Wednesday 25 March 2015

နိုင်ငံရေးပါတီများ ရုံးခန်းဖွင့်ရန် ရွှေလင်ပန်းအိမ်ရာစီမံကိန်း အခန်းများ ရောင်းချ ငှားရမ်းပေးမည်


ရန်ကုန်- နိုင်ငံရေးပါတီများ ရုံးခန်း ဖွင့်လှစ်နိုင်ရန် လှိုင်သာယာမြို့ နယ်၊ ရွှေလင်ပန်းအိမ်ရာစီမံကိန်း တွင် ငွေကျပ်သိန်းတစ်ရာကျော် တန်ဖိုးရှိသောတိုက်ခန်းများကို ၀ယ်ယူငှားရမ်းခြင်း စတင်ပြုလုပ် နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံ ရေးပါတီများကို အသိပေးလိုက် ကြောင်းသတင်းရရှိသည်။
နိုင်ငံရေးပါတီများ ရုံးခန်းဖွင့် လှစ်နိုင်ရန် ပထမအဆင့်အနေ ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊လှိုင် သာယာမြို့နယ်၊ ရွှေလင်ပန်းအိမ် ရာစီမံကိန်းတွင် အဆောက်အအုံ တစ်လုံးလျှင်ခြောက်ခန်းတွဲလေး ထပ်၊ စတုရန်းပေ(၄၆၈)မှ (၄၈၄) ကျယ်ဝန်းသော အိမ်ခန်းစုစုပေါင်း ၂၄ခန်းကို ဆောက်လုပ်ရေးဝန် ကြီးဌာနက ရောင်းချခြင်း၊ ငှားရမ်း ခြင်းပြုလုပ်သွားရန် စီစဉ်ကြောင်း မတ်လ ၂၀ ရက်စွဲဖြင့်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ အား အသိပေးထားခြင်း ဖြစ်သည်။

တိုက်ခန်းများကို ဆောက် လုပ်ရေးဝန်ကြီးဌာနက နိုင်ငံရေး ပါတီများ ရုံးခန်းဖွင့်လှစ်ခြင်းအ တွက် ငှားရမ်းခြင်း(သို့မဟုတ်) ရောင်းချခြင်းများ ပြုလုပ်သွား မည်ဖြစ်ကာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီများ၏ တင်ပြလာမှုများကို စိစစ်ခြင်းများပြုလုပ်မည်ဟု ရန်ကုန်တိုင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးကိုကိုကပြော သည်။ ‘‘တချို့အခန်းတွေကို ရောင်း သွားမယ်။ တချို့ကိုတော့ငှား မယ်။ အခုလောလောဆယ်က တော့ အခန်းက ၂၄ခန်းပဲဆိုတော့ ပါတီတွေအနေနဲ့ မဲနှိုက်ရမှာပါ။ နောက်တော့ ဒီလိုထပ်ချပေးဖို့ရှိ လာနိုင်တယ်’’ဟု ဦးကိုကိုကဆို သည်။ နိုင်ငံရေးပါတီများသည် ယင်းအဆောက်အအုံမှ အခန်း များဝယ်ယူမည်ဆိုပါက ဈေးနှုန်း အဖြစ်ကျပ်သိန်း ၁၁၀မှ ၁၂၅သိန်း အထိ အထပ်ပေါ်မူတည်၍ သတ် မှတ်ထားပြီး ငှားရမ်းမည်ဆိုပါက တစ်လလျှင် တစ်ခန်းအတွက်ငွေကျပ် လေးသောင်းနှုန်းဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှသိရသည်။
ယင်းသို့ နိုင်ငံရေးပါတီရုံးများ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခြင်းမှာ ပါတီရုံး ခန်းဖွင့်လှစ်ရန် ငွေကြေးတောင့်တင်းခြင်းမရှိသော ပါတီငယ်များရပ်တည်နိုင်ရေး အဆင်ပြေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်း ဦးကိုကိုကပြောသည်။ ငွေကြေးတောင့်တင်းသော နိုင်ငံများတွင် ပါတီများရပ်တည် နိုင်ရေးအတွက် အစိုးရကထောက် ပံ့ပေးလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ တွင် နိုင်ငံရေးပါတီများရုံးခန်းဖွင့်လှစ်နိုင်ရန် အခက်အခဲများရှိနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ ဆုံမှုများတွင်တင်ပြလေ့ရှိသည်ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌဦးသုဝေကပြောထားသည်။ နိုင်ငံရေးပါတီများအား မြေ၊ အဆောက်အအုံနှင့် ကားတို့ကို ထောက်ပံ့မှုများ ပြုလုပ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်သမ္မတရုံးကို ပြီးခဲ့သည့်နှစ်အတွင်းက တင်ပြထားဖူးသည်။
7Day

No comments:

Post a Comment