Sunday, 22 June 2014
မန္တလေးတွင် လိုင်စင်မဲ့ ဆိုင်ကယ်များ ဇူလိုင်လဆန်း နောက်ဆုံးထား မှတ်ပုံတင်ရန် အသိပေး
မန္တလေးမြို့တွင် ပြည်ပမှ တရားမဝင်တင်သွင်း အသုံးပြုနေ သော လိုင်စင်မဲ့ဆိုင်ကယ်များအား One Stop Service ဖြင့် လိုင်စင် ပြုလုပ်ပေးနေခြင်းကို ဇူလိုင် ၄ ရက်နောက်ဆုံးထားပြုလုပ်ပေးမည် ဖြစ်၍ ပြည်သူများအနေဖြင့် အမြန် ဆုံးလာရောက် လုပ်ဆောင်နိုင်ကြရန် မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနက အသိပေးထားကြောင်း သိရသည်။
တယ်လီနောနှင့် ဆမ်ဆောင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုး
တယ်လီနောမြန်မာနှင့် ကမ္ဘာ့ နံပါတ်တစ် မိုဘိုင်းပစ္စည်းထုတ် လုပ်သူ Samsung Electronics တို့ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို ရန်ကုန်မြို့ရှိ တယ် လီနောရုံးချုပ်၌ နှစ်ဖက်ကုမ္ပဏီမှ အကြီးတန်းအရာရှိများက ဇွန် ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။
ဂျပန်နှင့်မြန်မာ့ဆက်သွယ်ရေးတို့ ပူးပေါင်းပြီး တန်ဖိုးနည်းဆင်းကဒ်များ အကန့်အသတ်မရှိရောင်းမည်
ပြည်သူများ လက်ကိုင်တယ်လီဖုန်းသုံးစွဲနိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နိုင်ငံခြားမှ ကုမ္ပဏီ တစ်ခုနှင့် အကျိုးတူပူးပေါင်းကာ တန်ဖိုးနည်းဆင်းကတ်များကို ဆိုင်တိုင်းတွင် စိတ်တိုင်းကျ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အချစ်ရေးမှာ နှစ်ဦးသား ပိုနွေးထွေးစိုပြေစေဖို့ သိထားရမယ့် အချက်များ
Photo: အချစ်ရေးမှာ နှစ်ဦးသား ပိုနွေးထွေးစိုပြေစေဖို့ သိထားရမယ့် အချက်များ
Sunday, June 22, 2014
တစ်ဦးနဲ့တစ်ဦး ချစ်ကြပြီဆိုတာနဲ့ နားလည်မှုတွေ တည်ဆောက်ရမယ်၊ ယုံကြည်မှုတွေ ခိုင်မြဲအောင် ကြိုးစားရတော့မှာပါ။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အချက်ကလေးတွေကြောင့် သင့်ရဲ့အချစ်ရေးဟာ ပျက်ပြားသွားနိုင်သလို အဲ့ဒီ ဘာမဟုတ်တဲ့ အချက်တွေကြောင့်ပဲ သင်တို့ဟာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ရရှိနိုင်ပါတယ်။ ကိုယ်ချစ်သူနဲ့ ပိုခိုင်မြဲတဲ့ သံယောဇဉ်မျိုး ရရှိစေဖို့နဲ့ နှစ်ဦးသား ဒီအချစ်ရေးမှာ သက်တောင့်သက်သာနဲ့ ပိုမိုနွေးနွေးထွေးထွေးရှိစေဖို့အတွက် ဒီအချက်ကလေးတွေက ကူညီပေးပါလိမ့်မယ်။
၁။sms ပို့တဲ့အခါ လေး၊ ငါးခြောက်ခါ ဖတ်ပြီးမှ ပို့တာမျိုးရှောင်ပါ။
တစ်ခါတစ်လေ sms ပို့တော့မယ်ဆိုရင် ငါရေးထားတာ အမှားပါသွားမလားဆိုပြီး စိုးရိမ်စိတ်နဲ့ အထပ်ထပ်အခါခါ ဖတ်ပြီးမှ ပို့တာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ်စာလုံးပေါင်းမှားပြီး ပို့လိုက်တာဟာ သူ့အတွက် အနှောက်အယှက်ဖြစ်စရာ အကြောင်းမရှိပါဘူး။ အတိအကျ၊ ပြည့်ပြည့်စုံစုံကြီးဖြစ်အောင် ကြိုးစားလုပ်ယူနေမှသာ တစ်ဖက်လူအတွက် ငြီးငွေ့စရာဖြစ်လာမှာပါ။ အထပ်ထပ်အခါခါပြင်ထားတဲ့ sms မှာလည်း ပထမဆုံး ရိုက်ရိုက်ပြီးချင်း ပို့တာလောက်တော့ ရင်ခုန်ဖွယ် မဖြစ်တော့ဘူးလေ။
၂။သူနဲ့ချိန်းတွေ့တဲ့အချိန်မှာ စားချင်တာစားပါ။
နှစ်ဦးသား စားစရာမှာခါနီး ငါ ဘာဂါစားရင် ပါးစပ်တွေ ပေကျံကုန်မလား၊ ဟိုဟာစားရင်ကောင်းပါ့မလား၊ ဒီဟာစားရင် ကောင်းပါ့မလာဆိုပြီး သိပ်တွေးမနေပါနဲ့။ ကိုယ်စားချင်တဲ့အရာကို စားပါ။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနေပါ။
၃။မိတ်ကပ်မပါပဲ ကိုယ့်ကို ကိုယ့်ချစ်သူ တွေ့သွားမှာ မစိုးရိမ်ပါနဲ့။
ကိုယ့်ကို တကယ်ချစ်မြတ်နိုးတဲ့သူကတော့ ကိုယ့်မျက်နှာပေါ်မှာ မိတ်ကပ်မပါလည်း ချစ်မှာပါပဲ။ မိတ်ကပ်မပါတဲ့ ကိုယ့်မျက်နှာကို မြင်ဖူးသွားပြီး ကိုယ့်ကိုသူက လှလိုက်တာလို့ ဆိုနေတုန်းဆိုရင် သင်လည်း ယုံကြည်မှုပိုတိုးတာပေါ့။ ဒါ့အပြင် သူ့ရှေ့မှာ ပဲများပြီးနေစရာမလိုတော့ဘူးလေ။ သက်တောင့်သက်သာ ဘယ်လောက်ဖြစ်သလဲ။
၎။သူရှေ့မှာ အိပ်ပျော်သွားတဲ့အခါ ဟန်ဆောင်ပြီး အိပ်တာမျိုး လုပ်မနေပါနဲ့။
ကိုယ့်ချစ်သူရှေ့မှာ အိပ်ပျော်သွားလို့ အိပ်နေတုန်း ယောင်တာမျိုးဖြစ်မှာ၊ ဟောက်မိတာမျိုးဖြစ်မှာတွေကို တွေးမကြောက်ပါနဲ့။ ကိုယ်အရင်တုန်းက အိပ်သလိုပဲ လွတ်လွတ်လပ်လပ်အိပ်ပါ။
၅။ငိုတဲ့အခါ ကိုယ့်ရဲ့မျက်နှာကို ကွယ်ဝှက်ထားတာမျိုး မလုပ်ပါနဲ့။
ငိုနေတဲ့ ကိုယ့်ရဲ့မျက်နှာက ရုပ်ဆိုးတယ်လို့ ခံစားရတယ်ဆိုရင်တောင် ကိုယ့်ချစ်သူရှေ့ ဟန်ဆောင်ပန်ဆောင် ငိုနေတာမျိုးတွေ လုပ်မနေပါနဲ့။ ဟန်ဆောင်ခြင်းက လူကို ပင်ပန်းစေတာကြောင့်ပါ။
၆။ကိုယ့်ငယ်ငယ်တုန်းက ပုံလေးတွေ သူ့ကိုထုတ်ပြပါ။
ကိုယ်အလယ်တန်းကျောင်းတက်တုန်းက ပုံတွေ သူကတောင်းကြည့်တဲ့အခါ ပြလိုက်ပါ။ ကိုယ်တကယ်ချစ်တဲ့သူဆိုရင် ဒါတွေကို သိုဝှက်မထားသင့်ပါဘူး။ သူ့ဆီကလည်း ပြန်တောင်းကြည့်ပေါ့။
၇။ကိုယ့်ဘဏ်ကတ်ထဲက ငွေအကြောင်း သူသိသွားလည်း အရေးမကြီးပါဘူး။
ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ရှိတယ်၊ သူ့မှာဘယ်လောက်ရှိတယ်၊ ကိုယ်ကတစ်လဘယ်လောက်သုံးတယ်ဆိုတာမျိုးတွေက ချစ်သူအချင်းချင်း ဖွင့်ဟသင့်တဲ့အရာတွေပါ။ ဒါတွေက လိမ်ညာစရာမလိုပါဘူး။ ရှိရင်ရှိတယ်၊ မရှိရင် မရှိဘူး ပွင့်လင်းသင့်ပါတယ်။
Ref:womenshealthmag.com
Trend Myanmar
တစ်ဦးနဲ့တစ်ဦး ချစ်ကြပြီဆိုတာနဲ့ နားလည်မှုတွေ တည်ဆောက်ရမယ်၊ ယုံကြည်မှုတွေ ခိုင်မြဲအောင် ကြိုးစား ရတော့မှာပါ။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အချက်ကလေးတွေကြောင့် သင့်ရဲ့အချစ်ရေးဟာ ပျက်ပြား သွားနိုင်သလို အဲ့ဒီ ဘာမဟုတ်တဲ့ အချက်တွေကြောင့်ပဲ သင်တို့ဟာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ရရှိနိုင် ပါတယ်။ ကိုယ်ချစ်သူနဲ့ ပိုခိုင်မြဲတဲ့ သံယောဇဉ်မျိုး ရရှိစေဖို့နဲ့ နှစ်ဦးသား ဒီအချစ်ရေးမှာ သက်တောင့် သက်သာနဲ့ ပိုမိုနွေးနွေးထွေးထွေးရှိစေဖို့အတွက် ဒီအချက်ကလေးတွေက ကူညီပေးပါ လိမ့်မယ်။
လူးဝစ်ဆာရက်ဇ်၏ စွမ်းဆောင်ရည်မှာ အံ့အားသင့်စရာဟု မော်ရင်ဟိုဆို
ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက အင်္ဂလန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ခြေစွမ်းပြပြီး (၂)ဂိုးသွင်းယူခဲ့သည့် လူးဝစ်ဆွာရက်ဇ်အား ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ မော်ရင်ဟိုသည် ပြီးခဲ့သည့် ရာသီက လီဗာပူးလ်အသင်း၏ ကစားသမားဖြစ်သူ ဆွာရက်ဇ်အား ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသူ ဖြစ်သည်။
သတင်းမီဒီယာအချို့ကို သတင်းတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့က ရန်ကုန်မြို့တော်အခြေစိုက် သတင်းမီဒီယာများမှ အယ်ဒီတာအချို့ကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သည်။
ဦးစိုးဝင်းမှာ ယခင်ပြန်ကြားရေးဝန်ကြီးဌာနတွင် ငွေကြေးအရှုပ်အရှင်းရှိသူဟု ဦးလှဆွေ ပြော
သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ် တော်သို့ အမည် စာရင်းပေးပို့ထား သော ဦးစိုးဝင်းမှာ ယခင်ပြန်ကြား ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်စဉ် ကာလအတွင်း ငွေ ကြေးကိစ္စရပ်နှင့်ပတ်သက်၍ နာ မည်ပျက်ရှိခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှ ဆွေက ပြောသည်။
ပုပ္ပားတောင်အနီးတွင် ဗုံးသီးဟောင်း နှစ်ရာကျော်တွေ့
 ပုပ္ပားတောင်မြောက် ဘက်ရှိ စိတ္ထိန်းကျေးရွာတွင် ဆေး ခန်းအနီး ၀န်ထမ်းအိမ်ရာ တည်ဆောက်ရန် မြေကျင်းတူးရာ ဗုံးသီးနှစ်ရာကျော်တွေ့ရှိ၍ မိတ္ထီလာမိုင်းရှင်းလင်းရေးတပ်က လာရောက် ရှင်းလင်းပေးခဲ့ ကြောင်း သတင်းရရှိသည်။
အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်မည်ဆိုပါက တိကျစွာ ဆောင်ရွက်ရန်လိုဟု လွှတ်တော်ကိုယ်စားလှယ်များပြော
သမ္မတ၏ ဖိလစ်ပိုင်ခရီးစဉ်အတွင်း တွေ့ရသော အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့ (ဓာတ်ပုံ - သီဟ)
အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုကို အမှန်တကယ်တိုက်ဖျက်မည်ဆိုပါက ဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်ရန်လိုပြီး  ဥပဒေ၏ အထက်တွင် မည်သူမျှမရှိရန်လိုသည်ဟု  ဥပဒေပညာရှင် များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားလိုက်သည်။
နိုင်ငံရေးပါတီ တစ်ခုကို ထောက်ခံအားပေးရန် ဖွဲ့စည်းထားသော အဖွဲ့အစည်း မဟုတ်ကြောင်း မဘသညီလာခံ ကြေညာ
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသသည် နိုင်ငံရေးပါတီ တစ်ခုကို ထောက်ခံအားပေးရန် ဖွဲ့စည်းထားသော အဖွဲ့အစည်း မဟုတ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) နှစ်ပတ်လည် ညီလာခံတွင် ထုတ်ပြန်ကြောင်း အဆိုပါအဖွဲ့ဝင် ဒေါက်တာသောပါကက မိန့်ကြားသည်။
ဆိပ်ခံဗောတံတားများတွင် သင်္ဘောအကပ်၊ အခွာ ကြီးကြပ် မည့် ဝန်ထမ်းများ ရှိစေလို
Photo: ဆိပ်ခံဗောတံတားများတွင် သင်္ဘောအကပ်၊ အခွာ ကြီးကြပ် မည့် ဝန်ထမ်းများ ရှိစေလို
Sunday, June 22, 2014
ဒလမှ ရန်ကုန်ဘက်ကမ်းသို့ ဇွန် ၂ဝ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ ဝန်းကျင်တွင် ထွက်ခွာလာသော ကူးတို့ရေယာဉ်နှစ်ထပ်ပေါ်သို့ ဆိပ်ခံဗောတံတားပေါ်မှ ခရီးသည်တစ်ဦး အပြေးအလွှားခုန်တက်နေသည့်မြင်ကွင်းကို အဆိုပါသင်္ဘော အပေါ်ထပ်မှ လိုက်ပါလာသော ခရီးသည်တစ်ဦးက ရိုက်ကူးပေးပို့လာ ရာ မြင်ရသူအဖို့ စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေသော်လည်း အဆိုပါခရီးသည်မှာမူ အချိန်လုသည့် ဇော(စိတ်)ကြောင့် စိုးရိမ်စိတ်မဖြစ်ပေါ်သော်လည်း အသက်ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်ရာ ဆိပ်ခံဗောတံတားများမှ သင်္ဘောအကပ်၊ အခွာပြုလုပ်သည့်အခါတွင် ဆိပ်ခံဗောတံတားပေါ်၌ ကြီးကြပ်မည့်ဝန်ထမ်းရှိသင့်ကြောင်း ရေလမ်းသွားခရီးသည်များက ဆိုသည်။
ရေလမ်းအပါအဝင် ကားလမ်းများတွင် ခရီးသည်များ အချိန်လု အပြေးအလွှား သွားလာနေကြရာ အချိန်မရွေး ဘေးအန္တရာယ်ကြုံတွေ့ရတတ်မှုကို ယာဉ်တိုက်မှုဖြစ်စဉ် များကပြသနေရာ အထူးသဖြင့် သင်္ဘောခရီးစဉ်များတွင် ဆိပ်ခံဗောတံတားသို့ ကပ်ချိန်၊ ခွာချိန်များတွင် သင်္ဘောများဆိပ်ခံဗောတံတားနှင့် ကြိုးများအပြည့်အဝ ချည်နှောင်ပြီးချိန်မှသာ စနစ်တကျ အတက်၊ အဆင်း ပြုလုပ် သင့်ကြောင်း၊ နေ့စဉ် သင်္ဘောစီးခရီးသည် သုံးသောင်းဝန်းကျင် ရှိသော ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်ခရီးစဉ်တွင် သက်ဆိုင်ရာမှ ကြီးကြပ်မှုကြောင့် ဆိပ်ခံရေဆင်းတံတားနှင့် ဗောတံတားတွင် အတက်၊ အဆင်းခရီးသည် များ ရောထွေးမှုမရှိဘဲ အတက်၊ အဆင်းသီးသန့်သွားလာနိုင်ချိန် သင်္ဘောထွက်ချိန် ဆိပ်ခံရေဆင်းတံတားများ မှ ပြေးလွှားခုန်တက်နေ သည်များကိုလည်း တားဆီးသင့်ကြောင်း ကူးတို့ရေယာဉ်စီးခရီးသည်များက ဆိုသည်။
MOI Webportal Myanmar
ဒလမှ ရန်ကုန်ဘက်ကမ်းသို့ ဇွန် ၂ဝ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ ဝန်းကျင်တွင် ထွက်ခွာလာသော ကူးတို့ရေယာဉ်နှစ်ထပ်ပေါ်သို့ ဆိပ်ခံဗောတံတားပေါ်မှ ခရီးသည်တစ်ဦး အပြေးအလွှားခုန်တက်နေသည့် မြင်ကွင်းကို အဆိုပါသင်္ဘော အပေါ်ထပ်မှ လိုက်ပါလာသော ခရီးသည်တစ်ဦးက ရိုက်ကူးပေးပို့လာ ရာ မြင်ရသူအဖို့ စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေသော်လည်း အဆိုပါခရီးသည်မှာမူ အချိန်လုသည့် ဇော(စိတ်)ကြောင့် စိုးရိမ်စိတ်မဖြစ်ပေါ်သော်လည်း အသက်ဘေးအန္တရာယ်ဖြစ်စေနိုင်ပါသည်။
ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ယနေ့ ဆန္ဒထုတ်ဖော်မည်
Photo: ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ယနေ့ ဆန္ဒထုတ်ဖော်မည်
Sunday, June 22, 2014
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ လူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် သန်လျင်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ဦးဆောင်ကျင်းပမည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်က ဇွန်လ ၂၁ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအရ သိရှိရသည်။
ဆန္ဒထုတ်ဖော်ပွဲအတွက် မရမ်းကုန်းမြို့နယ် ရှစ်မိုင်ရှိ မြိုင်ဟေဝန် ပန်းခြံရှေ့နှင့် သန်လျင်မီးပွိုင့်တို့တွင် စုရပ်များထားရှိပြီး ယင်းစုရပ်နေရာများမှ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ကာ ကျိုက်ခေါက်ဘုရားလမ်း၊ သိမ်ကျောင်းလမ်း၊ ဗိုလ်ချုပ်နေဝင်းလမ်းတို့မှ အာဇာနည်ကျောက်တိုင်ရှေ့သို့ လမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း အဆိုပါကွန်ရက် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးမျိုးဇော်က ပြောကြားသည်။
“ဟောပြောမယ့်နေရာနဲ့ စီတန်းလှည့်လည်ခွင့် အတွက်လည်း ခွင့်ပြုချက် ကျထားတယ်။ တောင်ပိုင်းခရိုင် ကိုးမြို့နယ်မှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ကျောင်းသားတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပြီး ဆန္ဒထုတ်ဖော်မယ်။ အင်အား သောင်းဂဏာန်းလောက် ပါဝင်မယ်လို့ ကျွန်တော်တို့ မှန်းထားတယ်” ဟု ၎င်းကဆိုသည်။
တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲကို Generation Wave၊ Yangon School Of Political Science၊ လိုင်ဇာငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့တို့ အပါအဝင် အဖွဲ့အစည်း ၃၈ ခုတို့မှ ပူးပေါင်းပါဝင်မည် ဖြစ်သည်။
မေလ ၂၅ ရက်နေ့ကလည်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်မှ ဦးဆောင်၍ ရန်ကုန်အရှေ့ပိုင်း ခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲကို ဒေါပုံမြို့နယ် ဘောလုံးအားကစားကွင်း၌ လူအင်အား သုံးသောင်းကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
The Voice Weekly
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တောင်ပိုင်း ခရိုင်လုံးဆိုင်ရာ လူထုလှုပ်ရှားမှု ဆန္ဒ ထုတ်ဖော်ပွဲကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် သန်လျင်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ဦးဆောင် ကျင်းပမည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်က ဇွန်လ ၂၁ ရက်နေ့က မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအရ သိရှိရသည်။
ကြက်ဥကို စားသင့်တဲ့ အကြောင်းများ
Photo: ကြက်ဥကို စားသင့်တဲ့ အကြောင်းများ
Sunday, June 22, 2014
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။
ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ် အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ တစ်ခုလို့ ဆိုရမှာပေါ့။
ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာ အဖြစ် စားမယ်ဆိုရင် ဝိတ်ကို ကျစေနိုင်လို့ အရမ်းဝနေသော အမျိုးသား (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာ အဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။
ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး အမျိုးသမီး ရင်သား ကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့် ပါတယ်။
www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့် တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။
သင် မထင်မှတ်ထားတဲ့ Vodka ကို အသုံးပြုနိုင်တဲ့ နည်းခြောက်သွယ်
သုံးကြသလို cocktail စပ်ပြီးတော့လည်း သောက်သုံး ကြပါတယ်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်
Photo: ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်
Sunday, June 22, 2014
ရခိုင်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု သတင်းများ ထွက်ပေါ်နေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော် တပ်မတော်သား လွတ်တော်ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စပ်ရေး စာချုပ် ရေးဆွဲရေးတွင် ပါဝင်နေသူ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် တပ်မတော်သား ခြောက်ဦးကို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ကိုယ်စားလှယ်များ အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သဘောပေါက်ကြောင်း၊ ဗိုလ်ချုပ်မောင်မောင်အုန်း နယ်စပ်လုံခြုံရေး ဒုတိယဝန်ကြီးအဖြစ် လုပ်ဆောင်စဉ်က ရင်းနှီးခဲ့ပြီး လုပ်ရည်ကိုင်ရည် ကောင်းမွန်ကာ ရခိုင်ပြည်နယ် ပြဿနာ ဖြစ်ပွားခဲ့စဉ်က ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ခြင်းကို ကျေးဇူးတင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။
သို့သော် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံရဖွယ် ရှိသည် ဆိုသည်ကို မူအရ လက်မခံနိုင်ဘဲ ရွေးကောက်ခံ အမတ်ဖြစ်မှသာ ပြည်သူကို ကိုယ်စားပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 
“ရွေးကောက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေကသာလျှင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်စေချင်တယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။
နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁၈ ရက်နေ့တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကို မူလစစ်ဘက် တာဝန်များ ပြန်လည် ထမ်းဆောင်စေလိုက်ကြောင်းကို သတင်းထုတ်ပြန်ပြီးနောက် နုတ်ထွက်သွားသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူး၌ ခန့်အပ်ခံရဖွယ် ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းနှင့် အင်တာနက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။
The Voice Weekly
ရခိုင်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု သတင်းများ ထွက်ပေါ်နေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်လွှတ်တော် တပ်မတော်သား လွတ်တော် ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
အီရတ်နိုင်ငံသို့ စစ်ဘက်ဆိုင်ရာ အကြံပေး ၃ဝဝ ဦးကို စေလွှတ်မည်ဟု အိုဘားမား ပြောကြား
Photo: အီရတ်နိုင်ငံသို့ စစ်ဘက်ဆိုင်ရာ အကြံပေး ၃ဝဝ ဦးကို စေလွှတ်မည်ဟု အိုဘားမား ပြောကြား
Sunday, June 22, 2014
အီရတ် နိုင်ငံတွင်းသို့ စစ်ဘက်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ၃ဝဝ ဦးကို စေလွှတ်သွားရန် အမေရိကန် ပြည်ထောင်စု အနေဖြင့် အသင့်ရှိနေကြောင်း ဇွန် ၁၉ ရက်တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ပြောကြားသည်။
အီရတ်နိုင်ငံ အတွင်း၌ တိုက်ခိုက် သိမ်းပိုက်မှုများ လုပ်ဆောင်နေသည့် ဆွန်နီ အကြမ်းဖက် သမားများကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန် အတွက် အီရတ် တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင် လေ့ကျင့်ပေးမည့် စစ်ဘက်ဆိုင်ရာ အမေရိကန် အကြံပေး ပုဂ္ဂိုလ်များကို ယင်းနိုင်ငံ အတွင်းသို့ စေလွှတ်ရန် အသင့်ရှိနေကြောင်း၊ ၎င်းအကြံပေး ပုဂ္ဂိုလ်များသည် အီရတ်နိုင်ငံ၏ အကြမ်းဖက်မှု လေ့လာ စောင့်ကြည့်ရေးနှင့် စုံစမ်းထောက်လှမ်းရေး အဖွဲ့များ၏ စွမ်းရည်ကိုလည်း မြှင့်တင် ပေးသွားမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြားသည်။
အမေရိကန် တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သော သီတင်းပတ် အတွင်းက ဆွန်နီအကြမ်းဖက် သမားများ၏ လက်အတွင်းသို့ ကျရောက်ခဲ့ရသော မိုဆူလ်မြို့ အနီးတစ်ဝိုက်နှင့် ဘဂ္ဂဒက်မြို့ရှိ အချက်အချာ နေရာများတွင် အီရတ် တပ်ဖွဲ့ဝင်များနှင့် အတူ ပူးတွဲ စစ်ဆင်ရေး များကို လုပ်ဆောင်သွားနိုင်ဖွယ် ရှိကြောင်း အိုဘားမားက ထပ်လောင်း ပြောကြားသည်။
မြ၀တီ
အီရတ် နိုင်ငံတွင်းသို့ စစ်ဘက်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ၃ဝဝ ဦးကို စေလွှတ်သွားရန် အမေရိကန် ပြည်ထောင်စု အနေဖြင့် အသင့်ရှိနေကြောင်း ဇွန် ၁၉ ရက်တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ပြောကြားသည်။
လှိုင်သာယာတွင် စေတီမုခ်ဦးပိတ်၍ ခြံဝင်းခတ်သောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ ရွှေလင်ပန်းကျေးရွာအုပ်စု ကျုံစုကျေးရွာရှိ ရွှေရင်အေး စေတီတော် ၏ အနောက်ဘက် မုခ်ဦးကို ပိတ်၍ ခြံဝင်းခတ်သောကြောင့် ဇွန်လ ၂၁ ရက်နေ့က ဒေသခံများကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။
ကော်စတာရီကာ ကစားသမား(၇)ဦးအထိ ဆေးစစ်ခဲ့သည့် ဖီဖာကို မာရာဒိုနာ ဝေဖန်
အာဂျင်တီးနား ဂန္ထ၀င်ဘောလုံးသမား မာရာဒိုနာသည် အီတလီအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ အပြီးတွင် ကော်စတာရီကာ ကစားသမား (၇)ဦးအထိ ဆေးစစ်ဆေးခဲ့သည့် ဖီဖာ၏လုပ်ရပ်ကို ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။ မာရာဒိုနာက ဖီဖာသည် အသင်းငယ်လေး တစ်သင်းကို ပြစ်မှုကျူးလွန်ခြင်းဟု စွပ်စွဲခဲ့ပြီး၊ လုံးဝလက်သင့်ခံနိုင်စရာ မရှိသည့် လုပ်ရပ်ဟုလည်း ဝေဖန်ခဲ့သည်။
နိုင်ငံရေးခိုလှုံခွင့်တောင်းသူစာရင်းတွင် မြန်မာ အဆင့်သုံး၌ ရပ်တည်
ကမ္ဘာတွင် နိုင်ငံရေးခိုလှုံ ခွင့်တောင်းခံသူအများဆုံးနိုင်ငံ များစာရင်း၌ မြန်မာနိုင်ငံကအ ဆင့်သုံးနေရာတွင် ရပ်တည်နေ ကြောင်း UNHCR အစီရင်ခံစာ တစ်ခု၌ ဖော်ပြသည်။ 
ဝန်ကြီးအချို့အပြောင်းအလဲရှိဦးမည်ဟု သတင်းထွက်ပေါ်
မကြာမီရက်ပိုင်းအတွင်း အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုဝန်ကြီးအချို့အား တာဝန်မှ နုတ်ထွက်ခွင့် ပြုတော့မည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။