Monday, 28 April 2014

သမ္မတဦးသိန်းစိန်အား ကင်းထောက်မောင်မယ်များ သွားရောက်တွေ့ဆုံမည်

Photo: သမ္မတဦးသိန်းစိန်အား ကင်းထောက်မောင်မယ်များ သွားရောက်တွေ့ဆုံမည်
Monday, April 28, 2014

ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ကျောင်းသူ ကျောင်းသား(၄၉၀) ဦး ပါဝင်သော ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲအားပြင်ဦးလွင်စခန်းတွင် (ယနေ့)
ဧပြီ ၂၈ရက်မှမေ၂ရက်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းတွေ့ဆုံပွဲပြီးပါက 
မေ ၃ ရက်နှင့် ၄ ရက်နေ့၌သမ္မတဦးသိန်းစိန်အား သွားရောက် တွေ့ဆုံ
မည့်ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကပြောသည်။

၎င်းကင်းထောက်မောင်မယ်တွေ့ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အမှတ်(၁)၊အမှတ်(၂)၊ အမှတ်(၃)၊ အခြေခံအထက်တန်းကျောင်းများကဆဌ္ဓမတန်း၊သတ္တမ
တန်း ကျောင်းသူ ကျောင်းသား ၄၉၀ဦးပါဝင်မှာ ဖြစ်သည်။

“ပြင်ဦးလွင်စခန်းမှာ ပြုလုပ်မယ် ကင်းထောက်မောင်မယ်တွေ့ဆုံပွဲဟာ မြန်မာတပြည်လုံးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို တွေ့ဆုံပေး
တာဖြစ်တယ်။

တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှုရအောင်ပေါ့။နောက်တစ်ခုက သူတို့လေးတွေရဲ့စိတ်ထဲမှာ အများအကျိုးလုပ်ဆောင်ချင်တဲ့စိတ်ကလေးတွေ
ဖြစ်ပေါ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဒီတွေ့ဆုံပွဲကိုလုပ်တာပါ။ နောက်တစ်ချိန်ကျရင် သူတို့အားလုံးဟာ အနာဂတ်လူစွမ်းကောင်း တွေဖြစ်လာမယ်။

တစ်ယောက်နဲ့တစ်ယောက် ဗဟုသုတတွေလဲ ဆွေးနွေးဖလှယ်သွားလို့ရတယ်”ဟု အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်
က ပြောသည်။

ကင်းထောက်မောင်မယ်တွေ့ဆုံပွဲအား ဧပြီ ၂၈ ရက်မှ မေ၂ ရက်အထိပြုလုပ်
သွားမည်ဖြစ်ပြီး ယင်းအချိန်အတွင်း၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အဖွဲ့
(၅)ဖွဲ့ခွဲကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ ၎င်းနေရာများမှ လူ့ကန်သာဘုရား
တွင် တံမြက်စီးလှဲခြင်း၊ဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအားပြုစုစောင့်
ရှောက်ခြင်း၊ မျက်မမြင်ကျောင်းများတွင် ဝေယျာဝစ္စပြုလုပ်ခြင်း၊ကျောင်း
များ၌သန့်ရှင်းရေးများ ပြုလုပ်ခြင်း၊သစ်ပင်စိုက်ခြင်းစသည့် ပြည်သူ့
အကျိုးပြုလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းနောက် ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသားသဘာဝဥယျာဉ်တွင်လေ့
လာရေးခရီးစဉ်အနေနဲ့ ဗဟုသုတများရှာဖွေ သွားမည်ဖြစ်ပြီး မေ ၂ ရက်၌
နေပြည်တော်စုပေါင်းစခန်းသို့သွားရောက်ကာဘက်စုံထူးချွန်လူငယ်များ၊ထူးချွန်
ကြက်ခြေနီလူငယ်များတို့ဖြင့်ပူးပေါင်း၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
အား သွားရောက်တွေ့စုံမည် ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ဆက်လက်ပြောပြသည်။

ယင်းကင်းထောက်မောင်မယ်တွေ့ဆုံပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမ
အကြိမ်တွေ့ဆုံပွဲအား၂၀၁၃၊ဧပြီလ၌ပင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ချစ်မင်းထွန်း
The Myanmar Age
ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ကျောင်းသူ ကျောင်းသား(၄၉၀) ဦး ပါဝင်သော ကင်းထောက် မောင်မယ် များ တွေ့ဆုံပွဲအားပြင်ဦးလွင်စခန်းတွင် (ယနေ့) ဧပြီ ၂၈ရက်မှမေ၂ရက်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး ယင်းတွေ့ ဆုံပွဲပြီးပါက မေ ၃ ရက်နှင့် ၄ ရက်နေ့၌သမ္မတဦးသိန်းစိန်အား သွားရောက် တွေ့ဆုံ မည့်ဖြစ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကပြောသည်။

ချစ်သက်တမ်း ရှည်စေမယ့် နည်းလမ်းကောင်းများ

Photo: ချစ်သက်တမ်း ရှည်စေမယ့် နည်းလမ်းကောင်းများ
Monday, April 28, 2014 

ကိုယ်တကယ် ချစ်ရသူနဲ့ ရေရှည်လက်တွဲသွားဖို့ စဉ်းစားထားပြီဆိုရင် သူနဲ့ချစ်သက်တမ်းက ၆လဖြစ်ဖြစ်၊ ၆နှစ်ဖြစ်ဖြစ် နှစ်ဦးကြားမှာ ပျင်းရိသွားတာမျိုး၊ အချစ်တွေက အရင်လို ချစ်ခါစ၊ ကြိုက်ခါစအချိန်တွေကလို လတ်ဆတ်နေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။ မနေ့တနေ့ကမှ ချစ်သူဖြစ်သလို တစ်ဦးနဲ့တစ်ဦးဆက်ဆံပါ။

သူနဲ့ကိုယ်တွဲခဲ့တဲ့အချိန်က ဘယ်လောက်ကြာကြာ မနေ့တနေ့ကမှ ချစ်သူရည်းစားဖြစ်သလို နေထိုင်ပြောဆိုပါ။ ကိုယ့်ချစ်သူကို ဂရုစိုက်တာ၊ သဲသဲလှုပ်တာဟာ အပြစ်မဟုတ်ပါဘူး။ နှစ်ဦးသားပိုမိုအဆင်ပြေစေမယ့်အရာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်းစားဖြစ်ခါစ အချိန်တွေအတိုင်း ကိုယ့်ချစ်သူကို ဂရုစိုက်ပြီး ကြင်နာယုယပေးပါ။

၂။သူငယ်ချင်းတွေရဲ့ ချစ်ရေးချစ်ရာ ကိစ္စတွေမှာ ပါဝင်ခြင်းမပြုလုပ်ပါနဲ့။

ကိုယ့်သူငယ်ချင်းနဲ့ သူကောင်မလေး လမ်းခွဲမယ့်ကိစ္စမျိုးတွေမှာ ကိုယ်က အားပေးအားမြှောက်ဝင်လုပ်တာမျိုး၊ အကြံဥာဏ်ပေးတာမျိုးတွေ မလုပ်ပါနဲ့။ သူတို့နှစ်ဦး အဆင်ပြေအောင် ပြောဆိုပေးတတ်သူသာ ဖြစ်ပါစေ။ ဒီလိုဆို ကိုယ့်ချစ်သူကလည်း မသိစိတ်ကနေ ကိုယ့်ကိုယုံကြည်မှုတွေ ပိုလာမှာပါ။

၃။နားလည်မှုထားပါ။ နှစ်ဦးသဘောတူ တိုင်ပင်ထားတဲ့ အရာတွေကို အမြဲတမ်း ပြောဆိုပေးပါ။

နှစ်ဦးသား ဘယ်အချိန်မှာ ဘာတွေလုပ်မယ်။ နှစ်ယောက်မှာ တစ်ယောက်က အောင်မြင်သွားပါစေ၊ ကျန်တဲ့တစ်ယောက်က ပျော်ရွှင်ပေးနိုင်ရမယ်။ တစ်ယောက်ကလည်း ကိုယ့်ချစ်သူကို အထင်သေး၊ အမြင်သေး မဖြစ်ရဘူး။ ဘယ်လိုနေ့မျိုးလေးတွေမှာ ဘာတွေအတူတူလုပ်ကြမယ် စသဖြင့် နှစ်ဦးသားပြောခဲ့ဖူးတဲ့၊ တိုင်ပင်ခဲ့ဖူးတာတွေကို မေ့မပစ်လိုက်ပါနဲ့။ နိုင်ငံတကာမှာဆိုရင် ချစ်သူရည်းစားစုံတွဲတွေ၊ အိမ်ထောင်သည်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုအောင်မြင်သွားတယ်ဆိုရင် ကွဲကြတာ များပါတယ်တဲ့။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ သူတို့အမျိုးသမီးတွေရဲ့ အောင်မြင်မှုအပေါ် စိတ်မသက်မသာဖြစ်လာတာကြောင့်လို့ သိရပြီး အမျိုးသမီးတွေကတော့ ငါတို့ဒီလောက်လုပ်နိုင်နေပြီပဲ။ ဘာ့ကြောင့်ဒီလို စိတ်ညစ်စရာကောင်းတဲ့ ဆက်ဆံရေးကနေ မစွန့်ခွာနိုင်ရမှာလဲ ဆိုပြီး တွေးတာကြလို့ပါတဲ့။

၎။လူမှုကွန်ယက်တွေ၊ ဖုန်းတွေထက် ချစ်သူကို အချိန်ပေးပါ။

နှစ်ဦးသားဆုံတွေ့ချိန်တွေမှာဖြစ်စေ၊ သူနဲ့အတူ မရှိချိန်တွေမှာဖြစ်စေ ဖေ့စ်ဘွခ်လို လူမှုကွန်ယက်တွေကိုပဲ အာရုံရောက်နေမယ်၊ ဖုန်းကိုပဲ ကလိနေတတ်သူဆိုရင်လည်း ဒီအကျင့်လေးကို ပြင်ဖို့ပြောပါရစေ။

၅။တစ်ဦးနဲ့တစ်ဦး ငြင်းခုန်ချိန်တိုင်း အရင်ကဖြစ်ခဲ့တာတွေကို ပြန်မထောက်ပြပါနဲ့။

အချိန်တိုင်း အဆင်ပြေနေတဲ့ ချစ်သူစုံတွဲဆိုတာကတော့ မရှိသလောက်ရှားပါတယ်။ တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်၊ ငြင်းခုန်တိုင်း အရင်တုန်းက ကိုယ်မကျေနပ်တဲ့ကိစ္စတွေကို ပြန်ထောက်ပြပြောဆိုတာမျိုး အတတ်နိုင်ဆုံး ရှောင်ပါ။ အထူးသဖြင့် ပိုက်ဆံကိစ္စတွေပေါ့။ ငါ့တုန်းက နင်အဲ့ဒီလိုဖြစ်နေတုန်းက ငွေဘယ်လောက် သုံးလိုက်ရတယ်၊ နင်ကျတော့ ဒီလောက်လေးတောင် အဖြစ်မရှိဘူး စတာမျိုးတွေ မပြောမိဖို့ သတိထားပါ။

၆။တစ်ဦးရဲ့ယုံကြည်မှုတိုးပွားအောင် တစ်ဦးက ပြောဆိုပေးပါ။

ကိုယ်က အရမ်းချောပြီး၊ ကိုယ့်ချစ်သူကတော့ သာမာန်ပဲမို့လို့ သူက စိတ်အားငယ်တယ်လို့ထင်ရင် သူ့ကိုဘာ့ကြောင့် ချစ်ခဲ့ရတာ၊ သူ့ရဲ့အားသာချက်တွေက ဘာဆိုတာ သူသိအောင် ပြောပြပေးပါ။ သူ့ရဲ့အားနည်းချက်တွေကို အားသာချက်ဖြစ်အောင် ပြောပြပေးပါ။

၇။ကိုယ့်ချစ်သူကို ကိုယ်လေစားရတဲ့၊ ကြိုက်ရတဲ့ အနုပညာရှင်တွေနဲ့ မနှိုင်းပါနဲ့။

ကိုယ့်အခန်းနံရံမှာ ကပ်ထားတဲ့ နိုင်ငံခြားက မင်းသား၊ မင်းသမီးတွေနဲ့ ကိုယ့်ချစ်သူကို မနှိုင်းပါနဲ့။ သူတို့က ဘယ်လိုမိုက်တာ၊ ဘယ်လိုတော်တာ၊ မင်းကရော ဆိုတာမျိုးတွေ နှိုင်းယှဉ်ခြင်းဟာ တော်တော်လေးကို ကလေးဆန်ပါတယ်။

Ref:womenshealthmag.com/
Trend Myanmar
ကိုယ်တကယ် ချစ်ရသူနဲ့ ရေရှည်လက်တွဲသွားဖို့ စဉ်းစားထားပြီဆိုရင် သူနဲ့ချစ်သက်တမ်းက ၆လဖြစ်ဖြစ်၊ ၆နှစ်ဖြစ်ဖြစ် နှစ်ဦးကြားမှာ ပျင်းရိသွားတာမျိုး၊ အချစ်တွေက အရင်လို ချစ်ခါစ၊ ကြိုက်ခါစအချိန်တွေကလို လတ်ဆတ်နေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ကျောက်မဲမြို့ မိုင်းတင်ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

၂၀၁၄ခုနှစ် အေပြီလ (၂၅)ရက် (၁၀း၃၀)ချိန်တွင် ကျောက်မဲမြို့နယ် မိုင်းတင်းပြည်သူ့ စစ်ခေါင်း ဆောင် ဦးစိုင်းအောင်မိုးနှင့် အဖော်(၂)ဦးသည် ၎င်းဦးလေးတော်စပ်သူ ကိုနိုင်ဦး ကျန်းမာရေးမကောင်း သဖြင့် ကျောက်မဲမြို့ရှိ လှိုင်ဆေးခန်းသို့ သွားရောက်ဆေးကုသပြီး မတ်တူးကား (အဖြူ)ဖြင့် မိုင်းတင်းကျေးရွာ

၆၆KVA ပမာဏရရှိပါက ဂွတစ်မြို့နယ်လုံးမီးလင်းနိုင်

Photo: ၆၆KVA ပမာဏရရှိပါက ဂွတစ်မြို့နယ်လုံးမီးလင်းနိုင်
Monday, April 28, 2014  

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အတွင်းတွင်သာ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းဖြင့် ပေးနိုင်နေခြင်းဖြစ် ပြီး ဂွမြို့နယ်တစ်ခုလုံး လျှပ်စစ် ဓာတ်အားပေးမည်ဆိုပါက မဟာ ဓာတ်အားလိုင်းမှ တိုက်ရိုက်လျှပ် စစ်ပေးရန်လိုအပ်ပြီးလျှပ်စစ် ပမာ ဏ ၆၆KVA (kilo volt amps)  ပမာဏဆိုပါက တစ်မြို့နယ်လုံး ၂၄ နာရီ လျှပ်စစ်မီးပေးဝေရန်လုံ လောက်နိုင်ကြောင်း ဂွမြို့မီးလင်း ရေးကော်မတီမှသိရှိရသည်။

လက်ရှိတွင် ဂွမြို့ မီးလင်း ရေးအတွက် ဒေသခံများမှ မီးလင်း ရေးကော်မတီကို ၁၉၆၄-၁၉၆၅ ၀န်းကျင်တွင်စတင်ဖွဲ့စည်းပြီး ယခု အခါတွင် အိမ်ခြေ ၁၂၀၀ ကို တစ်ရက်လျှင် ဆယ်နာရီသာ လျှပ်စစ်မီးပေးဝေနိုင်ကြောင်းသိရ သည်။

““ကျွန်တော်တို့ မီးလင်းရေး ကော်မတီအနေနဲ့ လက်ရှိမှာတော့ အမြတ်ငွေသိန်း ၂၀၀ ရှိနေပါပြီ။ ဒါပေမယ့် ဒါကလည်းရန်ပုံငွေ အတွက်ထားထားရတယ်။ ဓာတ် တိုင်တွင် တစ်ခုခုဖြစ်တာပဲဖြစ်ဖြစ်၊ မီးစက်တွေချို့ယွင်းမှုတစ်ခုခုပဲဖြစ် ဖြစ် ဒီငွေတွေနဲ့ပြန်ပြီး လည်ပတ် နေရတယ်။ အခုဆိုရင် ကျောက် ဖြူက သဘာဝဓာတ်ငွေ့တွေဆို တရုတ်ကိုပို့နေတယ်။ ဒေသခံတွေ က ဘာမှအကျိုးမခံစားရဘူး။ ဒီ အတွက်ရခိုင်ပြည်နယ်အစိုးရအနေ နဲ့ဂွမြို့အတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားထုတ်ပေးသင့် တယ်။ ဒါမှလည်း ဒေသခံပိုမိုဖွံ့ ဖြိုးလာနိုင်မယ်””ဟုမီးလင်းရေး ကော်မတီမှအတွင်းရေးမှူးဦးလှတင့် ကပြောသည်။

လက်ရှိ ဂွမြို့အတွင်းသာ လျှပ်စစ်ဓာတ်အားပေးနိုင်သည့် မီးစက်သည် ကျပ်သိန်း (၁၄၀) တန် ၂၅၀KVA  ထုတ်လုပ်နိုင်သည့်  မီးစက်နှင့် ကျပ်သိန်း (၁၇၀) တန် ၃၁၅ KVA ထုတ်လုပ်နိုင်သည့် မီး စက်များဖြစ်ပြီး လျှပ်စစ်ဓာတ်အား ခအဖြစ် ကောက်ခံရာတွင်ဆယ် ယူနစ်အောက်ဆိုပါက ၃၅ ကျပ် ကောက်ခံပြီး ဆယ်ယူနစ်အထက် ဆိုပါက ၃၅၀ ကျပ်ပေးဆောင်ရ ကြောင်းသိရသည်။

““အခုဆို မီးစက်နဲ့ပေးတာ ဆိုတော့ မီတာခလည်းဈေးကြီး တော့ အရမ်းကြီးမသုံးရဲဘူ။ မီး ထွန်း၊ တီဗွီကြည့်ဒီလောက်ပဲသုံးရဲ တယ်။ အဲဒါတောင် တစ်လ တစ် သောင်းကျော်နှစ်သောင်းကျနေ တယ်။ ဒါကြောင့်လျှပ်စစ်အားကို ၂၄ နာရီလုံလုံလောက်လောက် သုံးနိုင်ရင်တော့ပိုကောင်းတာပေါ့။ ဒါဆိုရင် ဒေသခံတွေစီးပွားရေးလည်း  သိသိသာသာဖွံ့ဖြိုးတိုးတက်လာနိုင် တယ်””ဟု ဂွမြို့နယ်မှဒေသခံ လှိုင်မင်းအောင်ကပြောသည်။

အစိုးရမှ တစ်လလျှင် ဓာတ် ဆီဂါလံ ၁၄၀၀ ကိုလည်ပတ်ရန် ထောက်ပံ့ပေးကြောင်း၊ သို့သော် အဆိုပါဆီဂါလံမှာလည်း လုံလောက် မှုမရှိသည့်အတွက် မီတာခတိုးမြှင့် ကောက်ခံပြီး လိုအပ်သည့်ဆီပမာ ဏအတွက်ထပ်မံဝယ်ယူနေရ ကြောင်းသိရသည်။

Hot News
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အတွင်းတွင်သာ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းဖြင့် ပေးနိုင်နေခြင်းဖြစ် ပြီး ဂွမြို့နယ်တစ်ခုလုံး လျှပ်စစ် ဓာတ်အားပေးမည်ဆိုပါက မဟာ ဓာတ်အားလိုင်းမှ တိုက်ရိုက်လျှပ် စစ်ပေးရန်လိုအပ်ပြီးလျှပ်စစ် ပမာ ဏ ၆၆KVA (kilo volt amps)  ပမာဏဆိုပါက တစ်မြို့နယ်လုံး ၂၄ နာရီ လျှပ်စစ်မီးပေးဝေရန်လုံ လောက်နိုင်ကြောင်း ဂွမြို့မီးလင်း ရေးကော်မတီမှသိရှိရသည်။

ဒေါ်လာသန်းဝက် ကိုယ်မှာဝှက်လာ

Photo: ဒေါ်လာသန်းဝက် ကိုယ်မှာဝှက်လာ
Monday, April 28, 2014 

တရုတ်ပြည်မကြီးမှဒေါ်လာ မှောင်ခိုသမားတစ်ယောက်သည် တရုတ်နိုင်ငံဂွမ်ဒေါင်းပြည်နယ်မှ တစ်ဆင့်ဟောင်ကောင်သို့အမှောင် ထုကို အကာအကွယ်ယူပြီး ညဥ့် နက်သန်းခေါင်ယံအချိန်တွင် နယ် စပ်ဂိတ်ကိုဖြတ်ကျော်ဝင်ရောက် ရန်  ကြိုးပမ်းခဲ့သည်။  နှစ်နိုင်ငံ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းရှိ 'Shataukok' နယ်စပ်ဂိတ်သို့ ရောက်ရှိစဉ်အကောက်ခွန်အရာရှိ များက ၎င်းနှင့်အတူပါလာသည့် ခရီးဆောင်အိတ်ကို စစ်ဆေးရန် ပြောကြားစဉ် ထွက်ပြေးသဖြင့် နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသည့်နယ်စပ်ဒေသ စစ်ဆေးရေးကွပ်ကဲမှုတပ်ဖွဲ့ဝင်များ က ““မပြေးနဲ့ ပြေးရင်ပစ်မယ်”” ဟု ပြောကြားခဲ့ရပြီး လက်ရဖမ်းဆီး နိုင်ခဲ့သည်။ 

ဖမ်းဆီးရမိပြီး၎င်းကိုစစ်ဆေး ရာ အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအုပ်များကို ခြေ မျက်စိမှ ဒူးခေါင်းထိပလတ်စတစ် တိပ်ဖြင့် စနစ်တကျပတ်စည်းပြီး အပေါ်မှ ဂျင်း'(Jean) ဘောင်းဘီ ရှည်ဖြင့်ဝတ်ပြီး သယ်ဆောင်လာ သည်ကို စစ်ဆေးတွေ့ရှိသည်။ ထို့ အပြင်၎င်း၏ကိုယ်ပေါ်တွင်လည်း အမေရိကန်ဒေါ်လာ ၁၀၀ တန် အုပ်များကိုကိုယ်မှာပတ်လာသည် ကို တွေ့ရသည်။ အဆိုပါငွေစုစု ပေါင်းမှာ ဒေါ်လာ ၅၈၀,၀၀၀ (ဒေါ်လာသန်းထက်ဝက်ကျော်) ရှိသည်။ တရုတ်ဥပဒေအရ နိုင်ငံ သားတစ်ယောက်သည် အမေရိ ကန်ဒေါ်လာ ၅,၀၀၀ အထိသာ ကိုင်ဆောင်ခွင့်ရှိပြီး ထိုငွေထက် ပို၍ လက်ဝယ်တွေ့ရှိပါက ပြစ်မှု ကြီးမြောက်သည်ဟု သတ်မှတ် ထားသည်။ ဤသတင်းကို နိုင်ငံ ပိုင်သတင်းဌာနက “အင်မတန် စိုးရိမ်စရာကောင်းတဲ့ မသမာမှု ကြီး” (Extraordinarily Serious) ဟု ကြေညာသွားကြောင်း သိရ သည်။     

Hot News
တရုတ်ပြည်မကြီးမှဒေါ်လာ မှောင်ခိုသမားတစ်ယောက်သည် တရုတ်နိုင်ငံဂွမ်ဒေါင်းပြည်နယ်မှ တစ်ဆင့်ဟောင်ကောင်သို့ အမှောင် ထုကို အကာအကွယ်ယူပြီး ညဥ့် နက်သန်းခေါင်ယံအချိန်တွင် နယ် စပ်ဂိတ်ကိုဖြတ်ကျော်ဝင်ရောက်ရန်  ကြိုးပမ်းခဲ့သည်။  နှစ်နိုင်ငံ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းရှိ 'Shataukok' နယ်စပ် ဂိတ်သို့ ရောက်ရှိစဉ်အကောက်ခွန်အရာရှိ များက ၎င်းနှင့်အတူပါလာသည့် ခရီးဆောင်အိတ်ကို စစ်ဆေးရန် ပြောကြားစဉ် ထွက်ပြေးသဖြင့် နိုင်ငံတော်လုံခြုံရေး တာဝန် ထမ်း ဆောင်နေကြသည့်နယ်စပ်ဒေသ စစ်ဆေးရေးကွပ်ကဲမှုတပ်ဖွဲ့ဝင်များ က ““မပြေးနဲ့ ပြေးရင်ပစ်မယ်”” ဟု ပြောကြားခဲ့ရပြီး လက်ရဖမ်းဆီး နိုင်ခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိကန်၊ တရုတ်၊ဗြိတိန်နှင့် ကုလသမဂ္ဂ တို့ ပါဝင်ရန် ဗိုလ်ချုပ်ဂွမ်မော်တိုက်တွန်း

Photo: ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိကန်၊ တရုတ်၊ဗြိတိန်နှင့် ကုလသမဂ္ဂ တို့ ပါဝင်ရန် ဗိုလ်ချုပ်ဂွမ်မော်တိုက်တွန်း
Monday, April 28, 2014

အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေးလျက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိ ကန်၊ တရုတ်၊ ဗြိတိန်နှင့် ကုလသမဂ္ဂတို့ ပါ ဝင်ရန် KIA ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဧပြီ ၂၂ ရက်တွင် ဝါရှင် တန်ဒီစီမြို့တော်သို့ ရောက်စဉ် တိုက်တွန်း ပြောကြားခဲ့သည်။

''ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ အမေရိကန်လို နိုင်ငံကြီးတွေပါဝင်လာရင် ပဋိပက္ခတွေ ဖြေ ရှင်းရေးမှာ နှစ်ဖက်စလုံးကပိုပြီးတော့ ဖိဖိ စီးစီးဆောင်ရွက်နိုင်ပြီးတော့ တရုတ်၊ ဗြိတိန် နဲ့ ကုလသမဂ္ဂတို့လဲ လေ့လာသူအဖြစ် ပါဝင် လာမယ်ဆိုရင် သဘောတူညီချက်မှန်သမျှ လိုက်နာ အကောင်အထည်ဖော်ရေး ကိစ္စ တွေမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါ တယ်''ဟု ဗိုလ်ချုပ်ဂွမ်မော်က ဝါရှင်တန်ဒီစီ တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး သည့်အချိန်တွင် အသိသက်သေအနေဖြင့် နိုင်ငံတကာမှ ပါဝင်သင့်ပြီး လက်ရှိဆွေးနွေး ပွဲများတွင် နိုင်ငံတကာမှ ပါဝင်ရန်မလိုအပ် သေးကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ် အ ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ ဒေါက် တာဆလိုင်းလျန်မှုန်းက ပြောသည်။

''တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆွေးနွေးပွဲက နိုင်ငံတကာလာဖို့ မလို ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့အချင်း ချင်း တွေ့ဆုံဆွေးနွေးလို့ရနေတာပဲ။ အခု တွေ့ဆုံဆွေးနွေးမှုကနေ လမ်းကြောင်းအား ကောင်းပြီး သဘောတူစာချုပ်တွေ လက် မှတ်ရေးထိုးနိုင်မယ်ဆိုရင် ကျွန်တော်တို့ စဉ်း စားတာက နိုင်ငံတကာခေါင်းဆောင်တွေ ကို အသိသက်သေအနေနဲ့ထားပြီး လက် မှတ်ထိုးမှာပါ''ဟု ယင်းက ဆက်ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးသည်နှင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးအဖွဲ့ ဖွဲ့မည်ဖြစ်ပြီး ယင်းအဖွဲ့တွင် နိုင်ငံ တကာက အကြံပေးအနေဖြင့် ပါဝင်နိုင် ကြောင်း၊ အသွင်ကူးပြောင်းရေးကာလတွင် လူသားချင်း စာနာထောက်ထားသည့် အ ခန်းကဏ္ဍများ၌ နိုင်ငံတကာ၏အကူအ ညီများလိုအပ်ကြောင်းကိုလည်း ဒေါက် တာဆလိုင်းလျန်မှုန်းက ပြောသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင်အစိုးရအနေဖြင့် အသာစီးရအောင် စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးသည့်အနေ ဖြင့် ကြိုတင်စီစဉ်ပြီး တိုက်ခိုက်နေခြင်းဖြစ် ကြောင်း၊ ယင်းအနေဖြင့် တိုက်ပွဲဖြစ်ရသည့် အဓိကအကြောင်းရင်း နှစ်ချက်ကိုတွေ့ရှိ ကြောင်း၊ ပထမအချက်မှာ စစ်ရေးအရ ဖိ အားပေးခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အ ပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးသည့် နောက် KIA ကို ထိန်းချုပ်နိုင်ရန် ရည်ရွယ် သည့်တိုက်ပွဲများသာဖြစ်သည်ဟု သုံးသပ် ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ် သည့်အချိန်တွင် KIA အားပျော့ပြီး အ လျှော့ပေးရန်ဆိုသည့် ရည်ရွယ်ချက် ပါလိမ့် မည်ဟု ယူဆကြောင်းတို့ကိုလည်း ထည့် သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီမှ ပြောရေး ဆိုခွင့်ရှိသူ ဦးညိုအုန်းမြင့်က ''တကယ်က အားလုံး အခြေအနေမှန်အောင်ကို မသိကြ တော့ အောက်ခြေနဲ့အပေါ်ပိုင်းမှာ တချို့ ကွဲလွဲမှုတွေ ရှိနိုင်တယ်။ သူပြောတာကို မှား တယ်လို့ ပြောမရဘူးပေါ့။ သူ့အနေနဲ့ စိုးရိမ် ကြောင့်ကြလို့ ဖြစ်ပါလိမ့်မယ်''ဟု ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောကြားခဲ့သည်။
တိုက်ပွဲများဖြစ်နေခြင်းနှင့် ပတ် သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်၏ ထင်မြင်သုံးသပ် ချက်မှာလည်း စိုးရိမ်ကြောင့်ကြမှု သက် သက်သာဖြစ်ကြောင်း ဦးညိုအုန်းမြင့်က ယခု ကဲ့သို့ ပြောကြားခဲ့သည်။

''ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ် ခဲ့တဲ့တစ်လျှောက်မှာ အစိုးရဘက်က အသာ စီးရအောင်ဆိုပြီး လုပ်ခဲ့တာမျိုး တစ်ခါမှ မရှိပါဘူး။ အတတ်နိုင်ဆုံး ပြဿနာမဖြစ် အောင် ဆောင်ရွက်ခဲ့ပါတယ်။ အစကတည်း ကလဲ တိုင်းရင်းသားတန်းတူညီရေးကို ရှေးရှု ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါကလဲ သူ့ရဲ့စိုး ရိမ်မှုသက်သက်ပဲဖြစ်မှာပါ''ဟု ယင်းကပြော သည်။

ဗိုလ်ချုပ်ဂွန်မော်နှင့် အဖွဲ့ဝင်လေး ဦးပါဝင်သောအဖွဲ့သည် အမေရိကန်ပြည် ထောင်စုသို့ရောက်ရှိစဉ် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ ကုလသမဂ္ဂဆိုင်ရာ အမေ ရိကန် အမြဲတမ်းကိုယ်စားလှယ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၊ လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးကောင် စီ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာ အကူအညီပေးရေးဌာနမှ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

ဝါရှင်တန်မြို့တော်ရှိ ဂျွန်ဟော့ ကင်းတက္ကသိုလ် ဃှု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနတို့မှ ကြီးမှူး ကျင်းပသည့် ဆွေးနွေးပွဲသို့ ဗိုလ်ချုပ်ဂွမ် မော် တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးဆောင် ရွက်မှုများနှင့် ကချင်ပြည်နယ်၏ နောက် ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Photo Credit : Photo: US Department of State
Yangon Media Group
အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေးလျက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိ ကန်၊ တရုတ်၊ ဗြိတိန်နှင့် ကုလသမဂ္ဂတို့ ပါ ဝင်ရန် KIA ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဧပြီ ၂၂ ရက်တွင် ဝါရှင် တန်ဒီစီမြို့တော်သို့ ရောက်စဉ် တိုက်တွန်း ပြောကြားခဲ့သည်။

မန္တလေးတက္ကသိုလ် ညပိုင်းလုံခြုံရေး တိုးမြှင့်ထား

မန္တလေးတက္ကသိုလ်အတွင်းတွင် ညပိုင်းအချိန်၌ မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်စေရန် ရည်ရွယ် ကာ ဧပြီ လမှ စတင်၍ လူဝင်လူထွက် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု အဆို ပါတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ၀င်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ကျပ်(၂၅)သိန်းကျော်ခန့် ဆုံးရှုံးခဲ့သည့် လှိုင်မြို့နယ် မီးလောင်မှု

Photo: ကျပ်(၂၅)သိန်းကျော်ခန့် ဆုံးရှုံးခဲ့သည့် လှိုင်မြို့နယ် မီးလောင်မှု
Monday, April 28, 2014

လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ ဧပြီလ(၂၆)ရက်နေ့၊ ညနေ(၃)နာရီကျော်က
မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပန်းခြံကျောင်းလမ်း၊ သီရိမြိုင်(၃)လမ်းထောင့်မှာရှိတဲ့ အမှတ်(၁၉/က) နေအိမ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး  စုစုပေါင်းအိမ် (၆)လုံးမီးလောင်ကာ တန်ဖိုးငွေစုစုပေါင်း (၂၅)သိန်း၊ (၇)သောင်းခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါမီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းမှာတော့ အိတ်ဇောပန့်၊ ဂျန့်ဖြစ်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။  မီးလောင်ကျွမ်းမှုကိုတော့ မီးငြှိမ်းသတ်ယာဉ်(၂၉)စီး၊ အထောက်အကူပြုယာဉ်(၈)စီး၊ ကွက်ကဲမှုယာဉ် (၂)စီး အပါအ၀င် အရံမီးသတ်တပ်ဖွဲ့ဝင် (၁၅၀)ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် (၅၂)ဦးနဲ့ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
 
မီးလောင်ကျွမ်းမှုကိုတော့ လောင်ကျွမ်းချိန် မိနစ်(၂၀)၀န်းကျင်အကြာ ညနေ(၃)နာရီ၊ (၂၅)မိနစ်မှာ မီးထိန်းနိုင်ပြီး၊ (၃)နာရီ မိနစ်(၄၀)မှာတော့ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။  

MRTV-4
လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ ဧပြီလ(၂၆)ရက်နေ့၊ ညနေ(၃)နာရီကျော်က မီးလောင်မှုဖြစ်ပွား ခဲ့တယ် လို့ သိရပါတယ်။ ပန်းခြံကျောင်းလမ်း၊ သီရိမြိုင်(၃)လမ်းထောင့်မှာရှိတဲ့ အမှတ်(၁၉/က) နေအိမ်ကနေ စတင်လောင် ကျွမ်းခဲ့တာဖြစ်ပြီး  စုစုပေါင်းအိမ် (၆)လုံးမီးလောင်ကာ တန်ဖိုးငွေစုစုပေါင်း (၂၅)သိန်း၊ (၇)သောင်းခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

" မိုယက် " ထုတ်ပယ်ခံရမှုအတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည့် " ဖာဂူဆန် "

Photo: " မိုယက် " ထုတ်ပယ်ခံရမှုအတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည့် " ဖာဂူဆန် "
Monday, April 28, 2014

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တ၀င်နည်းပြကြီး  " ဖာဂူဆန် " ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ နည်းပြဖြစ်သူ
ဒေးဗစ်မိုယက်ကို ထုတ်ပယ်ခဲ့မှုနဲ့ ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဂန္တ၀င်နည်းပြကြီးဟာ ပရိသတ်(၃၀၀)ခန့် တက်ရောက်တဲ့ ရန်ပုံငွေပွဲတစ်ခုမှာ နည်းပြမိုယက် ထုတ်ပယ်ခံရတာနဲ့  ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် အသင်းကို စိတ်ပျက် မိကြောင်း ပြောကြားခဲ့သလို နည်းပြ မိုယက်အတွက်လည်း စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြား ခဲ့ပါတယ်။
 
" ဖာဂူဆန် " ဟာ  ၂၀၁၂-၂၀၁၃  ရာသီပြီးဆုံးချိန်မှာ (၂၇)နှစ်ကြာ ကိုင်တွယ်လာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်း နည်းပြဘ၀မှ အနားယူခဲ့ပြီး သူ့နေရာကို ဆက်ခံဖို့အတွက် ဒေးဗစ်မိုယက်ကို မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ မိုယက်ဟာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းကို (၁၁)နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ်မှာ အလယ်အလတ်တွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းကိုတော့ (၁၀)လခန့်ဟာ ကိုင်တွယ်ခဲ့ ရပြီး အသင်းကို လာမယ့် ရာသီချန်ပီယံလိဂ် ၀င်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိသလို စံချိန်တင် ရလဒ်ဆိုးများနဲ့ တွေ့ကြုံခဲ့ရတာကြောင့် နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ နည်းပြမိုယက်ကို ထုတ်ပယ်ခဲ့တာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်မှ နည်းပြများနဲ့ ပရီးမီးယားလိဂ် မန်နေဂျာအဖွဲ့ချုပ်တို့ရဲ့ ပြစ်တင်ဝေဖန်မှုကို လည်း ခံခဲ့ရကြောင်း သိရပါတယ်။
 
နည်းပြမိုယက်အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ (၆)နှစ်သက်တမ်းရှိ စာချုပ် ချုပ်ကာ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် အသင်းဟောင်း အဲဗာတန်အသင်းကို (၂)ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ ရာထူးမှ ထုတ်ပယ်ခံရဖို့ အထူးရေပန်းစားခဲ့တာ ဖြစ်ပြီး ဧပြီလ(၂၂)ရက်နေ့မှာတော့ တရားဝင်ထုတ်ပယ် ခံလိုက်ရတာ ဖြစ်ပါတယ်။ မိုယက်ဟာ အသင်းနဲ့ (၆)နှစ်သက်တမ်းရှိ စာချုပ် ချုပ်ထားပေမယ့် ရာထူးမှ ထုတ်ပယ်ခံရချိန်မှာ စာချုပ် ပါ အချက်အလက်တွေအရ တစ်နှစ်လစာငွေပေါင် (၄.၅)သန်းသာ လျော်ကြေးရရှိခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြမိုယက်နဲ့ စာချုပ်ချုပ်ဆိုစဉ်က ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပဲ ရာထူးမှ ထုတ်ပယ်ခံရပါ တစ်နှစ်လစာငွေသာ လျော်ကြေးပေးရမှာဖြစ်ကာ ချန်ပီယံလိဂ် ၀င်ခွင့်ရပြီး ရာထူးမှ ထုတ်ပယ်ခံရပါက (၂)နှစ်လစာငွေ လျော်ကြေးပေးရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိပါသည်။ 

MRTV-4
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တ၀င်နည်းပြကြီး  " ဖာဂူဆန် " ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်ကို ထုတ်ပယ်ခဲ့မှုနဲ့ ပတ်သက်ပြီး စိတ်ပျက် မိကြောင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဂန္တ၀င်နည်းပြကြီးဟာ ပရိသတ်(၃၀၀)ခန့် တက်ရောက် တဲ့ ရန်ပုံငွေပွဲတစ်ခုမှာ နည်းပြမိုယက် ထုတ်ပယ်ခံရတာနဲ့  ပတ်သက်ပြီး မန်ချက်စတာ ယူနိုက် တက် အသင်းကို စိတ်ပျက် မိကြောင်း ပြောကြားခဲ့သလို နည်းပြ မိုယက်အတွက်လည်း စိတ် မကောင်း ဖြစ်မိကြောင်း ပြောကြား ခဲ့ပါတယ်။

အသိပညာပေးမှုများဆောင်ရွက်လျက်ရှိသည့် အဝေးပြေးကားများတွင် မီးသတ်ဆေးဗူးများထားရှိရေး

 Photo: အသိပညာပေးမှုများဆောင်ရွက်လျက်ရှိသည့် အဝေးပြေးကားများတွင် မီးသတ်ဆေးဗူးများထားရှိရေး
Monday, April 28, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ မတော်တဆကားမီးလောင်မှုများ ဖြစ်ပွားမှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက်
 
အဝေးပြေးကားတွေမှာ မီးသတ်ဆေးဗူးများထားရှိဖို့ အသိပညာပေး မှုများဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားနေတဲ့ မတော်တဆကား များမီးလောင်မှုတွေဟာ  ဇန်န၀ါရီလမှ ဧပြီလအတွင်း လောင်ကျွမ်းမှုပေါင်း အကြိမ်(၄၀)ကျော်ရှိနေပြီလို့ သိရပါတယ်။
 
အဲ့ဒီလို အမြန်လမ်းမကြီးပေါ်မှာ မတော်တဆကားမီးလောင်မှုများ မကြာခဏဖြစ်ပွားမှုဟာ ရာသီဥတုပူပြင်းပြီး ကွန်ကရစ်လမ်းတွေဟာလည်း ပူပြင်းနေတဲ့အတွက် မီးလောင်မှု ပိုမိုဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီလို မီးလောင်မှုဖြစ်ပွားရာမှာလည်း အမြန်လမ်းမကြီး ဖြစ်တဲ့အတွက် ထိခိုက်မှုပိုမိုများပြားသလို မီးလောင်မှုဖြစ်ပွားတဲ့အခါမှာ ငြိမ်းသတ်ဖို့ရေ အခက်အခဲရှိခြင်းကြောင့် ဆုံးရှုံမှုများပြားတဲ့အတွက် မီးသတ်ဆေးဗူးများ ဆောင်ထားဖို့ လိုအပ်တာဖြစ်ပါတယ်။
 
ဒါ့ကြောင့် ကားမီးလောင်ကျွမ်းမှုတွေမဖြစ်ရအောင် အမြန်လမ်းမပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်များအပြင် တစ်နိုင်ငံလုံးမှာ သွားလာနေတဲ့ ယာဉ်များမှာလည်း မီးသတ်ဆေးဗူးဆောင်ထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။အဲ့ဒီလို မီးသတ်ဆေးဗူးများ ဆောင်ထားဖို့အတွက်ကိုတော့ ရန်ကုန်ဘက်ခြမ်းနဲ့ မန္တလေးဘက်ခြမ်းမှာရှိတဲ့ တိုးဂိတ်(၂)ခုစလုံးမှာ ဖြတ်သန်းသွားလာတဲ့ ယာဉ်များအားလုံးကို အသိပညာပေးမှုများ ဆောင်ရွက်နေပြီ ဖြစ် တယ်လို့သိရပါတယ်။

MRTV-4
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ မတော်တဆကားမီးလောင်မှုများ ဖြစ်ပွားမှုတွေ မကြာခဏဖြစ် ပွားနေ တဲ့ အတွက်  အဝေးပြေးကားတွေမှာ မီးသတ်ဆေးဗူးများထားရှိဖို့ အသိပညာပေး မှုများဆောင်ရွက် လျက် ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားနေတဲ့ မတော်တဆကား များမီးလောင်မှုတွေဟာ  ဇန်န၀ါရီလမှ ဧပြီလအတွင်း လောင်ကျွမ်းမှုပေါင်း အကြိမ်(၄၀)ကျော်ရှိနေပြီလို့ သိရပါတယ်။

အမျိုးသမီးဖြစ်သူအား ထောင်ဒဏ်(၂၇)နှစ် အမိန့်ချပြီးနောက် နာရီပိုင်း အတွင်း ခင်ပွန်းဖြစ် သူက တရားရုံးမှ စီးနင်းကယ်ထုတ်သွားဟုဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ခရိုင် လောက်ကိုင် မြို့နယ် လောက်ကိုင်မြို့ မြို့နယ် တရားရုံး တွင် လောက်ကိုင်တရား ရုံးမှ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှု တို့ဖြင့်ပြစ်မှု ထင်ရှားသဖြင့် ကိုးကန့် အမျိုးသမီးဖြစ်သူအား ထောင်ဒဏ် (၂၇)နှစ်ကျခံရန် ယခုလ ၁ဝရက် မွန်းလွဲ ၁၂နာရီခွဲခန့် တွင် အမိန့် ချမှတ်ခဲ့သည်။ ယင်းသို့ အမိန့် ချမှတ်ပြီးနောက် နာရီဝက်အကြာ တွင် ယင်းအမျိုး သမီး၏ ခင်ပွန်း ဖြစ်သူက လက်နက်ကိုင်တပ်သား ငါးဦးဖြင့် တရားရုံးသို့ ဝင်ရောက် စီးနင်းကာ အမျိုး သမီးဖြစ်သူအား ကယ်ထုတ်သွားခဲ့ကြောင်း သိရ သည်။

မြင်းမူတွင် လူနာတင်ယာဉ်တိမ်းမှောက်ကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ- မန္တလေးကားလမ်း မိုင်တိုင် ၅၇၊ ဘိုးမင်းကြီးကင်း၊ ဂွေးပင်တောကျေးရွာ အနီးတွင် ဧပြီလ ၂၇ရက် နံနက်ပိုင်းက လူနာတင်ယာဉ်တစ်စင်း တိမ်းမှောက်ကာ လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုဖွဲ့ခွဲရုံးက သိရသည်။

ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို ၀င်ရောက်ခဲ့တဲ့ ရုရှားလေယာဉ်များ

Photo: ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို ၀င်ရောက်ခဲ့တဲ့ ရုရှားလေယာဉ်များ
Monday, April 28, 2014

ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေစဉ် ရုရှား စစ်တပ် လေယာဉ်တွေ ဟာ ယူကရိန်း လေကြောင်းပိုင်နက်ထဲကို
အကြိမ်တော်တော်များများ ၀င်ရောက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။
 
တစ်ချိန်တည်းမှာပဲ စက်မှုထိပ်သီး(၇)နိုင်ငံဟာ ယူကရိန်းနိုင်ငံ ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ရုရှားနိုင်ငံကို အရေးယူမှု အသစ်တွေ ပြုလုပ်ဖို့ စနေနေ့မှာ သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ အခုချိန်မှာ ရုရှားနိုင်ငံဟာ ယူကရိန်းနယ်စပ်မှာ သူတို့ရဲ့ တပ်ဖွဲ့ပေါင်းများစွာကို တပ်ဖြန့် ထားပြီး မော်စကို ခွဲထွက်ရေးသမားတွေကလည်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ အစိုးရ အဆောက်အဦတွေကို ဆက်လက်သိမ်းပိုက် နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
သောကြာနေ့က ထုတ်ပြန်ကြေညာချက်တစ်ခုမှာတော့ ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဝရမ်းက ရုရှားလေယာဉ်တွေဟာ ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို အကြိမ်များစွာ ၀င်ရောက်ခဲ့တယ်လို့  ဆိုပါတယ်။ သူဟာ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ခဲ့ပေမယ့် အခြေအနေတွေ ငြိမ်သက်အောင်လုပ်ဖို့ ရုရှားနိုင်ငံကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ အမေရိကန်ကာကွယ် ရေးဝန်ကြီး ချက်ဟာဂဲလ်ကလည်း ယူကရိန်း နယ်စပ်တစ်လျှောက် ရုရှားနိုင်ငံရဲ့ လှုပ်ရှားမှုဟာ အခြေအနေကို တည်ငြိမ်မှု မရှိအောင် လုပ်နေပြီး ရန်စတဲ့ လုပ်ရက်ဖြစ်တယ်လို့ ပြောကြားခဲ့ ပါသည်။
 
MRTV-4
ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေစဉ် ရုရှားစစ်တပ် လေယာဉ်တွေဟာ ယူက ရိန်း လေကြောင်း ပိုင်နက်ထဲကို အကြိမ်တော်တော်များများ ၀င်ရောက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။

လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင် စုံစမ်းစစ်ဆေးမှု အထွေထွေ အစီရင်ခံစာကိုလာမည့်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းမည်

ဧပြီ ၂၅- လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးချက် အထွေထွေအစီရင် ခံစာကို  လာမည့်ပြည်ထောင်စု လွှတ်တော် အစည်းအ ဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များက ပြောသည်။

သဘောတူစာချွန်လွှာအရ အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် ငမိုးရိပ်ရေလှောင်ကန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ

Photo: သဘောတူစာချွန်လွှာအရ အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် ငမိုးရိပ်ရေလှောင်ကန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
Monday, April 28, 2014

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့တော် အတွင်း ငမိုးရိပ်ရေလှောင်ကန်မှတစ်ဆင့် ရေပေးဝေရေးလုပ်ငန်းများ
 
ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ သိရပါတယ်။အခုလို ဆောင်ရွက်ရာမှာတော့ အစ္စရေးနိုင်ငံရှိ Mekorot Development and Enterprise Ltd နဲ့ မတ်လအတွင်းက ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ သဘောတူညီ ချက်များနဲ့အညီ ဆောင်ရွက်လုပ်ကိုင် သွားမှာဖြစ်ပါတယ်။
 
ဒီလိုဆောင်ရွက်ရာမှာလည်း ငမိုးရိပ်ရေလှောင်ကန်မှတစ်ဆင့် ရေဖြန့်ဝေမှု လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ Master Plan အပါအ၀င်စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖြစ်နိုင်စွမ်းလေ့လာ မှုများ ဆောင် ရွက်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် MoU မှာပါဝင်တဲ့ စီမံကိန်း များနဲ့ နည်းပညာပိုင်းဆိုင်ရာများဟာ ရေးပေးဝေရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးပြုနိုင်မှာဖြစ်သလို လက်ရှိရေပေးဝေလျက်ရှိတဲ့ ရေပေးရေး စနစ်ကိုလည်း တိုးတက်ကောင်းမွန်အောင် အထောက်အကူပြုနိုင်စေမှာဖြစ် တယ်လို့သိရပါတယ်။
 
လက်ရှိ ရန်ကုန်မြို့တော်ရဲ့ လူဦးရေဟာ(၆)သန်းခန့်ရှိနေပြီး မကြာမီကာလ အတွင်း လူဦးရေ (၁၀)သန်းခန့်အထိ တိုးတက်လာနိုင်တဲ့အတွက် တိုးတက် လာတဲ့ လူဦရေးနဲ့အညီ သောက်သုံးရေများ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင် ဖို့ အတွက် အခုလို နိုင်ငံတကာရှိ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်နေတာဖြစ်ပါတယ်။
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့ရဲ့ မြို့ပြအခြေခံဖွံ့ဖြိုး တိုးတက်ရေး အစီအမံများကို ဆောင်ရွက်လုပ်ကိုင်လျက် ရှိရာ မှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်တဲ့ရေပေးဝေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသလို အခြားစီမံချက်များဖြစ်တဲ့ အိမ်ရာအဆောက်အအုံနှင့် လမ်းတံတားများတည်ဆောက်ခြင်း၊ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများ တည်ဆောက်ခြင်း၊ ပို့ဆောင်ရေးကဏ္ဍအဆင့်မြှင့် တင်ခြင်းအပြင် စီးပွားရေးဇုန်နှင့် စက်မှုဇုန်များ တိုးချဲ့တည်ဆောက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့တော် အတွင်း ငမိုးရိပ်ရေလှောင်ကန်မှ တစ်ဆင့် ရေပေးဝေရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွား မယ်လို့ သိရပါတယ်။အခုလို ဆောင်ရွက် ရာ မှာတော့ အစ္စရေးနိုင်ငံရှိ Mekorot Development and Enterprise Ltd နဲ့ မတ်လ အတွင်း က ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ သဘောတူညီ ချက်များနဲ့အညီ ဆောင်ရွက်လုပ်ကိုင် သွား မှာဖြစ်ပါတယ်။

ယူကရိန်း ပဋိပက္ခများကြောင့် ရွှေဈေးမြင့်တက်

Photo: ယူကရိန်း ပဋိပက္ခများကြောင့် ရွှေဈေးမြင့်တက်
Monday, April 28, 2014

ယူကရိန်းနိုင်ငံတွင်း၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည်
ရှယ်ယာဈေးကွက်နှင့် ဒေါ်လာဈေးကွက်များ အပေါ် ရိုက်ခတ်လျက်ရှိပြီး ရွှေဈေးနှုန်းမှာလည်း ဧပြီ ၂၅ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝဝ အထက်အထိ မြင့်တက်သွားခဲ့သည်ဟု သိရသည်။

ယူကရိန်း နယ်စပ်တွင် ရုရှားတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်မှုများ စတင် ပြုလုပ်ခဲ့ခြင်းသည် ၎င်းတပ်ဖွဲ့ များက ယူကရိန်းနိုင်ငံတွင်းသို့ ကျူးကျော်တိုက်ခိုက်နိုင်ဖွယ် ရှိသည်ဟူသော အလားအလာများကို မြင့်တက် စေခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကြောင့် ဧပြီ ၂၅ ရက်က ရွှေဈေး ထပ်မံ၍ မြင့်တက်ရခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ ဧပြီ ၂၄ ရက်က ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၈ ဒသမ ၂၄ ဒေါ်လာ ဖြစ်ပြီး ဧပြီ ၂၅ ရက်က အမေရိကန်ဒေါ်လာ ၁၃ဝ၃ ဒသမ ၃ ဒေါ်လာသို့ ရောက်ရှိသွားခဲ့ခြင်းကြောင့် သုည ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ကြောင်း၊ ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများ အကြားရှိ တင်းမာမှုများ ဆက်လက် မြင့်တက်ခဲ့ပါက ဇွန်လတွင် ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝ၄ ဒသမ ၄ ဒေါ်လာအထိ ထပ်မံ မြင့်တက်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင် ပညာရှင်တစ်ဦးဖြစ်သူ ဟိုဝပ်ဒ်ဝမ်က ပြောကြားသည်။

မြ၀တီ
ယူကရိန်းနိုင်ငံတွင်း၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် ရှယ်ယာဈေးကွက်နှင့် ဒေါ်လာဈေးကွက်များ အပေါ် ရိုက်ခတ်လျက်ရှိပြီး ရွှေဈေးနှုန်းမှာလည်း ဧပြီ ၂၅ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝဝ အထက်အထိ မြင့်တက်သွားခဲ့သည်ဟု သိရသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် တံတား ၇၁ စင်း အမြန်ဆုံးတည်ဆောက်မည်

Photo: မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် 
တံတား ၇၁ စင်း အမြန်ဆုံးတည်ဆောက်မည်
Monday, April 28, 2014

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုပိုမို အားကောင်းလာစေရန် နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက် ပေးသွားရန် နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်fMr. Nagendran Nandaramar က ပြောကြား သည်။

ဧပြီ ၂၅ ရက် ညနေ ၄ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကလေးမြို့ ကုန်သည်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံစဉ် အိန္ဒိယကောင်စစ်ဝန်ချုပ်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် ကလေးမြို့ ကုန်သည် လုပ်ငန်းရှင်များအသင်းမှ ဦးညီညီထွန်းက ''အိန္ဒိယနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းချိုသာ စွာနဲ့ အဆင်ပြေပြေသုံးစွဲနိုင်ဖို့ဆိုရင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တွေ အထူးကောင်းမွန်နေဖို့လိုအပ် ပါတယ်''ဟု တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံထုတ် လူသုံးကုန် ပစ္စည်းများအား မြန်မာနိုင်ငံမှ 
ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ခြင်းမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ဦးညီညီထွန်းက ဆက်လက် ပြောပြသည်။ 

ထို့ကြောင့် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်က အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ၁၂ ရာသီ အဆင်ပြေစွာ ကုန်သွယ်သွားလာ နိုင်ရန်အတွက် မိုးရေး-တမူး-မုံရွာ-မန္တလေးကုန်သွယ်ရေးလမ်းကြောင်းနှင့် ကျန်ဖိုင်း-ရိဒ်-ကလေး ကုန်သွယ်ရေးလမ်းကြောင်းများအား အဆင့်မြှင့်တင် တိုးချဲ့သွားရန် သဘောတူညီခဲ့ပြီး ထိုလမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက်ပေးသွားမည်ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။ 

(တိုးတိုးဝင်း)
Myanmaalinn
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုပိုမို အားကောင်းလာစေရန် နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက် ပေး သွားရန် နှစ်နိုင်ငံ သဘော တူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်fMr. Nagendran Nandaramar က ပြောကြား သည်။

နေတိုး၏ အိမ်ထောင်ဖက်ရွေးချယ်မှုအပေါ်ကြည်ဖြူစွာလက်ခံမည်ဟု မိခင် ဒေါ်သန်းမြိုင်ပြောကြား


Photo: နေတိုး၏ အိမ်ထောင်ဖက်ရွေးချယ်မှုအပေါ်ကြည်ဖြူစွာလက်ခံမည်ဟု မိခင် ဒေါ်သန်းမြိုင်ပြောကြား
Monday, April 28, 2014

နေတိုးရဲ့ အနုပညာအလုပ်တွေကို နောက်ကနေအမြဲပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်က ဇာတ်ကားတွေအတွက် ဝတ္ထုတွေဖတ်ပြီး သားဖြစ်သူကို ပြောပြလေ့ရှိပါတယ်။ သားဖြစ်သူ ငိုတဲ့ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်တဲ့အခါ ကိုယ်တိုင် မျက်ရည်ကျမိတယ်လို့ ပြောပြတာ ကြောင့်
" ဇာတ်ကားတွေရိုက်တဲ့အခါ ငိုတဲ့အခန်းတွေရိုက်ရင် ရိုက် ကွင်းနားမှာမနေတော့ဘူး။ အဝေးမှာပဲ သွားနေတော့တယ်။ သူငိုရင် ကိုယ်ပါလိုက်ငိုချင်တော့တာ။ ကားရိုက်အတွက် ဇာတ်တွေကိုဖတ်ပြီး ဘယ်
လိုမျိုးဆိုတာ ပြောပြပေးတယ်။ အလုပ်များတော့ ဘေးကနေ သူ့ကို ဝတ္ထုတွေဖတ်ပေးရတာပေါ့။ သူ့ကိုပရိသတ်တွေပို့ထားတဲ့ ဝတ္ထုတွေလည်း ဝိုင်းပြီးဖတ်ပေးနေတယ်။ အခု သူဝယ်လာတဲ့ ကင်မရာတွေနဲ့ ရိုက်တော့ အဲဒီစက်တွေကိုလည်း ရိုက်ပြီး ပြန်လုပ်နေရတာ။ ကားရိုက်လိုက်၊ ဒါတွေလုပ်လိုက်နဲ့ဆိုတော့ သူ့မှာ အချိန်ကမရှိဘူးဖြစ်နေတာလေ" လို့ ပြောပြပါတယ်။

၂ဝ၁၄ မှာ နေတိုးရဲ့ မင်္ဂလာသတင်းကြားရ တော့မလားဆိုတဲ့ လတ်တလောသတင်းတွေ ကြောင့် နေတိုးရဲ့မိခင်ဒေါ်သန်းမြိုင်
ကိုမေးကြည့်ဖြစ်တော့ "အိမ်ထောင်ပြုတာက သူဆန္ဒရှိတဲ့သူဆိုရင် 
အရီးတို့က ကြည်ဖြူစွာ လက်ခံမှာပါပဲ။ 

အရီးတို့ကတော့ ဘယ်အချိန်ယူရ မယ်ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး။ သူလည်း ကလေးမှမဟုတ် တော့တာ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်တတ်တဲ့ အရွယ်လည်းရောက် နေပြီပဲ။ အခုအချိန်မှာတော့ အနု ပညာအလုပ်တွေပဲ လုပ်နေတော့ ယူမယ့်သူရှိရင်တောင် မယူနိုင်သေးပါဘူး" လို့ ပြောပြခဲ့
ပါတယ်။

Popular
နေတိုးရဲ့ အနုပညာအလုပ်တွေကို နောက်ကနေအမြဲပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်က ဇာတ်ကားတွေအတွက် ဝတ္ထုတွေဖတ်ပြီး သားဖြစ်သူကို ပြောပြလေ့ရှိပါတယ်။ သားဖြစ်သူ ငိုတဲ့ဇာတ်ဝင် ခန်းတွေ သရုပ်ဆောင်တဲ့အခါ ကိုယ်တိုင် မျက်ရည်ကျမိတယ်လို့ ပြောပြတာ ကြောင့် " ဇာတ်ကားတွေ ရိုက်တဲ့အခါ ငိုတဲ့အခန်းတွေရိုက်ရင် ရိုက် ကွင်းနားမှာမနေတော့ဘူး။

အီရတ်တွင် ကားဗုံးကွဲ၊ ၉ ဦး သေဆုံး

Photo: အီရတ်တွင် ကားဗုံးကွဲ၊ ၉ ဦး သေဆုံး
Monday, April 28, 2014

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ပိုင်းက ရှီးယားမွတ်စလင်ရပ်ကွက်နားက ဈေးမှာ ကားဗုံး ၁ လုံး ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။

irraqနိုင်ငံအတွင်း လွှတ်တော်ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ရက်အလိုမှာ ခုလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဆာဒါမြို့မှာ ဖြစ်တဲ့ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦး ဒဏ်ရာရခဲ့ပြီး  ပေါက်ကွဲမှုကြောင့် ဈေးဆိုင်တချို့လည်း ထိခိုက်ခဲ့ပါတယ်။

နိုင်ငံအနောက်ပိုင်း အန်ဘာခရိုင်က အယ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ အုပ်စုတွေကို နှင်ထုတ်ဖို့ တိုက်ပွဲ ဆင်နွှဲနေဆဲဖြစ်ပြီး အကြမ်းဖက်မှုတွေကတော့ တိုးပွားနေဆဲပါ။

ဒါပေမယ့် အီရတ်ဒီမိုကရေစီအတွက် အဓိက စမ်းသပ်ချက်လို ဖြစ်နေတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဆက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

 ဒီဗွီဘီ
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ပိုင်းက ရှီးယားမွတ်စလင်ရပ်ကွက်နားက ဈေးမှာ ကားဗုံး ၁ လုံး ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။

ဘန်ဒေါင်းမူ ၅ ချက်ကို လိုက်နာသင့်တယ်လို့ အငြိမ်းစား သံအမတ်ကြီး ပြော

Photo: ဘန်ဒေါင်းမူ ၅ ချက်ကို လိုက်နာသင့်တယ်လို့ အငြိမ်းစား သံအမတ်ကြီး ပြော
Monday, April 28, 2014

လွန်ခဲ့တဲ့နှစ်ပေါင်း (၆ဝ) က ချမှတ်ခဲ့တဲ့ ဘန်ဒေါင်း မူ (၅) ချက် ခေါ် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ (၅) ချက်ဟာ နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးတဲ့ စံချိန်စံညွှန်းတွေဖြစ်ပြီး၊ ဒီကနေ့အထိ နိုင်ငံတကာ အသိုင်းအဝန်းက လိုက်နာသင့်တဲ့မူတွေ ဖြစ်တယ်လို့ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က ပြောဆိုကြောင်း တရုတ်ပြည်ထုတ် Shanghai Daily သတင်းစာက ဖေါ်ပြပါတယ်။

၁၉၅၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ တောင်ပိုင်း ဂျာဗားပြည် နယ် မြို့တော် ဘန်ဒေါင်းမှာ ကျင်းပခဲ့တဲ့ညီလာခံ မှာ မြန်မာဝန်ကြီးချုပ် ဦးနု၊ တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်း ၊ အိန္ဒိယ ဝန်ကြီးချုပ် နေရူး တို့ ပူးပေါင်း အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ (၅) ချက် ကို ညီလာခံ က သဘောတူ အတည်ပြုခဲ့ ပါတယ်။ အဲဒီ ဘန်ဒေါင်းမူ (၅)ချက်မှာ - နိုင်ငံတွေအနေ နဲ့ တစ်နိုင်ငံချင်း ရဲ့ ပိုင်နက် နယ်နမိတ် နဲ့ အချုပ်အခြာ အာဏာကို အပြန်အလှန် လေးစား အသိအမှတ်ပြုဖို့၊ မကျူးကျော်ဖို့၊ သူတပါးပြည်တွင်းရေး ဝင်မစွက်ဖို့၊ အပြန်အလှန် အကျိုးတူ သာတူညီမျှ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ကြဇို့ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ဘန်ဒေါင်းမူ (၅)ချက်ပို မြန်မာက စတင်ဦးဆောင် တင်သွင်းခဲ့တာဖြစ်လို့ ဂုဏ်ယူကြောင်း၊ အဲဒီအချက်တွေဟာ ဟာ ဒီကနေ့အထိ အသက်ဝင်နေသေးကြောင်း၊ ဒီမူတွေအတိုင်း လိုက်နာကြမယ် ဆိုရင် ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးတိုး တက်ရေးကို မြှင့်တင်နိုင်မှာဖြစ်ကြောင်း တရုတ် မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ၊ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က တရုတ် အစိုးရ ဆင်ဝှာသတင်းဌာနက တွေ့ဆုံ မေးမြန်းရာမှာ ပြောကြားခဲ့ ပါတယ်။

ဦးစိန်ဝင်းအောင်ဟာ လာအို နဲ့ တရုတ် သံအမတ်ဟောင်းဖြစ်ပါတယ်။ တရုတ်အစိုးရဟာ အခု လတ်တလောမှာ ပင်လယ်ပြင်ရေပိုင်နက် ကိစ္စ နဲ့ ပတ်သက်ပြီး၊ အာဆီယံ ဒေသတွင်း နိုင်ငံတွေ နဲ့ အငြင်းအခုန် ပြဿနာတွေ ဖြစ် ပွားနေပါတယ်။

RFA Burmese
လွန်ခဲ့တဲ့နှစ်ပေါင်း (၆ဝ) က ချမှတ်ခဲ့တဲ့ ဘန်ဒေါင်း မူ (၅) ချက် ခေါ် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ (၅) ချက်ဟာ နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးတဲ့ စံချိန်စံညွှန်းတွေဖြစ်ပြီး၊ ဒီကနေ့အထိ နိုင်ငံတကာ အသိုင်းအဝန်းက လိုက်နာသင့်တဲ့မူတွေ ဖြစ်တယ်လို့ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က ပြောဆိုကြောင်း တရုတ်ပြည်ထုတ် Shanghai Daily သတင်းစာက ဖေါ်ပြပါတယ်။