေးထဲမှာလည်း ရေလျှံနေတယ်။ လောင်တဲ့အချိန်မှာလည်း မိုးက သဲသဲမဲမဲရွာဆိုတော့ ဒီလောက်  ဖြစ်တာပဲတော်သေးတာပေါ့။ ညမှောင်ကလောင်တာဆိုရင်အား  လုံးကုန်မှာပဲ”ဟုပြောသည်။

မီးလောင်မှုကိုစတင်တွေ့ရှိ သောကိုမျိုးနိုင်က “ကျွန်တော်က ဈေးထဲမှာ ရေလိုက်ထည့်တယ်။ ကျွန်တော့်ဆိုင်လည်းရှိတယ်။ ရေထည့်ရင်းနဲ့ မီးခိုးတွေထွက်တာ မြင်လို့ကိုပြုံးချိုကိုခေါ်ပြီးပြေးပြီး သွားကြည့်တာဖိနပ်ဆိုင်ထဲက မီး ခိုးတွေထွက်တာမြင်နေရတယ်။ အဲဒါနဲ့ မီးလောင်နေတယ်လို့အော် လည်းအော်၊ မြောင်းထဲကရေနဲ့ လည်းခပ်ပက်လုပ်နေရင်းနဲ့ မီးက များလာတာ။ ဘယ်ကစလောင် တာလဲဆိုတာ ကျွန်တော့်အထင် ပြောရရင်တော့ဝါယာရှောစ်မဖြစ် နိုင်ဘူး။ ဈေးကနေ့တစ်ဝက်ပိတ်  မှာဆိုတော့ ၁၂ နာရီမထိုခင်က တည်းက မီးကာမြတ်တာထုံးစံပဲ။ မိန်းခလုတ်ခုံကလည်းသော့နဲ့ အဖွင့်အပိတ်လုပ်ရတာလေ။ ဆိုင်ထဲမှာ တစ်ခုခုထွန်းထားလို့ များလားတော့မသိဘူး”ဟုပြော သည်။

ဈေးအများစု မီးလောင်မှု ဖြစ်စဉ်တွင်ဝါယာရှောစ့်ကြောင့် အဖြစ်များပြီး ယခုအမှတ် (၁) ဈေးမြစ်စဉ်ကိုလည်း ၀ါယာရှောစ့် ကြောင့်မြစ်ကြောင်း (၂၇) ရက် ထုတ်သတင်းစာ၌ရေးသားမှုရှိပြီး ဈေးအတွင်း၌စည်းစနစ်တကျမီး သွယ်ယူတားမှုမရှိဘဲဆိုင်ခန်းများ က မီးပိုသယ်တန်းမှုများရှိကြောင်း၊ လျှပ်စစ်အန္တရာယ်စိုးရိမ်စရာဖြစ် ကြောင်း ဝေဖန်ပြောကြားမှုများ  လည်းရှိသည်။     

Hot News Journal
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁) အနော် မာတုပ်ကွက်ရှိအမှတ် (၁) ဈေး ကြီး၌ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်ဝန်ထမ်းများ နှင့် တာဝန်သိပြည်သူများ ပူးပေါင်း ငြှိမ်းသတ်နိုင်ခဲ့သည်။

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းရှိယာဉ်များအား သြဂုတ် ၁ ရက်မှစ၍ ညသိပ်ခွင့် မပြုတော့

မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေးစခန်းမှ ဇူလိုင် ၁၈ ရက်တွင် ပြောင်းရွှေ့ လာခဲ့သည့် လှိုင်မြို့နယ် ယာဉ်ရောင်း ဝယ်ရေးစခန်းအား သြဂုတ် ၁ ရက်မှ စတင်၍ ညသိပ်ယာဉ် များ ရပ်နားခြင်းကို ခွင့်ပြု သွားတော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးအခွန်ဌာန လက် ထောက်ဌာနမှူး ဦးအေးဝင်းက ဇူလိုင် ၂၆ ရက်တွင် လှိုင် ယာဉ်ရောင်းဝယ်ရေးစခန်း တွင်ပြုလုပ်သည့် စာနယ်ဇင်းရှင်း လင်းပွဲတွင် ပြောကြားသွားသည်။