Wednesday 25 March 2015

ခြေစစ်ပွဲနှင့် ခြေစမ်းပွဲများအတွက် အင်္ဂလန်အသင်း လူစာရင်းထုတ်ပြန်


အင်္ဂလန်လက်ရွေးစင်နည်းပြ ဖြစ်သူ ရွိုင်းဟော့ဆန်သည် ခြေစစ် ပွဲနှင့် ခြေစမ်းပွဲစဉ်များ အတွက် က စားသမားစာရင်းထုတ်ပြန်ခဲ့ရာတွင် ကစားသမား သစ်များ ပါဝင်လာခဲ့ သလို ဒဏ်ရာရကစားသမားများနေ ရာတွင် ပရီးမီးယား၌ ခြေစမ်းပြနေ သည့် လူငယ်ကစားသမားတချို့အား အစားထိုး ရွေးချယ်ခဲ့သည်။
လူစာရင်းထုတ်ပြန်မှုတွင် ဝါ ရင့် ကွင်းလယ်ကစားသမားဖြစ်သည့် ကာရစ်ပြန်လည် ပါဝင်လာခဲ့ပြီး စပါး တောင်ပံကစားသမားဖြစ်သူ တောင်း ဆန့်မှာလည်း လက်ရွေးစင်အသင်း တွင် တစ်ကျော့ပြန် ပါဝင်ခွင့်ရရှိခဲ့ သည်။

နည်းပြရွိုင်းဟော့ဆန်အနေ ဖြင့် ဒဏ်ရာပြဿနာရှိနေခဲ့သည့် လီဗာပူး ကွင်းလယ်လူ လယ်လာနာ ၏နေရာတွင် စပါးကွင်းလယ်လူမာ ဆန်အား ပထမဦးဆုံး အကြိမ်အဖြစ် ရွေးချယ်ခဲ့ပြီး ပရီးမီးယားလိဂ်အ ကောင်းဆုံး လူငယ်ကစားသမားဆု အတွက် ရေပန်းစားနေသည့် စပါး လူငယ်တိုက်စစ်မှူး ဟာရီကိန်းကို လည်း လူစာရင်းအတွင်း ထည့်သွင်း ရွေးချယ်ခဲ့သည်။
လူစာရင်းတွင် ပါဝင်ခဲ့သည့် အက်စတွန်ဗီလာကွင်းလယ်လူ ဖေ ဘီယန်ဒီလက်ပ်မှာ အစာအိမ်ဒဏ် ရာရှိနေခဲ့သော်လည်း နည်းပြရွိုင်း ဟော့ဆန်အနေဖြင့် ရွေးချယ်မှုများ ပြုလုပ်ခဲ့သော်လည်း လီဗာပူးတိုက် စစ်မှူး စတာရစ်ခ်ျကိုမူ ကြံ့ခိုင်မှုမပြည့် ဝခြင်းကြောင့်ဟူသော အကြောင်း ပြချက်ဖြင့် ချန်လှပ်ခဲ့သည်။
အင်္ဂလန်လက်ရွေးစင်အသင်း သည် ၂ဝ၁၆ဥရောပဖလားခြေစစ်ပွဲ စဉ်အဖြစ် မတ် ၂၇ရက်တွင် လစ်သူ ယေးနီးယားအသင်းနှင့် ယှဉ်ပြိုင်က စားရမည်ဖြစ်ပြီး ဧပြီ ၁ရက်တွင်မူ အီတလီ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
ခြေစမ်းပွဲနှင့် ဥရောပခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည့်
အင်္ဂလန်အသင်း လူစာရင်း
--------------------------------------------------------
ဂိုး - ဂျဟက်(မန်စီးတီး)၊ ရော်ဘတ်ဂရင်း(ကျူပီအာ)၊ ဂျက်ဘတ်လန်
(ဘရစ္စတိုးယူနိုက်တက်)။
နောက်တန်း - ဒန်နီရို့စ်၊ ဝေါလ်ကာ(စပါး)၊ စမောလင်း၊ ဖီးလ်ဂျုံးစ်(မန်ယူ)၊
ကလိုင်း(ဆောက်သမ်တန်)၊ လေတန်ဘိန်းစ်၊ ဂျာဂျီရယ်ကာ(အဲဗာတန်)၊
ကီရန်ဂစ်ဘ်(အာဆင်နယ်)၊ ကာဟေးလ်(ချဲလ်ဆီး)။
အလယ်တန်း - ကာရစ်(မန်ယူ)၊ ဝဲလ်ကော့(အာဆင်နယ်)၊ ဘာကလေ(အဲဗာတန်)၊ စတာလင်း၊ ဟန်ဒါဆန်(လီဗာပူး)၊ ဂျိမ်းစ်မီလ်နာ(မန်စီးတီး)၊ မာဆန်၊ တောင်းဆန့်(စပါး)၊ ဒီလပ်(ဗီလာ)။
ရှေ့တန်း - ဝဲလ်ဘတ်(အာဆင်နယ်)၊ ရွန်းနီ(မန်ယူ)၊ ဟာရီကိန်း(စပါး)။
WKM
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment