Wednesday, 25 March 2015
နိုင်ငံရေးပါတီများကို တိုက်ခန်း၂၄ ခန်း မဲစနစ်ဖြင့် ငှားရမ်း၊ ရောင်းချမည်
နိုင်ငံရေးပါတီများ ရုံးခန်းဖွင့်လှစ်နိုင်ရေး အတွက် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာ စီမံကိန်းရှိ အခန်း ၂၄ ခန်းကို မဲစနစ်ဖြင့် ငှားရမ်းရောင်းချမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြား ရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
အဆိုပါ အကြောင်းကြားစာကို မတ်လ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ မှ ၁၂၅ သိန်း အတွင်း ဝယ်ယူနိုင်မည်ဖြစ်ကာ ငှားရမ်းမည်ဆိုပါက တစ်ခန်းလျှင် တစ်လ ငွေကျပ်လေးသောင်းနှုန်းဖြင့် ငှားရမ်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
တပ်မတော်နှင့် KIA တိုက်ပွဲများအတွက် အလွတ်သဘောဆွေးနွေးမည်
ရန်ကုန်တွင် ငြိမ်းချမ်းရေးဆွေး နွေးပွဲပြုလုပ်စဉ် မန်စီမြို့၌ တပ်မ တော်ဘက်မKIA ဘက်သို့ ထိုး စစ်ဆင် တိုက်ခိုက်မှုများအတွက် လာမည့်မတ်လကုန်တွင် ကေအိုင် အေနှင့်တပ်မတော်ကြား အလွတ် သဘောဆွေးနွေးမှုပြုလုပ်သွားရန် ရှိသည်ဟု ကေအိုင်အေ၏နည်း ပညာအကြံပေးအဖွဲ့ထံမှ သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရန်အတွက် ဆွေးနွေးရန်ကျန်နေသည်များကို မတ် လ ၃ဝ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီ(UPWC) နှင့် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ပြန်လည်တွေ့ဆုံဆွေးနွေးသွား ကြမည်ဖြစ်သည်။
ခြေစစ်ပွဲနှင့် ခြေစမ်းပွဲများအတွက် အင်္ဂလန်အသင်း လူစာရင်းထုတ်ပြန်
အင်္ဂလန်လက်ရွေးစင်နည်းပြ ဖြစ်သူ ရွိုင်းဟော့ဆန်သည် ခြေစစ် ပွဲနှင့် ခြေစမ်းပွဲစဉ်များ အတွက် က စားသမားစာရင်းထုတ်ပြန်ခဲ့ရာတွင် ကစားသမား သစ်များ ပါဝင်လာခဲ့ သလို ဒဏ်ရာရကစားသမားများနေ ရာတွင် ပရီးမီးယား၌ ခြေစမ်းပြနေ သည့် လူငယ်ကစားသမားတချို့အား အစားထိုး ရွေးချယ်ခဲ့သည်။
လူစာရင်းထုတ်ပြန်မှုတွင် ဝါ ရင့် ကွင်းလယ်ကစားသမားဖြစ်သည့် ကာရစ်ပြန်လည် ပါဝင်လာခဲ့ပြီး စပါး တောင်ပံကစားသမားဖြစ်သူ တောင်း ဆန့်မှာလည်း လက်ရွေးစင်အသင်း တွင် တစ်ကျော့ပြန် ပါဝင်ခွင့်ရရှိခဲ့ သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မန်နေဂျာများ ပြည်ခိုင်ဖြိုး မွေးထုတ်ပြီ
လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုး ပါတီက ၂ဝ၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ရွေးကောက် ပွဲ မဲဆွယ်စည်းရုံးရေး မန်နေဂျာ သင်တန်းကို နေပြည်တော်ရှိ ပါတီ ဌာနရုံးချုပ်တွင် စတင်ဖွင့်လှစ်နေ ပြီး သင်တန်းဆင်းများက တစ်အိမ် တက်ဆင်း စာရင်းများလိုက်လံ ကောက်ယူမှုကို ပြုလုပ်နေကြောင်း သတင်းရရှိသည်။
နိုင်ငံရေးပါတီများ ရုံးခန်းဖွင့်ရန် ရွှေလင်ပန်းအိမ်ရာစီမံကိန်း အခန်းများ ရောင်းချ ငှားရမ်းပေးမည်
ရန်ကုန်- နိုင်ငံရေးပါတီများ ရုံးခန်း ဖွင့်လှစ်နိုင်ရန် လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းအိမ်ရာစီမံကိန်း တွင် ငွေကျပ်သိန်းတစ်ရာကျော် တန်ဖိုးရှိသောတိုက်ခန်းများကို ၀ယ်ယူငှားရမ်းခြင်း စတင်ပြုလုပ် နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံ ရေးပါတီများကို အသိပေးလိုက် ကြောင်းသတင်းရရှိသည်။
နိုင်ငံရေးပါတီများ ရုံးခန်းဖွင့် လှစ်နိုင်ရန် ပထမအဆင့်အနေ ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊လှိုင် သာယာမြို့နယ်၊ ရွှေလင်ပန်းအိမ် ရာစီမံကိန်းတွင် အဆောက်အအုံ တစ်လုံးလျှင်ခြောက်ခန်းတွဲလေး ထပ်၊ စတုရန်းပေ(၄၆၈)မှ (၄၈၄) ကျယ်ဝန်းသော အိမ်ခန်းစုစုပေါင်း ၂၄ခန်းကို ဆောက်လုပ်ရေးဝန် ကြီးဌာနက ရောင်းချခြင်း၊ ငှားရမ်း ခြင်းပြုလုပ်သွားရန် စီစဉ်ကြောင်း မတ်လ ၂၀ ရက်စွဲဖြင့်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ အား အသိပေးထားခြင်း ဖြစ်သည်။
မိသားစုကိုထောက်ပံ့ရန် နှစ်ပေါင်း ၄၀ ကျော်ကြာ အမျိုးသားတစ်ဦးအဖြစ် နေထိုင်ခဲ့သော မိခင်တစ်ဦးအား အီဂျစ်အစိုးရက ဆုချီးမြှင့်
အီဂျစ်အမျိုးသမီးတစ်ဦးသည် သူမ၏ခင်ပွန်း သေဆုံးသွားပြီးနောက် မိသားစုကို ထောက်ပံ့ရန်နှင့် အလုပ် ရှာဖွေရန် အမျိုးသားတစ်ဦးအဖြစ် ဝတ်ဆင်ကာ နှစ်ပေါင်း ၄၀ ကျော် ကြာ နေထိုင်ခဲ့ကြောင်း Xinhua သ တင်းအရ သိရသည်။
အကြမ်းဖက်ဖြိုခွင်းခံရ၍ ကျောင်းသားများက တာဝန်ရှိသူများကို ပြန်လည်တရားစွဲရန် စီစဉ်
လက်ပံတန်းမြို့တွင် ပင်မကျောင်း သားသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့များ က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခဲ့ခြင်းအပေါ်တာဝန်ရှိသူများကို ကျောင်းသားများက မတ်လ ၂၅ ရက် ရုံးထုတ်ချိန်တွင် ပြန်လည်တရားစွဲဆိုရန် စီစဉ်ထားကြောင်း ကျောင်းသားခေါင်းဆောင်မဖြိုးဖြိုးအောင်က ပြောကြားခဲ့သည်ဟု ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့်၎င်း၏ မိခင်ကပြောသည်။
သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့် ကျောင်း သားနှင့် ၀န်းရံသူများကို မတ်လ ၁၉ ရက် ညနေပိုင်းမှစတင်၍ ထောင်ဝင်စာတွေ့ဆုံခွင့်ရရှိခဲ့ပြီး မတ်လ ၂၀ ရက်တွင် ကျောင်း သားခေါင်းဆောင် ကိုမင်းသွေး သစ်၏ မိဘများ၊ မဖြိုးဖြိုးအောင် ၏ မိဘနှစ်ဦးအပါအ၀င် ကျောင်း သားနှင့် ၀န်းရံသူများ၏ မိဘအချို့ သွားရောက်တွေ့ဆုံခဲ့ကြသည်။
ဒီမိုကရေစီပညာရေးနှင့် ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှု
“ ပဉ္စဂုဏံအဟံဝန္ဒာမိအာစရိယဂုဏံအဟံဝန္ဒာမိ ” ကျုပ်တို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ အာစရိယဆရာဆိုတာကို အဲဒီ လိုမျိုးဘုရားနဲ့တစ်ဂိုဏ်းတည်းထားကြတာ။ ပြီးခဲ့တဲ့ ဒီမိုကရေစီပညာရေးဆိုတဲ့သပိတ်မှာ စင်ပေါ်ကနေ ပါမောက္ခကို စိန်ခေါ်ခဲ့တဲ့ကျောင်းသားကို ၀ိုင်းဝန်းလက်ခုပ်တီးချီးကျူးထောပနာပြုခဲ့ကြပြီး ကျောင်းသားကို လေသံမာမာနဲ့ပြောမိတဲ့ ဆရာမကိုတော့ လူ့အခွင့်ရေးပေတံနဲ့တိုင်းပြပြီး ရစရာမရှိအောင်ပြောနေကြတဲ့ အသိုင်းအ၀ိုင်းကိုမြင်တော့ တော်တော် ရွံတယ်။ ဗုဒ္ဓဘာသာနဲ့ တစ်ခြားဘာသာ မတူတဲ့အချက်က ဂါရဝေါစ နိဝါရောစပဲ။ ဒါ့ကြောင့်တစ်ခါတစ်လေ အနောက် တိုင်း လူ့အခွင့်ရေးပေတံနဲ့ ဗုဒ္ဓဘာသာကိုတိုင်းတာလို့မရဘူး။ ဒါဟာဘာကိုပြသလဲဆိုရင် ဘာသာတရားနဲ့ယှဉ်လာရင် လူ့အခွင့်ရေးဆိုတာမပြောပလောက်ဘူးလို့ ဆိုတာပဲ။
လွတ်ငြိမ်းချမ်းသာခွင့်တောင်းပေးခဲ့တဲ့ ဦးစိုင်းလင်းကို ဖုန်ကြားရှင်ကိစ္စ ဖြေရှင်းခိုင်းသင့်တယ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တစ်ကျော့ပြန်တိုက်ခိုက်လာ သော ဖုန်ကြားရှင်ကိစ္စနှင့်ပတ်သက်၍ နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးသူရှိနေသည်ဟု အားလုံးက ယူဆနေကြပါသည်။ မှန်ပါသည်။ ဖုန်ကြားရှင်သည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသမှ ပျောက်ကွယ်သွားပြီး ယခု ၂၀၁၅ အစောပိုင်းတွင် ဗြုန်းစားကြီး ပြန်လည်ပေါ်ပေါက်လာခြင်းမှာ သမားရိုးကျ တော့မဟုတ်ပေ။ ဖုန်ကြားရှင်အား အစစအရာရာ ပံ့ပိုးကူညီခဲ့သူကတော့ သမက်ဖြစ်သူ NDAA ဥက္ကဌ ဦးစိုင်းလင်း သာဖြစ်ပါသည်။
ဓားဒဏ်ရာ ခုနစ်ချက်ဖြင့် သေဆုံးနေသည့် အမျိုးသမီးအမှု တစ်လကျော်သည်အထိ တရားခံမမိသေး
ရှမ်းပြည်နယ် အရှေ့ ပိုင်း တာချီလိတ်မြို့တွင် ဖေဖော် ၀ါရီ ၂၃ ရက် နေ့လယ် ၃ နာရီခန့် က အသက် (၄၇) နှစ်အရွယ် အမျိုး သမီးတစ်ဦး ဓားဒဏ်ရာခုနစ်ချက်ဖြင့် သတ်ဖြတ်ခံရမှုတွင် တရားခံ ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သတင်းရရှိသည်။
သေဆုံးသူအမျိုးသမီးမှာ တာချီလိတ်မြို့နယ် ၀ိန်းကျောက် ရပ်ကွက် အာခါလမ်းတွင် ရှမ်း ခေါက်ဆွဲဆိုင်ဖွင့်လှစ်ထားသူဖြစ် ပြီး တစ်ဦးတည်းနေထိုင်သူဖြစ် သည်။ ၎င်းအသတ်ခံရမှု တစ်လ ပြည့်သည့်တိုင် တရားခံ ဖမ်းဆီး နိုင်ခြင်းမရှိသေးကြောင်း တာချီ လိတ်ရဲစခန်းမှ တာဝန်ကျရဲ အရာရှိကပြောကြားသည်။
Monday, 23 March 2015
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အချက်လေး ချက်သာ ကျန်ရှိ
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ပြုလုပ်နေသော (၇) ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးရန်အတွက် အချက်လေးချက်သာ ကျန်ရှိတော့ကြောင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များထံမှ သိရသည်။
နောင်မွန်းဆေးရုံတွင် ဆရာဝန် လစ်လပ်နေသည်မှာ ငါးနှစ်ခန့် ကြာမြင့်

မြန်မာပြည်မြောက်ဖျားပိုင်း အစွန်ဆုံးမြို့ နောင်မွန်းမြို့အ၀င်ဆိုင်းဘုတ် (ဓာတ်ပုံ − မရန်)
နောင်မွန်− မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်းမြို့ဖြစ်ပြီး ပူတာအိုခရိုင်အတွင်း တည်ရှိသည့် နောင်မွန်းမြို့တွင် ဆေးရုံရှိသော်လည်း ဆရာဝန်မရှိသည်မှာ ငါးနှစ်ကြာမြင့်ပြီဖြစ်ကြောင်း ဒေသ ခံများက ပြောသည်။
ဗကသခေါင်းဆောင် ကျော်ကိုကို အပါအဝင် ခုနစ်ဦးကို မြို့နယ်ရှစ်ခုက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပေးရေး အတွက် လွန်ခဲ့သော လေးလ ကျော်က ရန်ကုန်မြို့တော်အတွင်း စီတန်းလှည့်လည် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူများ ဖြစ်သည့် ဗကသ ခေါင်းဆောင် ကျော်ကိုကို အပါအဝင် ခုနစ်ဦးကို မတ်လ ၂၁ ရက် ညပိုင်းက မြို့နယ်ရှစ်ခုရှိ ရဲစခန်းများတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွင်းမှု နိုင်ငံတကာလုပ်ထုံးလုပ်နည်းထက် ကျော်လွန်လုပ်ဆောင်ခြင်း တစ်ခုမျှမရှိဟု နိုင်ငံတော်သမ္မတဆို

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှုတွင် နိုင်ငံတကာလုပ်ထုံးလုပ်နည်း ထက် ကျော်လွန်၍ လုပ်ဆောင်ခြင်း တစ်ခုမျှမရှိဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှု တွင် ပြောကြားသည်။
စင်ကာပူနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်နှင့် အာရှ၏ ၀ါရင့်ခေါင်းဆောင်ကြီး မစ္စတာလီကွမ်ယူ ကွယ်လွန်

မစ္စတာလီကွမ်ယူကို ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အရှေ့ ဖျားဒေသ ဗြိတိန်နိုင်ငံ၏ အဓိကရေတပ် စခန်းတည်ရှိရာ ဗြိတိသျှကိုလိုနီ နယ်မြေတစ်ခု ဖြစ်သည့် စင်ကာပူကျွန်းတွင် မွေးဖွားခဲ့ သည်။
မူကြိုကျောင်းတက်နှုန်း၂၅ရာခိုင်နှုန်းအထိရောက်ရှိစေရန် ယခုနှစ်မှ စတင်ဆောင်ရွက်မည်

မူကြိုကျောင်းတက် နှုန်း ၂၅ရာခိုင်နှုန်းအထိ ရောက် ရှိ စေရန်အတွက် ယခုနှစ်တွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်မည့် မြို့နယ်များ ထပ်တိုး
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ဝင် ရောက်ယှဉ်ပြိုင်မည့် ပထမအဆင့် မြို့နယ် ၁၄၂မြို့နယ် ၊ ဒုတိယအဆင့် မြို့နယ် ၈၂မြို့နယ်အဖြစ် ထပ်တိုး လိုက်ကြောင်း သိရသည်။
၅၉ (စ) ကို ၁၉၄၇ အခြေခံဥပဒေတွင် ထည့်သွင်းထားသည်ဟု နိုင်ငံတော် သမ္မတ ပြောဆိုချက် မှားယွင်းဟု ဥပဒေပညာရှင်အချို့ ပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ယှဉ်ပြိုင် ခွင့်ကို အဟန့်အတား ဖြစ်နေ သည့် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) သည် ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ထည့်သွင်းထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြား ချက်သည် မှားယွင်းနေကြောင်း တရားလွှတ်တော်ရှေ့နေများနှင့် ဥပဒေပညာရှင်များက ပြောကြားသည်။
နေပြည်တော်-မကွေး ကားလမ်းဘေးတွင် အသတ်ခံရသည့် အမျိုးသမီးအမှုမှ သေနတ်ကျည်ခွံမှာ ၉မမပြောင်းချော သေနတ်များတွင် အသုံးပြုသည့် ကျည်ဆန် ဖြစ်ဟု စစ်ဆေးတွေ့ ရှိ
မကွေး(ကံပြား)ကားလမ်းအနီးတွင် မီးရှို့အသတ်ခံခဲ့ရသည့် အမျိုးသမီး၏ အနီးတွင် တွေ့ရှိခဲ့သော သေနတ် ကျည်ဆန် အမျိုးအစားမှာ (၉မမ)ပြောင်းချော သေနတ်များတွင် အသုံးပြုသည့်ကျည် ဆန်ဖြစ်သည်ဟု ယင်းအမှုကို ကိုင် တွယ်သူ တက်ရှိန်းနယ်မြေရဲစခန်း မှ ရဲအုပ်တင့်လွင်က ပြောသည်။
လီကွမ်ယု ကွယ်လွန်မှုအတွက် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့

Photo - Lee Hsien Loong Facebook
ခေတ်သစ် စင်ကာပူ နိုင်ငံ၏ ဖခင်ကြီးအဖြစ် တင်စားခံရသူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကွယ်လွန်သွားမှု အတွက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက ဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့ခဲ့ကြသည်။
Subscribe to:
Posts (Atom)

