၂၀၁၄ခုနှစ် အေပြီလ (၂၅)ရက် (၁၀း၃၀)ချိန်တွင် ကျောက်မဲမြို့နယ် မိုင်းတင်းပြည်သူ့ စစ်ခေါင်း ဆောင် ဦးစိုင်းအောင်မိုးနှင့် အဖော်(၂)ဦးသည် ၎င်းဦးလေးတော်စပ်သူ ကိုနိုင်ဦး ကျန်းမာရေးမကောင်း သဖြင့် ကျောက်မဲမြို့ရှိ လှိုင်ဆေးခန်းသို့ သွားရောက်ဆေးကုသပြီး မတ်တူးကား (အဖြူ)ဖြင့် မိုင်းတင်းကျေးရွာ
Monday, 28 April 2014
၆၆KVA ပမာဏရရှိပါက ဂွတစ်မြို့နယ်လုံးမီးလင်းနိုင်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အတွင်းတွင်သာ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းဖြင့် ပေးနိုင်နေခြင်းဖြစ် ပြီး ဂွမြို့နယ်တစ်ခုလုံး လျှပ်စစ် ဓာတ်အားပေးမည်ဆိုပါက မဟာ ဓာတ်အားလိုင်းမှ တိုက်ရိုက်လျှပ် စစ်ပေးရန်လိုအပ်ပြီးလျှပ်စစ် ပမာ ဏ ၆၆KVA (kilo volt amps) ပမာဏဆိုပါက တစ်မြို့နယ်လုံး ၂၄ နာရီ လျှပ်စစ်မီးပေးဝေရန်လုံ လောက်နိုင်ကြောင်း ဂွမြို့မီးလင်း ရေးကော်မတီမှသိရှိရသည်။
ဒေါ်လာသန်းဝက် ကိုယ်မှာဝှက်လာ

တရုတ်ပြည်မကြီးမှဒေါ်လာ မှောင်ခိုသမားတစ်ယောက်သည် တရုတ်နိုင်ငံဂွမ်ဒေါင်းပြည်နယ်မှ တစ်ဆင့်ဟောင်ကောင်သို့ အမှောင် ထုကို အကာအကွယ်ယူပြီး ညဥ့် နက်သန်းခေါင်ယံအချိန်တွင် နယ် စပ်ဂိတ်ကိုဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။ နှစ်နိုင်ငံ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းရှိ 'Shataukok' နယ်စပ် ဂိတ်သို့ ရောက်ရှိစဉ်အကောက်ခွန်အရာရှိ များက ၎င်းနှင့်အတူပါလာသည့် ခရီးဆောင်အိတ်ကို စစ်ဆေးရန် ပြောကြားစဉ် ထွက်ပြေးသဖြင့် နိုင်ငံတော်လုံခြုံရေး တာဝန် ထမ်း ဆောင်နေကြသည့်နယ်စပ်ဒေသ စစ်ဆေးရေးကွပ်ကဲမှုတပ်ဖွဲ့ဝင်များ က ““မပြေးနဲ့ ပြေးရင်ပစ်မယ်”” ဟု ပြောကြားခဲ့ရပြီး လက်ရဖမ်းဆီး နိုင်ခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိကန်၊ တရုတ်၊ဗြိတိန်နှင့် ကုလသမဂ္ဂ တို့ ပါဝင်ရန် ဗိုလ်ချုပ်ဂွမ်မော်တိုက်တွန်း

အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေးလျက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိ ကန်၊ တရုတ်၊ ဗြိတိန်နှင့် ကုလသမဂ္ဂတို့ ပါ ဝင်ရန် KIA ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဧပြီ ၂၂ ရက်တွင် ဝါရှင် တန်ဒီစီမြို့တော်သို့ ရောက်စဉ် တိုက်တွန်း ပြောကြားခဲ့သည်။
မန္တလေးတက္ကသိုလ် ညပိုင်းလုံခြုံရေး တိုးမြှင့်ထား
မန္တလေးတက္ကသိုလ်အတွင်းတွင် ညပိုင်းအချိန်၌ မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်စေရန် ရည်ရွယ် ကာ ဧပြီ လမှ စတင်၍ လူဝင်လူထွက် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု အဆို ပါတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ၀င်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ကျပ်(၂၅)သိန်းကျော်ခန့် ဆုံးရှုံးခဲ့သည့် လှိုင်မြို့နယ် မီးလောင်မှု

လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ ဧပြီလ(၂၆)ရက်နေ့၊ ညနေ(၃)နာရီကျော်က မီးလောင်မှုဖြစ်ပွား ခဲ့တယ် လို့ သိရပါတယ်။ ပန်းခြံကျောင်းလမ်း၊ သီရိမြိုင်(၃)လမ်းထောင့်မှာရှိတဲ့ အမှတ်(၁၉/က) နေအိမ်ကနေ စတင်လောင် ကျွမ်းခဲ့တာဖြစ်ပြီး စုစုပေါင်းအိမ် (၆)လုံးမီးလောင်ကာ တန်ဖိုးငွေစုစုပေါင်း (၂၅)သိန်း၊ (၇)သောင်းခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
" မိုယက် " ထုတ်ပယ်ခံရမှုအတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည့် " ဖာဂူဆန် "

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တ၀င်နည်းပြကြီး " ဖာဂူဆန် " ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ နည်းပြဖြစ်သူ ဒေးဗစ်မိုယက်ကို ထုတ်ပယ်ခဲ့မှုနဲ့ ပတ်သက်ပြီး စိတ်ပျက် မိကြောင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဂန္တ၀င်နည်းပြကြီးဟာ ပရိသတ်(၃၀၀)ခန့် တက်ရောက် တဲ့ ရန်ပုံငွေပွဲတစ်ခုမှာ နည်းပြမိုယက် ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက် တက် အသင်းကို စိတ်ပျက် မိကြောင်း ပြောကြားခဲ့သလို နည်းပြ မိုယက်အတွက်လည်း စိတ် မကောင်း ဖြစ်မိကြောင်း ပြောကြား ခဲ့ပါတယ်။
အသိပညာပေးမှုများဆောင်ရွက်လျက်ရှိသည့် အဝေးပြေးကားများတွင် မီးသတ်ဆေးဗူးများထားရှိရေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ မတော်တဆကားမီးလောင်မှုများ ဖြစ်ပွားမှုတွေ မကြာခဏဖြစ် ပွားနေ တဲ့ အတွက် အဝေးပြေးကားတွေမှာ မီးသတ်ဆေးဗူးများထားရှိဖို့ အသိပညာပေး မှုများဆောင်ရွက် လျက် ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားနေတဲ့ မတော်တဆကား များမီးလောင်မှုတွေဟာ ဇန်န၀ါရီလမှ ဧပြီလအတွင်း လောင်ကျွမ်းမှုပေါင်း အကြိမ်(၄၀)ကျော်ရှိနေပြီလို့ သိရပါတယ်။
အမျိုးသမီးဖြစ်သူအား ထောင်ဒဏ်(၂၇)နှစ် အမိန့်ချပြီးနောက် နာရီပိုင်း အတွင်း ခင်ပွန်းဖြစ် သူက တရားရုံးမှ စီးနင်းကယ်ထုတ်သွားဟုဆို
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ခရိုင် လောက်ကိုင် မြို့နယ် လောက်ကိုင်မြို့ မြို့နယ် တရားရုံး တွင် လောက်ကိုင်တရား ရုံးမှ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှု တို့ဖြင့်ပြစ်မှု ထင်ရှားသဖြင့် ကိုးကန့် အမျိုးသမီးဖြစ်သူအား ထောင်ဒဏ် (၂၇)နှစ်ကျခံရန် ယခုလ ၁ဝရက် မွန်းလွဲ ၁၂နာရီခွဲခန့် တွင် အမိန့် ချမှတ်ခဲ့သည်။ ယင်းသို့ အမိန့် ချမှတ်ပြီးနောက် နာရီဝက်အကြာ တွင် ယင်းအမျိုး သမီး၏ ခင်ပွန်း ဖြစ်သူက လက်နက်ကိုင်တပ်သား ငါးဦးဖြင့် တရားရုံးသို့ ဝင်ရောက် စီးနင်းကာ အမျိုး သမီးဖြစ်သူအား ကယ်ထုတ်သွားခဲ့ကြောင်း သိရ သည်။
မြင်းမူတွင် လူနာတင်ယာဉ်တိမ်းမှောက်ကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ- မန္တလေးကားလမ်း မိုင်တိုင် ၅၇၊ ဘိုးမင်းကြီးကင်း၊ ဂွေးပင်တောကျေးရွာ အနီးတွင် ဧပြီလ ၂၇ရက် နံနက်ပိုင်းက လူနာတင်ယာဉ်တစ်စင်း တိမ်းမှောက်ကာ လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုဖွဲ့ခွဲရုံးက သိရသည်။
ယူကရိန်းလေကြောင်း ပိုင်နက်ထဲကို ၀င်ရောက်ခဲ့တဲ့ ရုရှားလေယာဉ်များ

ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေစဉ် ရုရှားစစ်တပ် လေယာဉ်တွေဟာ ယူက ရိန်း လေကြောင်း ပိုင်နက်ထဲကို အကြိမ်တော်တော်များများ ၀င်ရောက်ခဲ့တယ်လို့ အမေရိကန် နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။
လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင် စုံစမ်းစစ်ဆေးမှု အထွေထွေ အစီရင်ခံစာကိုလာမည့်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းမည်
ဧပြီ ၂၅- လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးချက် အထွေထွေအစီရင် ခံစာကို လာမည့်ပြည်ထောင်စု လွှတ်တော် အစည်းအ ဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များက ပြောသည်။
သဘောတူစာချွန်လွှာအရ အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် ငမိုးရိပ်ရေလှောင်ကန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့တော် အတွင်း ငမိုးရိပ်ရေလှောင်ကန်မှ တစ်ဆင့် ရေပေးဝေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစ္စရေးနိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သွား မယ်လို့ သိရပါတယ်။အခုလို ဆောင်ရွက် ရာ မှာတော့ အစ္စရေးနိုင်ငံရှိ Mekorot Development and Enterprise Ltd နဲ့ မတ်လ အတွင်း က ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ သဘောတူညီ ချက်များနဲ့အညီ ဆောင်ရွက်လုပ်ကိုင် သွား မှာဖြစ်ပါတယ်။
ယူကရိန်း ပဋိပက္ခများကြောင့် ရွှေဈေးမြင့်တက်

ယူကရိန်းနိုင်ငံတွင်း၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် ရှယ်ယာဈေးကွက်နှင့် ဒေါ်လာဈေးကွက်များ အပေါ် ရိုက်ခတ်လျက်ရှိပြီး ရွှေဈေးနှုန်းမှာလည်း ဧပြီ ၂၅ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃ဝဝ အထက်အထိ မြင့်တက်သွားခဲ့သည်ဟု သိရသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် တံတား ၇၁ စင်း အမြန်ဆုံးတည်ဆောက်မည်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုပိုမို အားကောင်းလာစေရန် နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းပေါ်ရှိ တံတား ၇၁ စင်းအား အမြန်ဆုံးတည်ဆောက် ပေး သွားရန် နှစ်နိုင်ငံ သဘော တူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်fMr. Nagendran Nandaramar က ပြောကြား သည်။
နေတိုး၏ အိမ်ထောင်ဖက်ရွေးချယ်မှုအပေါ်ကြည်ဖြူစွာလက်ခံမည်ဟု မိခင် ဒေါ်သန်းမြိုင်ပြောကြား

နေတိုးရဲ့ အနုပညာအလုပ်တွေကို နောက်ကနေအမြဲပံ့ပိုးပေးနေတဲ့ မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်က ဇာတ်ကားတွေအတွက် ဝတ္ထုတွေဖတ်ပြီး သားဖြစ်သူကို ပြောပြလေ့ရှိပါတယ်။ သားဖြစ်သူ ငိုတဲ့ဇာတ်ဝင် ခန်းတွေ သရုပ်ဆောင်တဲ့အခါ ကိုယ်တိုင် မျက်ရည်ကျမိတယ်လို့ ပြောပြတာ ကြောင့် " ဇာတ်ကားတွေ ရိုက်တဲ့အခါ ငိုတဲ့အခန်းတွေရိုက်ရင် ရိုက် ကွင်းနားမှာမနေတော့ဘူး။
အီရတ်တွင် ကားဗုံးကွဲ၊ ၉ ဦး သေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ပိုင်းက ရှီးယားမွတ်စလင်ရပ်ကွက်နားက ဈေးမှာ ကားဗုံး ၁ လုံး ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။
ဘန်ဒေါင်းမူ ၅ ချက်ကို လိုက်နာသင့်တယ်လို့ အငြိမ်းစား သံအမတ်ကြီး ပြော
လွန်ခဲ့တဲ့နှစ်ပေါင်း (၆ဝ) က ချမှတ်ခဲ့တဲ့ ဘန်ဒေါင်း မူ (၅) ချက် ခေါ် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူ (၅) ချက်ဟာ နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးတဲ့ စံချိန်စံညွှန်းတွေဖြစ်ပြီး၊ ဒီကနေ့အထိ နိုင်ငံတကာ အသိုင်းအဝန်းက လိုက်နာသင့်တဲ့မူတွေ ဖြစ်တယ်လို့ အငြိမ်းစား မြန်မာ သံအမတ်ကြီး ဦးစိန်ဝင်းအောင် က ပြောဆိုကြောင်း တရုတ်ပြည်ထုတ် Shanghai Daily သတင်းစာက ဖေါ်ပြပါတယ်။
သမ္မတဟောင်းမော်စီအားထောက်ခံသူ ၁၁ ဦးကို ထောင်ဒဏ်များ ချမှတ်
အီဂျစ်နိုင်ငံတရားရုံးတစ်ရုံးသည် ရာထူးမှ ဖယ်ရှားခြင်းခံရသော သမ္မတဟောင်းမော်စီအား ထောက် ခံသူ ၁၁ ဦးကို ဧပြီ ၂၆ ရက်တွင် ထောင်ဒဏ်များအသီးသီးချမှတ်ခဲ့သည်။
ရှမ်းနှစ်ပါတီ ပူးပေါင်းရေး မေလ ပထမပတ်အတွင်း တွေ့ဆုံမည်
ရှမ်းနှစ်ပါတီ ပူးပေါင်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP) နှစ်ဖက် ဆွေးနွေးညှိနှိုင်းရေး အဖွဲ့များ မေလ ပထမပတ်အတွင်း တွေ့ဆုံ မည် ဖြစ်ကြောင်း SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။
Subscribe to:
Posts (Atom)